ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင် 20 May - 2023
မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

မဲခေါင်၊ မေ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

သီခေါင်တောင် Viewpoint ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းမှာ အပြီးသတ်ဆောက်လုပ်ခဲ့ပြီး မေလဆန်းပိုင်းလောက်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီ Viewpoint ဆောက်လုပ်မှုအပေါ် ခရီးသွားပြည်သူတွေက ကန့်ကွက်တာမရှိပေမယ့် ဒေသခံတွေကတော့ မလိုအပ်ဘဲ သဘာဝအလှကိုဖျက်ဆီးတာသာဖြစ်တယ်လို့ ဆိုကြပါတယ်။

“သီခေါင်တောင် Viewpoint က မူရင်းရှုခင်းနဲ့ မူရင်းရသတွေကိုမပျက်စေဘဲ ဒီဇိုင်းရေးဆွဲနိုင်ခဲ့သင့်ပါတယ်။ အခုကတော့ ကလောရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ သဘာဝအခြေပြုခရီးသွားကဏ္ဍကို အသေအချာနားမလည်တဲ့သူတွေကဦးစီးပြီးလုပ်နေကြတာမို့ ဒီလိုအမြီးအမောက်မတည့်တာတွေ ဖြစ်လာတာပါပဲ” လို့ Ride Behind Kalaw တည်ထောင်သူ ကိုအောင်ရဲပြည့်က မဲခေါင်ကိုပြောပါတယ်။

သီခေါင်တောင် Viewpoint ဟာ အောင်ပန်းမြို့နယ်ထဲမှာပါဝင်ပြီး ဟဲဟိုး-ကလောလမ်းမကြီးပေါ်မှာရှိပြီး Viewpoint စင် မဆောက်လုပ်ခင်က ညောင်ရွှေမြို့ အင်းလေးကန်၊ ဟဲဟိုးမြို့၊ အင်းခေါင်းဆည်၊ မနက်အစောပိုင်းတွင် တိမ်ပင်လယ်တို့ကို အကာအရံမရှိ ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်တဲ့ တောင်စွန်းဖြစ်တာကြောင့် ခရီးသွားတွေတထောက်နားရာ နေရာလည်းဖြစ်ပါတယ်။

တောင်စွန်းကို မှီပြီး Viewpoint စင်ကို ဆောက်လုပ်ထားတာကြောင့် သဘာဝပတ်ဝန်းကျင်အလှကို ဖျက်ဆီးသလိုဖြစ်ပြီး ခရီးသွားတွေအတွက် မလိုလားအပ်တဲ့ အန္တရာယ်နဲ့ မတော်တဆမှုတွေဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အဲ့ဒီ Viewpointကို တောင်ကြီး-ကလောလမ်းပိုင်းဆောက်လုပ်ရေးကို တာဝန်ယူထားတဲ့ Highland Construction က ဆောက်လုပ်ထားတာလို့ ဒေသခံတွေကဆိုပါတယ်။

ကလောမြို့အဝင်မှာ ကွန်ကရစ်ရုပ်ထုတွေ ဆောက်လုပ်ထားတဲ့ အပေါ်မှာလည်း သဘာဝအခြေပြု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူနဲ့ ဒေသခံတွေက ဘာအနုပညာရသမှမရှိတဲ့ လက်ရာတွေနဲ့ ရုပ်ဆိုးသွားစေတဲ့ လက်ရာသက်သက်သာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားကြပါတယ်။

CJ-001

#MeKongNews

#သီခေါင်တောင်

#viewpoint

#ကလော

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး
ဒေသတွင်းသတင်း

တာချီလိတ်မြို့ မကာအိုခမ်း ရပ်ကွက်က နိုက်ကလပ် ဆူညံလွန်းလို့ ရပ်ကွက်ရုံး တိုင်ကြားပေမဲ့ အရေးမယူ

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်မှာရှိတဲ့ WW night club က တီးလုံးသံတွေ ဆူညံလွန်းလို့ ရပ်ကွက်နေ ပြည်သူတွေက ရပ်ကွက်ရုံး သွားတိုင်ပေမဲ့ အရေးမယူဘူးလို့ ဒေသခံ တစ်ဦးက