မဲခေါင် ၊ ဒီဇင်ဘာ ၂၁
“ဝ’’ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အခမ်းအနားကို UWSP ဗဟိုဌာနချုပ် ပန်ခမ်းမြို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို UWSP မှ ပါတီခေါင်းဆောင် ပေါက်ယူချန်းအပါအဝင် ပါတီခေါင်းဆောင်များ ၊ တပ်ဖွဲ့ဝင်များ နဲ့ ပြည်သူများ ထောင်နဲ့ချီတက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနားကို မဟာမိတ်အဖွဲ့များ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က သဝဏ်လွှာပေးပို့ကြပါတယ်။
၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဝ ခေါင်းဆောင် ကျော်ညီလိုင် နဲ့ ပေါက်ယိုချန်း တို့ဦးဆောင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
CJ-002
#MeKongNews
#UWSP
#ဝပြည်
#ကျင်းပ
#တည်ထောင်













