ဒေသတွင်းသတင်း

သိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှ ပုဂ္ဂလိကဘဏ်တာဝန်ရှိသူများ ဆက်သွယ်ရန် NUG အသိပေး

မဲခေါင် 21 Nov - 2023
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ဖို့ စစ်ဆေးသွားမည်ဖြစ်ကာ ဘဏ်တာဝန်ရှိသူများ အနေနဲ့ ဆက်သွယ်ပူပေါင်း ဆက်သွယ်ကြဖို့ ကောလင်းခရိုင်၊ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အသိပေးကြေညာထားပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ဖို့ စစ်ဆေးသွားမည်ဖြစ်ကာ ဘဏ်တာဝန်ရှိသူများ အနေနဲ့ ဆက်သွယ်ပူးပေါင်း ဆက်သွယ်ကြဖို့ ကောလင်းခရိုင်၊ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အသိပေးကြေညာထားပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ‌စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ ခရိုင် ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ခဲ့တာပါ။

ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ကောလင်းခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေး စောင့်ရှောက်မှုပေးနိုင်ရန်နဲ့ အများပြည်သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟို ဘဏ်၏ ကြေညာချက်အမှတ်(၁/၂၀၂၃) နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်စစ်ဆေးသွားမယ်လို့ အသိပေးချက်မှာပါရှိပါတယ်။

ပုဂ္ဂလိကဘဏ် တာဝန်ရှိသူများအနေနဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အမြန်ဆုံးလာရောက် ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ် ညွှန်ကြားချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

MK-006

#MeKongNews

#ကောလင်း

#ဘဏ်

#NUG

#ဆက်သွယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သစ္စာရေသောက်

မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးမဟာမိတ်အင်အားစု ၇ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့အပါအဝင် အချက် ၄ ချက်ကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့နယ် ပြင်းထန်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်း သေပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ PDF ဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး ထက်မနည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

တိုက်ပွဲ ဖြစ်ပြီးနောက် မူဆယ်-လားရှိုး လမ်းမပေါ်က စဥ့်အင်တံတား ကျိုးကျ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်-လားရှိုး လမ်းမပေါ်က စဥ့်အင်တံတား မနေ့က ညနေပိုင်းမှာ ကျိုးကျ ပျက်စီးသွားပြီလို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တောင်ကြီးမြို့မှာ ညအချိန် အုပ်စုဖွဲ့ ခြိမ်းခြောက် လုယက် ငွေတောင်းသူတွေ သောင်းကျန်းနေ

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ တန်ဆောင်တိုင် ကာလအပြီး အုပ်စုဖွဲ့ ခြိမ်းခြောက် လုယက် ငွေတောင်းသူတွေ သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

ကော့နွဲ့စစ်တပ်စခန်းကို KNLA သိမ်းပိုက်၊ လှိုင်၀ဂိတ်မှာ လက်နက်ကြီးထိလို့ ယာဥ်မောင်း တစ်ဦး သေဆုံးပြီး ကုန်ကား ၂ စီး မီးလောင်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲ့ စစ်တပ်စခန်းကို ဒီကနေ့ KNLA က သိမ်းပိုက်လိုက်ပြီလို့ KNLA GHQ က ထုတ်ပြန်ထားပြီး လှိုင်ဝစစ်ဆေးရေးဂိတ် အနီးမှာ လက်နက်ကြီး ထိမှန်လို့ ယာဥ်မောင်း တစ်ဦး သေဆုံးကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

စက်သုံးဆီဈေး တစ်ရက်တည်း တစ်လီတာ ကျပ် ၃၀၀ ကျော်အထိဈေးတက်

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများတစ်လီတာကို ၃၀၀ ကျော် မြင့်တက်လာပြီး ဆီဆိုင်အချို့ ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်း သတင်းအရသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

သီပေါမြို့နယ် စဥ့်အင်ရဲစခန်းကို TNLA ဒီကနေ့ တိုက်ခိုက် သိမ်းပိုက်၊ ရဲ ၂ ဦး အရှင်ဖမ်းမိပြီး သေနတ် ၁၁ လက်ရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်က ရဲစခန်း တစ်ခုကို TNLA ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ ရဲ ၂ ဦး အရှင်ဖမ်းမိပြီး သေနတ် ၁၁ လက်ရခဲ့တယ်လို့ တအောင်း တပ်မတော်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကောလင်း ပုဂ္ဂလိကဘဏ်များမှ ငွေသား သန်းပေါင်း ၄ သောင်းကျော် သိမ်းဆည်းထားတယ်လို့ NUG ကြေညာ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကို၊ ကြားကာလဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်အရ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ စနစ်တကျ လက်ခံသိမ်းဆည်းထားတယ်လို့ NUGကထုတ်ပြန်ကြေညာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now