မဲခေါင်၊ မေ ၆
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင် ရတနာပုံလမ်းထိပ်မှာ ဒီကနေ့ မေလ ၆ ရက် နေ့လယ်ပိုင်းက သစ်ပင်လဲကျပြီး အငှားယာဉ်ပေါ်ပိမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ သစ်ပင်က နှစ်ပေါင်း မနည်းတော့ ဆွေးပြီး လမ်းမဘက်ကို လဲကျတာ။ အငှားကားကတော့ ကံဆိုးတယ်လို့ ပြောရမလားပေါ့ဗျာ။ ကံကောင်းတာ ကတော့ ကားသမား ဒဏ်ရာ မရသွားတာတော့ ကံကောင်းတယ်။ ကူညီရေးအသင်းနဲ့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က လူတွေ လာပြီး ရှင်းလင်း ကူညီပေးသွားပါတယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ရတနာပုံလမ်းနဲ့ အထက်ကြည့်မြင်တိုင် လမ်းထောင့်မှာ နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ သစ်ပင်လဲကျမှုကို လူမှုကူညီရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း ကူညီခဲ့တယ်လို့ သိရပါတယ်။
MK-005
#MeKongNews
#အထက်ကြည့်မြင်တိုင်
#အငှားကား
#မီးသတ်တပ်ဖွဲ့