ဒေသတွင်းသတင်း

သိန္နီတံတားကို တန် ၈၀ ထိ ခံနိုင်ဝန် ရှိတဲ့ သံဘောင်တံတား ပြန်လည်ပြင်ဆင်

မဲခေါင် 13 Feb - 2024
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အနီး၊ လားရှိုး - သိန္နီ ပြည်ထောင်စု လမ်းမပေါ်ရှိ နမ္မတူ ချောင်းကူး သိန္နီတံတားကို တန် ၈၀ ထိ ခံနိုင်ဝန် ရှိတဲ့ သံဘောင်တံတား ပြန်လည် ပြုပြင်ပြီးပြီ ဖြစ်ကြောင်း ကိုးကန့်သတင်းနဲ့ ကုန်သည်၊ ကားသမား တွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အနီး၊ လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမပေါ်ရှိ နမ္မတူ ချောင်းကူး သိန္နီတံတားကို တန် ၈၀ ထိ ခံနိုင်ဝန် ရှိတဲ့ သံဘောင်တံတား ပြန်လည် ပြုပြင်ပြီးပြီ ဖြစ်ကြောင်း ကိုးကန့်သတင်းနဲ့ ကုန်သည်၊ ကားသမား တွေဆီက သိရပါတယ်။

“ သံဘောင် တံတား ဟုတ်တယ်။ တန် ၈၀ ထိ ဖြတ်လို့ ရတယ် ပြောတယ်။ ပြီးတာတော့ ၈ ရက်နေ့ ကတည်းက ပြီးသွားပြီ။ MNDAA ကတာ” လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။

ကားတွေ ဖြတ်သန်းသွားလာရတာ ခက်ခဲတဲ့ အပြင် ကြံစိုက်တောင်သူတွေ ကြံ သယ်ပို့ဖို့ လိုအပ်လာတာကြောင့် အမြန်ဆုံး ပြုပြင်ခဲ့တာ ဖြစ်ပြီး တံတားဟောင်းရဲ့ မူလအုတ်မြစ်ကို အခြေခံပြီး ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ဖျက်ထုတ်လိုက်ကာ တန်ချိန် ၈၀ ခံနိုင်တဲ့ သံမဏိတံတားသစ် ပြန်လည် ဆောက်ခဲ့‌ေကြာင်း ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ တံတားကို ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တရားဝင်ပြီးစီးခဲ့ကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တရားဝင်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ သိန္နီ မြို့နယ်နဲ့ လားရှိုးမြို့နယ် နယ်စပ်မှာ မဖြတ်ခိုင်းဘူး။ လားရှိုးထိ သွားလို့ မရဘူး။ သိန္နီကနေ ဆင်းလာရင် မိုင်းလီရွာထိပဲ သွားလို့ရတယ်။ မိုင်းလီရွာကနေ ဟိုပိတ်ကို ကွင်းပြီးမှ လားရှိုးသွားလို့ရတယ်။ ကားကြီးတော့ ကွင်းလမ်းကနေ မရဘူး။” လို့ ကားသမား တစ်ဦးက ပြောပါတယ်။

သံဘောင် တံတား အောက်မှာလည်း ကားလေးတွေနဲ့ လူ ကူး ယာယီ တံတားကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သိန္နီ တံတားဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA နဲ့ ပူးပေါင်း အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့လို့ ကျိုးကျခဲ့တာ ဖြစ်ပြီး အခု MNDAA အဖွဲ့ကပဲ သံ‌ဘောင်တံတား ပြန်ဆောက်လိုက်တာ ဖြစ်ပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

RCSSရဲ့ ချုံခိုတိုက်ခိုက်မှုကို ပြန်လည် စစ်ရေးပြင် တိုက်ခိုက်တာမျိုး မလုပ်ဟု SSPP ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါ(SSPP)အနေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ရဲ့ ချုံခိုတိုက်ခိုက်မှု(၆)ကြိမ်ကြုံခဲ့ရပေမယ့် ပြန်လည်တိုက်ခိုက်မှု အခုချိန်ထိ တစ်ကြိမ်မှ မရှိသေးဘူးလို့ မေ ၂၆ ရက်နေ့ က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်တိုက်ပွဲမှာ တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအနီး ခရမ်းရွာမှာ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုလုံခြုံရေး ဆွေးနွေးပွဲကို ပအိုဝ်းပြည်သူ့စစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မှာ စစ်ကောင်စီက ဝန်ထမ်းတွေပြန်ခေါ်နေပေမယ့် ဌာနဆိုင်ရာတွေ ပုံမှန်မလည်ပတ်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ဒေသခံတွေထွက်ပြေးတာကြောင့် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တယားပုံမှန် ပြန်လည် မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းခရမ်းချဉ်သီး စိုက်ပျိုးစရိတ်ကြီးမြင့်တာနဲ့ လုပ်သားရှားပါးတာကြောင့် အစိုက်နည်းနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးစရိတ် ကြီးမြင့်တာအပြင်၊ လုပ်သားရှားပါးမှုနဲ့ အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်တာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေအနေ စိုက်ပျိုးသူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ ကားပစ္စည်းလိုက်လံခိုးယူသူများ ရှိနေလို့ သတိထားရန်လိုအပ်နေ

တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရာရှိလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးတော့ အရာရှိ ၃၂၆ ဦးကို (၁)နှစ်(၇)လကြာ လေ့ကျင့်သင်ကြားပြီး သင်တန်းဆင်းပွဲ ပြုလုပ်လိုက်တာလို့ အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ ပြည်သူ့စစ်(PNA)တွေ စစ်ရေးလေ့ကျင့်နေတဲ့အတွက် မြို့ခံတွေ ထမင်း၊ ဟင်း ချက်ပို့နေရ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း ချက်ပို့နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now