ဒေသတွင်းသတင်း

လွိုင်ကော်အကျဥ်းထောင်မှာ ဆေးဝါးတွေပြတ်လပ်နေ

မဲခေါင် 9 Apr - 2024
လွိုင်ကော်အကျဥ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေအတွက် ဆေးဝါးတွေပြတ်လပ်နေပြီး ဆေးဝါးကုသပေးမှုတွေလည်း မရှိတော့ဘူးလို့ သိရပါတယ်

မဲခေါင်၊ ဧပြီ ၉

လွိုင်ကော်အကျဥ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေအတွက် ဆေးဝါးတွေပြတ်လပ်နေပြီး ဆေးဝါးကုသပေးမှုတွေလည်း မရှိတော့ဘူးလို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA)ရဲ့ တာဝန်ရှိသူ ထားဖိုးက ဧပြီလ ၉ ရက်နေ့က ပြောပါတယ်။

“ အခု အကျဥ်းထောင်မှာက ဆေးဝါးပြတ်လပ်တာတွေကြုံတွေ့နေရတယ်။ နောက်တချက်က ကျန်းမာရေးဝန်ဆောင်မှုပိုင်းမရှိတော့ဘူး။ နေမကောင်း မကျန်းမာတဲ့အချိန်မှာ ဆရာဝန်တွေရဲ့ ကြည့်ရှူစောင့်ရှောက်မှုက မရှိတော့ဘူး။ အကျဥ်းသားတွေရဲ့ ရပိုင်ခွင့်တွေဆုံးရှုံးနေရတယ်ပေါ့နော်။ “

၁၁၁၁ စစ်ဆင်ရေးစပြီးတဲ့နောက် ထောင်ဝင်စာပေးပို့မှုကို ပိတ်ပင်တားမြစ်ခဲ့ပြီး ထောင်တွင်းမှာ သဲ၊ခဲ ရောနေတဲ့ဆန်နဲ့ ငါးပိစိမ်း၊ အရည်ကြည်ဖြစ်နေတဲ့ကုလားပဲဟင်းရည်တို့နဲ့ပဲ ကျွေးနေတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကာလထဲမှာ အကျဥ်းသားတွေကို အခန်းအပြင်ကို ပေးမထွက်တာကြောင့် ခန္ဓာကိုယ် အောက်ပိုင်းချိနဲ့တာတွေနဲ့ အမျိုးသမီးတွေမှာ ဝမ်းဗိုက်နဲ့ပတ်သတ်တဲ့ ဝေဒနါတွေခံစားနေရတယ်လို့ဆိုပါတယ်။

“ ၁၁၁၁ စစ်ဆင်ရေးအတောအတွင်းမှာပဲ ကျန်းမာရေးအခြေအနေကြောင့် သေဆုံးသွားရတဲ့ အကျဥ်းသားတဦးလည်း ထပ်ပြီးတိုးလာတာပေါ့”

လွိုင်ကော်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ရှိပြီး အကျဥ်းသားတွေထဲမှာမှ နိုင်ငံရေးအကျဥ်းသားတွေက ဖိနှိပ်ခံရတာတွေ၊ ခြိမ်းခြောက်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ စောင့်ကြည့်ခံရတာတွေပိုရှိတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၀၀၀၀ ကျော်အထိ ဖမ်းဆီးထံထားရပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ AAPPရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

CJ-004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ကချင်အများစုနေတဲ့ ရှမ်းမြောက် ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းက ကချင် အမျိုးသားအလံ MNDAA တပ်ဖွဲ့က ဖြုတ်ချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းဝင်းက ကချင် အမျိုးသားအလံကို ယမန်နေ့ မေလ ၂၆ ရက်နေ့
မြန်မာ့နွေဦး

ပင်‌လောင်းမှာ ကျောင်းသားတွေကိုလည်း စစ်မှုထမ်းခေါ်ယူ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စုမှာ ကျောင်းသားတွေကို စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ ကောက်ခံတဲ့ကိစ္စ နေပြည်တော်ထိ အတိုင်ခံရပြီးနောက် ရင်ခွဲရုံဝန်ထမ်းကို စစ်ကောင်စီထံ ဝန်ခံထိုးဖို့ ဆေးရုံအုပ်က ဖိအားပေး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ အဆမတန် ကောက်ခံတဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်က မဲခေါင်သတင်းမှာ ဖော်ပြပြီးတဲ့နောက် နေပြည်တော် ကျန်းမာရေးဌာနကို တိုင်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက လာစစ်ရင် ရင်ခွဲရုံဝန်ထမ်းကို ဝန်ခံလိုက်ဖို့ ငွေကောက်ခံခိုင်းတဲ့ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန်က ဖိအားပေးထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒေါနတောင်ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မနေ့ညက မေလ ၂၆ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်ဘက်က ထိုးလာတဲ့ စစ်ကြောင်း ကရင်နီဘက်ကိုတိုးဝင်နေ

ရှမ်းတောင်၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ လွိုင်လင်လေးကို မနေ့ညနေပိုင်းက ရောက်လာခဲ့ပြီလို့ JOBS For Kayah က မနေ့ မေလ ၂၆ ရက်က သတိပေးချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကျောက်မဲက ONE LOVE ဟိုတယ် ဗုံးပစ်ခံရလို့ ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိ

ရှမ်းမြောက်၊ ကျောက်မဲမြို့၊ ရပ်ကွက်-၁ မှာ ရှိတဲ့ ONE LOVE ဟိုတယ်ကို မနေ့ကည ပိုင်းမှာ လက်လုပ်ဗုံးနဲ့ပစ်ထည့်လို့ ဟိုတယ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ညောင်ရွှေ(NS) ပညာရေးဖောင်ဒေးရှင်းက တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေမှာ ကျောင်းအပ်စတင်လက်ခံ

ညောင်ရွှေမြို့နယ်၊ NS ပညာရေးဖောင်ဒေးရှင်းက ဆရာ၊ ဆရာမနဲ့ လုပ်အားပေး Volunteer တွေက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ကလေးငယ်တွေကို မေလ ၂၅ ရက်က စပြီး ကျောင်းအပ်လက်ခံနေပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ ၁၂ ဘီးကားနဲ့တိုက်လို့ အာလူးကြော်ပို့ဆိုင်ကယ်သမား သေဆုံး

ရှမ်းတောင်၊ ကလောမြို့နယ်၊ ရေယားကျေးရွာမှာ မနေ့ ည က ၁၂ ဘီးယာဉ်နဲ့ အာလူးကြော်ပို့ ဆိုင်ကယ်ကို တိုက်မိလို့ အာလူးကြော်သည် သေဆုံးသွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now