စစ်ရေးသတင်း

လုံခမ်းတိုက်ပွဲမှာ ခမရ (၇၉) တပ်ရင်းမှူးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ MNDAA အတည်ပြု

မဲခေါင် 29 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုံခမ်း တိုက်ပွဲအတွင်း မိတ္ထီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းမှူးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ MNDAA က မနေ့က အတည်ပြု ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုံခမ်း တိုက်ပွဲအတွင်း မိတ္ထီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းမှူးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ MNDAA က မနေ့က အတည်ပြု ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်က မုံးကိုးခရိုင်၊ မိုင်းပေါ်ဒေသ၊ နန်တောက်အုပ်စု၊ လုံခမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံ ခမရ (၇၉) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျဝင်းကို MNDAA တပ်ဖွဲ့က ရှင်းလင်း နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ တပ်ရင်းမှူး အလောင်းကို နိုဝင်ဘာ ၂၇ ရက်နေ့၊ မနက်ပိုင်းမှာ မူဆယ်ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်က MNDAA နဲ့ TNLA တို့ပူးပေါင်းပြီး ကျောက်မဲနဲ့ လားရှိုးကြားက ခုတန်စေတီကုန်း High Point မှာ အခြေချနေတဲ့ စစ်ကောင်စီတပ်စခန်းကို မြေပြင်နဲ့ ဒရုန်းတပ် ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်စခန်း ၁၈၀ နီးပါး သိမ်းပိုက် ထားတယ်လို့ MNDAA ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MK-007

#MeKongNews

#MNDAA

#တပ်ရင်းမှူး

#လုံခမ်းတိုက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်တိုက်ပွဲမှာ တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအနီး ခရမ်းရွာမှာ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုလုံခြုံရေး ဆွေးနွေးပွဲကို ပအိုဝ်းပြည်သူ့စစ်
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မှာ စစ်ကောင်စီက ဝန်ထမ်းတွေပြန်ခေါ်နေပေမယ့် ဌာနဆိုင်ရာတွေ ပုံမှန်မလည်ပတ်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ဒေသခံတွေထွက်ပြေးတာကြောင့် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တယားပုံမှန် ပြန်လည် မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းခရမ်းချဉ်သီး စိုက်ပျိုးစရိတ်ကြီးမြင့်တာနဲ့ လုပ်သားရှားပါးတာကြောင့် အစိုက်နည်းနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးစရိတ် ကြီးမြင့်တာအပြင်၊ လုပ်သားရှားပါးမှုနဲ့ အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်တာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေအနေ စိုက်ပျိုးသူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ ကားပစ္စည်းလိုက်လံခိုးယူသူများ ရှိနေလို့ သတိထားရန်လိုအပ်နေ

တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရာရှိလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးတော့ အရာရှိ ၃၂၆ ဦးကို (၁)နှစ်(၇)လကြာ လေ့ကျင့်သင်ကြားပြီး သင်တန်းဆင်းပွဲ ပြုလုပ်လိုက်တာလို့ အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ ပြည်သူ့စစ်(PNA)တွေ စစ်ရေးလေ့ကျင့်နေတဲ့အတွက် မြို့ခံတွေ ထမင်း၊ ဟင်း ချက်ပို့နေရ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း ချက်ပို့နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ထောင်မှာ ထောင်ဝင်စာဖြတ်ခံထားရတဲ့အတွက် အဟာရမပြည့်ဝဘဲလူ ၅ ဦးထက်မနည်း သေဆုံးနေ

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now