ဒေသတွင်းသတင်း

ညောင်ရွှေမှာ ရွာခံတွေကို အလှည့်ကျ ကင်းစောင့် တာဝန်ချပြီး ပျက်ကွက်သူတွေကို ဒဏ်ငွေ တစ်သောင်း ချမှတ်

မဲခေါင် 8 Apr - 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးရေးရွာမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားအားလုံးကို အလှည့်ကျကင်းစောင့် တာဝန်ချထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၈

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးရေးရွာမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားအားလုံးကို အလှည့်ကျကင်းစောင့် တာဝန်ချထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး လက်အောက်ခံ ရာအိမ်မှူး ကိုမိုးကျော်နဲ့ ကိုစိုးနိုင်တို့က ဧပြီလ ပထမအပတ်ခန့်မှာ တာဝန်ချမှတ်ထားတာ ဖြစ်ပြီး ပျက်ကွက်သူတွေဟာ ဒဏ်ငွေ တစ်သောင်းကျပ် ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ရွာခံ အမျိုးသား တစ်ဦးက “ဘယ်သူမှ မစောင့်ချင်ပေမယ့် စောင့်ရတာပေါ့လေ။ မနက်အလုပ်သွားစရာ ရှိတဲ့လူတွေ၊ ညဘက် အလုပ်ပင်ပန်းတဲ့ သူတွေကျတော့ တစ်သောင်းပဲ ပေးလိုက်တာပေါ့။ အဲပိုက်ဆံကလည်း နောက်ဆုံး သူတို့ အိတ်ထဲပဲ ရောက်တာ” လို့ ပြောပါတယ်။

အခုကောက်ခံတဲ့ တစ်သောင်းကျပ်ဟာ စစ်ကောင်စီတပ်က ကောက်ခံခိုင်းတာ မဟုတ်ဘဲ ပျူစောထီး အဖွဲ့ဝင် ရာအိမ်မှူးတွေက ကိုယ့်သဘောနဲ့ကိုယ် ကောက်ခံကြတာလို့ ရွာခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လက စိုက်ပျိုးရေးရွာမှာ လောင်းကစားနဲ့ လူမှုရေးကိစ္စ အရှုပ်အရှင်းကြောင့် အမျိုးသား တစ်ဦး အသတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးတွေက လုံခြုံရေးအတွက် အကြောင်းပြပြီး အခုလို အမြတ်ထုတ်နေကြတာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူ တစ်ဦးက “စိုက်ပျိုးရွာဆိုတာ လက်လုပ်လက်စားတွေပါ။ တစ်လကို ၅ သောင်းလောက် ပေးနေရတာက မဟုတ်သေးပါဘူး။ အလုပ်မအားတော့ ကိုယ်တိုင်လည်း မစောင့်နိုင်ဘူး။ မပေးရင်လည်း ရဲနဲ့ ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

စိုက်ရေးရွာမှာ နောက်ပိုင်း ရာအိမ်မှူးအဖြစ် လျာထားခြင်းခံရတဲ့ ပျူစောထီးခေါင်းဆောင် ဦးဘိုကြီးဆိုသူကလည်း ကင်းစောင့်ဖို့ အတွက် တစ်အိမ်တက်ဆင်း လူစုနေပြီး မလိုက်နိုင်တဲ့အိမ်၊ ငွေကြေးမပေးနိုင်တဲ့ အိမ်တွေကို သေနတ်ပြ မူးရူးသောင်းကျန်းနေတာကြောင့် နေ့စဉ်နဲ့အမျှ ကြောက်လန့်နေရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

စိုက်ပျိုးရေးရွာအတွင်း လူသတ်မှု တရားခံကို အုပ်ချုပ်ရေးမှူးတွေက လာဘ်ယူပြီး ဖုံးကွယ်ပေးထားတဲ့အပြင် ရဲကိုတိုင်ကြားခဲ့ပေမယ့်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာမျိုး မရှိခဲ့ဘူးလို့ ရွာခံတွေက ပြောပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now