ဒေသတွင်းသတင်း

ဆီဆိုင်မြို့တွင် ကျောင်းများ၊ ဘဏ်များ၊ ဈေးများပိတ်ပြီး စစ်ကောင်စီဝန်ထမ်းတွေ နီးစပ်ရာမြို့များသို့ ထွက်ပြေးသွားကြ

မဲခေါင် 24 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် ကျောင်းများ ၊ ဘဏ်များ ပိတ်ပြီးနောက် ဝန်ထမ်းမိသားစုများနီးစပ်ရာ မြို့များသို့ ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် ကျောင်းများ ၊ ဘဏ်များ ပိတ်ပြီးနောက် ဝန်ထမ်းမိသားစုများနီးစပ်ရာ မြို့များသို့ ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဘဏ်က မနေ့ထဲက ပိတ်တာ၊ ပင်စင်သွားထုတ်တော့ သော့ခတ်ပိတ်ထားတာ၊ မေးကြည့်တော့ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာ မသိဘူးတဲ့၊ ကျောင်းကတော့ ဒီမနက်မှ ကျောင်းသားတွေပြန်လွှတ်တာ၊ ဘုရားဖြူကျောင်းတော့ သေချာမသိဘူး၊ လျှပ်စစ်၊ မြေစာရင်းဝန်ထမ်းအချို့နဲ့ မိသားစုတွေလည်း ညကရော ဒီမနက်ရော တောင်ကြီး၊ ဟိုပုံးဖက်ကိုရွှေ့နေကြပြီ၊ စကစ စခန်းတွေလဲ ဘယ်သူမှ မရှိတော့ဘူး၊ စကစတံဆိပ်၊ ပြည်သူ့စစ်တံဆိပ်၊ PNO၊ PNLA ၊ ရဲ ဘာတံဆိပ်မှ မတွေ့ရတော့ဘူး၊ လူထုက ခုမှ လွတ်လပ်ရေးရနေကြတာ၊ တော်လှန်ရေးတပ်တွေ နှစ်မိုင်အတွင်းရောက်နေပြီလို့လည်းကြားတယ်၊ စစ်ဘေးရှောင်တွေကတော့ ဟိုခဲ ဘောလုံးကွင်း ထဲမှာလို့ ယင်းဒေသခံက ပြောပါတယ်။

ဆီဆိုင်နဲ့နောင်ထောဝ်က ၁၄ မိုင်ပဲဝေးတာ၊ ဆိုင်ကယ်နဲ့ဆို နာရီဝက်ပဲလေ၊ ဟိုနေ့က ဗုံးကျတာ ကယန်းရပ်ကွက်ဖက် လွိုင်ကော်စစ်ရှောင် အမျိုးသားတစ်ဦး သေတယ်၊ အမွှာကလေး နှစ်ယောက်နဲ့ မိန်းမပဲကျန်ခဲ့တယ်၊ လွိုင်ကော်စစ်ရှောင်တွေလဲ ဒီမှာရောက်လာကြတယ်၊ အင်အားတော့ ငါးရာလောက်ရှိမယ်ထင်တယ်၊ မနေ့က ဟိုပုံးနဲ့ နမ့်ခုတ်ကြား ဒီဖက်လာတဲ့ စကစ အမြောက်တပ်ကို ဒရုန်းနဲ့ချတယ်လို့ကြားတယ်လို့ သူကဆိုပါတယ်။

တော်လှန်ရေးတပ်များ ဆီဆိုင်ကနေ နှစ်မိုင်အကွာ ပုံလောင်းရွာကို ရောက်ရှိနေသဖြင့် မင်းလမ်းတစ်လျှောက်အိမ်များ တံခါးများပိတ်ထားပြီး ဈေးတစ်ခုလုံးလည်း ပိတ်သိမ်းသွားပြီဖြစ်တယ် လို့ သူကြားသိထားသမျှ သတင်းကို ပြောပြပါတယ်။

လေယာဉ်နဲ့ဗုံးကြဲတာ၊ တိုက်ပွဲအတွင်း ကြားညပ်မှာ စိုးတာကြောင့် ဗန်းမက်၊ ဘုရားကုန်း၊ မဲဟဲ၊ ညောင်ဖြူ ရွာဒေသခံများဟာ အနီးအနားမြို့များ၊ တောတောင်များထဲသို့ ကြိုတင်စစ်ဘေးရှောင်နေကြတယ်လို့ လဲ သိရပါတယ်။

ဆီဆိုင်မြို့နယ် နောင်ထောဝ်ရှိ စခန်းများတွင် PNLA က ဝင်ရောက်ယူထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဲခေါင်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

MK – 012

#MekongNews

#ဆီဆိုင်

#စစ်ကောင်စီ

#ဝန်ထမ်း

#ထွက်ပြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now