မဲခေါင်၊ နို၀င်ဘာ ၁၀
ကရင်နီပြည်နယ် အတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတစ်ခုမှာ နိုဝင်ဘာလ ၉ ရက်နေ့က ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ရဲတပ်ဖွဲ့-KSP ရဲမှူးဘိုဘို က ပြောပါတယ်။
ဒေသတွင်း ပြည်သူတွေရဲ့ လုံခြုံရေးအတွက် နယ်မြေလုံခြုံရေး စစ်ဆေးတာ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ရှိမရှိ စုံစမ်း ရှာဖွေတာတွေကို ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်ရင်း (၅)-KNDF B05 နဲ့ KSP ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
“ဒီလို စစ်ဆေးတာက အကြောင်းပြချက် တစ်ခုခုကြောင့် စစ်ဆေးတာ မဟုတ်ဘူး။ ပုံမှန်ပဲပေါ့နော်။ ပြည်နယ်မှာ အစကတည်းက မူးယစ်ဆေးဝါး ကိစ္စတွေရှိတယ်။ ပြီးတော့ အခု လုံခြုံရေး အခြေအနေတွေ ရှိတဲ့အတွက် ကျွန်တော်တို့ KSP ရဲစခန်းတွေက နီးစပ်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးတာက လုပ်နေကြပါပဲ ခင်ဗျ” လို့ သူက ရဲမှူးဘိုဘို ကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ ကိုအောင်သန်းလင်း ဆိုသူကို WY ဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့ပြီး လက်ရှိအချိန်မှာ တရားစွဲဆိုဖို့ လုပ်နေတယ်လို့ သိရပါတယ်။
CJ-004
#MeKongNews
#ကရင်နီပြည်_ရဲတပ်ဖွဲ့
#KNDF
#မူးယစ်ဆေး၀ါး








