ဒေသတွင်းသတင်း

လွိုင်ကော်မှာ သူခိုးတွေကြောင့် နေရပ်ပြန် စစ်ဘေးရှောင်‌တွေ အခက်တွေ့နေ

မဲခေါင် 13 Jun - 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ သူခိုးတွေကြောင့် နေရပ်ပြန် စစ်ဘေးရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အခက်တွေ့နေရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မဲခေါင် ဇွန် ၁၃

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ သူခိုးတွေကြောင့် နေရပ်ပြန် စစ်ဘေးရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အခက်တွေ့နေရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မေလ နောက်ဆုံးပတ်လောက်ကစပြီး လွိုင်ကော်မြို့ခံတွေ နေရပ်ပြန်လာကြတဲ့ အချိန်မှာ အိမ်တိုင်းလိုလို ဖောက်ထွင်းခံထားရတာကြောင့် လူအများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘဝအသစ် ပြန်စနေရတယ်လို့ ဆိုပါတယ်။

“ လွိုင်ကော်မှာ ပတ်ခိုးနေတဲ့ သူခိုးတွေက စစ်ကောင်စီနဲ့ မဟာမိတ်လုပ်ထားသလိုဘဲ ပြီးတော့ သူခိုးတွေက အကုန်လုံးဖြစ်နေတာ မြို့ခံလူထုထဲက တချို့လဲ ခိုးတာဘဲ၊ တော်လှန်ရေးအဖွဲ့တွေလဲ ပါတာဘဲ သူခိုးက အကုန်ဖြစ်နေတာ၊ ဒီတိုက်ပွဲက နောက်ဆုံးတော့ သူခိုးတွေပဲ နိုင်သွားတာ” လို့ နေရပ်ပြန် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

နေရပ်ပြန်စစ်ဘေးရှောင်တွေအနေနဲ့ နေအိမ်မှ ပစ္စည်းများ မရှိတော့ဘဲ အချို့မှာ ဘုရားစင်ပါအခိုးခံခဲ့ရပြီး အိုးခွက် ပန်ကန်ကအစ မရှိတော့ကြောင့် အိမ်အခွံသာ ကျန်တော့တယ်လို့ သိရပါတယ်။

ခိုးရာပါပစ္စည်းအများစုကို မှောင်ခိုဈေးကွက်ကနေတဆင့် ချယ်ရီကုန်းမှာ ရောင်းချနေပြီး စစ်ကောင်စီဘက်က ခိုးယူထားတာတွေကိုတော့ သူတို့ မိသားစုဝင် အမည်တွေရေးထိုးကာ နောက်တန်းပြန်ပို့နေတဲ့အပြင် ခိုးရာပါပစ္စည်း တချို့ကိုလည်း ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒစက)မှာ ရောင်းချနေတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေး တပ်တွေဟာလည်း မတစ်ထောင် တစ်ကောင်သားတွေ ဖြစ်တဲ့အတွက် လက်ဆော့တတ်တဲ့ကောင်တော့ ပါမှာပဲ။ လူအယောက်သောင်းချီ ရှိတဲ့ အဖွဲ့အစည်းထဲမှာ လူကောင်းတွေပဲ ရှိတာတော့ မဟုတ်ဘူးလေ‌နော်။ တော်လှန်ရေး အဖွဲ့အစည်းတိုင်းမှာ သူခိုးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်ရမလဲဆိုတဲ့ မူဝါဒတွေတော့ ချမှတ်ထားတယ်၊ ဘယ်လို ဆောင်ရွက်နေပါတယ် ဆိုတာတွေတော့ ရှိတယ်။ ဒါပေမယ့် ‌အောက်ခြေမှာ ဖြစ်ပျက်နေတာတွေက ဘာမှမဆိုင်ဘူးနော်။ တခြားစီပဲ” လို့ တော်လှန်ရေး ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

မေလ ၂၀ ရက်နေ့ ဝန်းကျင်လောက်က ရှမ်းပိုင်းရပ်ကွက်မှာ သူခိုးတွေ စိတ်ချလက်ချ ခိုးယူနိုင်ဖို့အတွက် သူခိုးတွေ ကင်းလှည့်ပေးတာ၊ ခိုးရာပါ ပစ္စည်းတွေကို ကားနဲ့သယ်ပေးတာတွေကိုလည်း ပြုလုပ်နေကြတာတွေရှိတယ်လို့ မျက်မြင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့မှာ သူခိုးတွေကို အရေးယူဆောင်ရွက်ဖို့အတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝါဒချမှတ်ထားပေမယ့် မြေပြင်မှာ ထိရောက်မှု မရှိတာကြောင့် မြို့ခံတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့က စီးနင်းသိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဆန်ဈေး မြင့်တက်ပြီး ရှားပါးနေတာကြောင့် ဆန်အလှူရှင်တွေကို အားကိုးနေရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဆန်ဈေး အဆမတန် မြင့်တက်ပြီး ဆန်ပြတ်လပ်နေတာကြောင့် နေ့စဉ် ဆန်အခက်အခဲ ဖြစ်နေပြီး ဆန်အလှူရှင်တွေကို အားကိုးနေရတယ်လို့ မြို့ခံတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီကို ချတဲ့ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရာတွင် SNLD တွဲဖက်အတွင်းရေးမှူးပါဝင်

ရှမ်းမြောက်၊ သိန္နီမြို့ကို ချတဲ့ စစ်ကောင်စီရဲ့ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရတဲ့ အထဲမှာ သိန္နီမြို့နယ် SNLD ရဲ့ စည်းရုံးရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ပါဝင်တယ်လို့ ကျားခေါင်းပါတီ(SNLD) ပါတီဝင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ‌MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ၄ ရက်ကြာ စစ်ဆင်ရေး နား‌ပြီးနောက် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာနေပြီဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီး – တာချီလိတ်လမ်းတစ်လျှောက်မှာ တစ်လခွဲကျော်ကြာတဲ့အထိ ကားလမ်းပိတ်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ကြီး-တာချီလိတ် လမ်းမကြီး တစ်လျှောက်က မိုင်းပျင်းတောင် လမ်းပိတ်မှုက ဇွန်လ ပထမပါတ်ကတည်းကနေ ယခု ဇူလိုင် လလယ်အထိ တစ်လခွဲကျော်ကြာ ခရီးလမ်းနှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တိုင်းမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက “ဦးအောင်ဆန်းရေ.. အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ နှစ်ဘက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေပြင်းထန်နေ

ရှမ်းမြောက်၊ လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ယနေ့ဇူလိုင်လ ၁၉ ရက် မနက် ၂းဝ၅ နာရီအချိန်က စပြီး နှစ်ဖက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF အပတ်စဉ်-၈ သင်တန်းဆင်း အရန်အင်အားလုံလောက်ပြီလို့ ဆို

ရှမ်းတောင်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၀၀၉ IPDF တပ်ရင်းရဲ့ အပတ်စဉ်-၉ အခြေခံစစ်သင်တန်းဆင်းပွဲကို ညောင်ရွှေမြို့နယ် တစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now