စီးပွားရေး

သနပ်ဖက်စျေးကောင်းရပေမယ့် လုပ်သားခနဲ့ သွင်းအားစု ဈေးနှုန်းမြင့်တက်လာမှုကြောင့် တောင်သူတွေ အမြတ်နည်း

မဲခေါင် 10 Jun - 2024
ရှမ်းပြည်တောင်ပိုင်းကထွက်ရှိတဲ့ သနပ်ဖက်တွေဟာ တစ်ပိဿာ ၅၀၀၀ ဝန်းကျင်ခန့် စျေးတက်လာပေမယ့် လုပ်သားခနဲ့ သွင်းအားစု ဈေးနှုန်းမြင့်တက်လာမှုကြောင့် ‌တောင်သူတွေ အမြတ်နည်းနေတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင် ဇွန် ၀

ရှမ်းပြည်တောင်ပိုင်းကထွက်ရှိတဲ့ သနပ်ဖက်တွေဟာ တစ်ပိဿာ ၅၀၀၀ ဝန်းကျင်ခန့် စျေးတက်လာပေမယ့် လုပ်သားခနဲ့ သွင်းအားစု ဈေးနှုန်းမြင့်တက်လာမှုကြောင့် ‌တောင်သူတွေ အမြတ်နည်းနေတယ်လို့ စုံစမ်းသိရပါတယ်။

သနပ်ဖက်လှော်ရာမှာ အသုံးပြုတဲ့ ထင်း၊ စိုက်ပျိုးရာမှာ အသုံးပြုတဲ့ ပိုးသတ်ဆေး၊ မြေသြဇာနဲ့ နေ့စားလုပ်သားခတွေ စျေးတက်လာတာကြောင့် အမြတ်နည်းနေတာလို့ သနက်ဖက်စိုက်တောင်သူတွေဆီက သိရပါတယ်။

ကျောက်တလုံးကြီးဒေသခံ စိုက်ပျိုး‌တောင်သူတစ်ဦးက “အရင်က ကိုယ်တိုင်လုပ်ရတယ်ဆိုတော့ အမြတ်ကျန်တာပေါ့။ အခုက အနည်းဆုံး လူ ၃ ယောက် ငှားရတယ်။ လုပ်မယ့်လူငယ်တွေက အကုန်နိုင်ငံခြား ထွက်ကုန်ပြီ။ ဒီကြားထဲ ဆန်တွေ ဆီတွေက စျေးတက်‌တော့ ဘာမှ မထူးပါဘူး” လို့ ပြောပါတယ်။

အရင်နှစ်တွေက အရွက်ကြီး တစ်ပိဿာကို ၉ ထောင်ကျပ်၊ အရွက်ငယ် တစ်ပိဿာကို ၄ ထောင်ကျပ်သာ ရရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ အရွက်ကြီး တစ်ပိဿာကို ၁ သောင်းခွဲကျပ်၊ အရွက်ငယ် တစ်ပိဿာကို ၄ ထောင်ကျပ် အထိ စျေးရရှိနေတယ်လို့ သိရပါတယ်။

ဟိုပုံးဒေသခံ စိုက်ပျိုးတောင်သူတစ်ဦးက “ထင်းက တစ်ချောင်းကို ၂၀၀၀ ပေးရတယ်။ ဒါတောင်မှ တခြား လူငှားတာမျိုး မပါဘူး။ ကိုယ်တိုင်ပဲ လုပ်တာ။ အရင်းသာသာလောက်ပဲ ရတာပါ။ လှော်ပြီဆိုလည်း တစ်အိမ်လုံး ဝိုင်းလုပ်ကြရတယ်။ ပင်ပန်းတာနဲ့တောင် မကာမိဘူး” လို့ ပြောပါတယ်။

သနပ်ဖက်တွေကို နှစ်စဥ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ စိုက်ပျိုးကြပြီး ၄ ကြိမ် ခူးဆွတ်ရကာ ၄ ကြိမ် လှော်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသမှာ ဧက ၂၀၀၀ နီးပါးနဲ့ သနပ်ဖက်အများဆုံး စိုက်ပျိုးကြပြီး တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး စတဲ့ မြို့နယ်တွေမှာလည်း အနည်းငယ် စိုက်ပျိုးကြတယ်လို့ စိုက်ပျိုးတောင်သူတွေဆီက သိရပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အောင်ပန်းပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့ပြပြောက်ကျားတပ်တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ် အောင်မြင်ဖို့ တိုက်တွန်း

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီဘက်က ထိပ်တန်း အကြီးအကဲတစ်ဦး လာဖို့စီစဥ်နေလို့ ပျံကျစျေးသည်တွေကို ရက်အနည်းငယ် ပိတ်ခိုင်းထား

တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်း (Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို စစ်ကောင်စီစခန်းအနီးမှာ ပြုလုပ်

ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ လွိုင်ကော် ပစ္စည်းပြန်ယူသူတွေကို စစ်တပ်က အမြန်ဆုံး ပြန်ထွက်ခိုင်းနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီက အရပ်သား ၄ ဦးကို အကြောင်းမဲ့ ပစ်သတ်

ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာမှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒိုက်ဦး အကျဉ်းထောင်မှာ နိုင်ကျဉ်းသူတွေ ထောင်တွင်းဖိနှိပ်မှု ကြုံနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူတွေအားလုံး ထောင်တွင်းဖိနှိပ်မှု ကြုံနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်း၊ လင်ခံကျေးရွာမှာ စစ်ကောင်စီရဲ့လက်နက်ကြီး အိမ်ပေါ်ကျလို့ မိသားစု ၄ ဦး ဒဏ်ရာရ

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ပင်လောင်မြို့နယ်က လင်ခံကျေးရွာမှာ မနေ့ ဇွန်လ ၂၀ ရက် ညပိုင်းက စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျလို့ မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now