ဒေသတွင်းသတင်း

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီလက်ပါးစေ ယာဉ်ထိန်းရဲ ဖမ်းဆီးငွေညှစ်

မဲခေါင် 7 Mar - 2023
မဲခေါင်၊ မတ် ၇ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လက်ပါးစေ ယာဉ်ထိန်းရဲက ကားနဲ့ဆိုင်ကယ်တွေကို ပြစ်ချက်ရှာ ငွေညှစ်ဖို့ ဖမ်းဆီးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

မဲခေါင်၊ မတ် ၇

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လက်ပါးစေ ယာဉ်ထိန်းရဲက ကားနဲ့ဆိုင်ကယ်တွေကို ပြစ်ချက်ရှာ ငွေညှစ်ဖို့ ဖမ်းဆီးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

နယ်စပ်မြို့တွေမှာ ပြည်သူ အများစု လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကိုသာ စီးနင်း အသုံးပြုလေ့ရှိရာ လက်ရှိ လားရှိုး ယာဉ်ထိန်းရဲက လိုင်စင်၊ နောက်ကြည့်မှန်၊ အိတ်ဇော၊ ဦးထုပ်၊ ညပိုင်း မီးဖွင့်ပြီး မမောင်းတာတွေ စသဖြင့် ပြစ်ချက်မျိုးစုံရှားပြီး ဆိုင်ကယ် တစ်စီးကို ကျပ် ၃၅,၀၀၀ ခွဲနဲ့ လိုင်စင်မဲ့ ကားတွေကိုတော့ အဆင်ပြေသလို တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ၊ သစ်တောထွက် ကုန်ကြမ်း တရားမဝင် ခိုးထုတ်တာတွေနဲ့ လောင်းကစားမျိုးစုံ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြပေမဲ့ စစ်ကောင်စီက မသိချင်ယောင်ဆောင် လိုင်းကြေးယူကာ လွှတ်ထားပြီး ပြစ်မှုကြီး မဟုတ်တဲ့ ကား၊ ဆိုင်ကယ် ကိစ္စတွေကို ငွေကြေး ရလိုမှု အတွက် တင်းကြပ်နေတယ်လို့ ပြည်သူတွေက ပြောကြပါတယ်။

လားရှိုးမြို့နေ ပြည်သူ တစ်ဦးက “လိုင်စင်မဲ့ ကားတွေကို အိမ်အတွက် သွားရေးလာရေး အဆင်ပြေအောင် စီးနေကြတာကို လက်ခံ နားလည်ပေးလို့ ရပါတယ်။ လိုင်စင်မဲ့ကားနဲ့ လုပ်ငန်းသုံး အတွက် ခရီးသည်တင်ပြီး လိုင်းပြေးဆွဲနေတာတော့ လုံးဝ လက်ခံလို့ မရပါဘူး။ လိုင်စင်မဲ့ကားများဟာ လမ်းကြောတစ်လျှောက် တွေ့သမျှ စစ်သား၊ ရဲတို့ကို ငါးရာ တစ်ထောင် ပေးပြီး သွားလာ လုပ်စားနေကြတာကို တားဆီး အရေးယူ သင့်ပါပြီ။ သစ်တောထွက် ပရိဘောဂ အကြမ်းထည်များလည်း နယ်စပ်ပို့နေတာ ပြည်တွင်းမှာ ကုန်သလောက် ဖြစ်နေပါပြီ။ မန္တလေးကနေ ရှမ်းမြောက်ကို ပရိဘောဂ အကြမ်းထည်များ တင်လာတဲ့ ကားများဟာ နေ့စဉ် အစီးရေ ၂၀ နဲ့ ၃၀ နီးပါး ရှိကြပါတယ်။ တာဝန်အရှိဆုံး သစ်တောကလည်း ငွေယူ မျက်နှာလွှဲ နေကြပါတယ်’’ လို့ သူမြင်တွေ့နေရတာကို လူမှုကွန်ရက်မှာ ထုတ်ဖော် ရေးသားထားပါတယ်။

လားရှိုးမြို့မှာ ကားနဲ့ ဆိုင်ကယ်တွေကို မတ်လ ၁ ရက်ကနေ ၃၁ ရက်အထိ စစ်ကောင်စီက ဆက်ပြီး ဖမ်းဆီးသွားဖို့ရှိတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။

REF: Shwe Phee Myay News Agency
MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

ချင်းမိုင်မှာ မိုးသီးတွေ လယ်ကွက်ထဲ ဖွေးဖွေးလှုပ်ကျ

မဲခေါင်၊ မတ် ၁၉ မတ် ၁၈ ရက်နေ့က ချင်းမိုင်မှာ လေမုန်းတိုင်းနဲ့ မိုးသက်လေပြင်းကျလို့ ပျက်စီး ဆုံးရှုံးမှု များခဲ့သလို
ဒေသတွင်းသတင်း

နှစ် ၉၀ ကျော် စည်းကားစွာ ပြုလုပ်လာတဲ့ ကျိုင်းတုံမြို့က စော်ဘွားဈေးပွဲတော် ဒီကနေ့ စတင်ကျင်းပ

မဲခေါင်၊ မတ် ၁၁ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့တာ နှစ်‌ ၉၀ ကျော် ရှိလာပြီ
ဒေသတွင်းသတင်း

မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိ ရုပ်သံနဲ့ရှင်းလင်း

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အရာရှိ တစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံထားရတယ်လို့ ဒေသတွင်း သတင်း Hsan Loi Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိက
ဒေသတွင်းသတင်း

ပြည်တွင်းစီးပွားရေး ဇောက်ထိုးကျနေပေမဲ့ နိုင်ငံ့ကုန်သွယ်ရေး တိုးတက်လာတယ်လို့ မင်းအောင်လှိုင် ပြောဆို

မဲခေါင်၊ မတ် ၈ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ စစ်ကောင်စီရဲ့ မဆင်မခြင် လက်တန်း စီးပွားရေး မူဝါဒတွေကြောင့် ပြည်တွင်း စီးပွားရေး ဆက်တိုက် ကျဆင်းနေပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံ့
ဒေသတွင်းသတင်း

ရန်ကုန်မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်မှာ သင်္ကြန်မဏ္ဍပ်တွေဆောက်မယ်လို့ စစ်ကောင်စီ ကြေညာ

မဲခေါင်၊ မတ် ၈ ရန်ကုန်မြို့က မြို့တော်ခန်းမနဲ့ ရွှေတိဂုံဘုရား အနောက်ဘက် ပြည်သူ့ရင်ပြင် အပါအဝင် ရန်ကုန်မြို့မှာ သင်္ကြန် မဏ္ဍပ်တွေ ဆောက်လုပ်မယ်လို့ စစ်ကောင်စီရဲ့ မြို့တော်စည်ပင်က မနေ့က ကြေညာလိုက်ပါတယ်။
ဒေသတွင်းသတင်း

အမြန်လမ်း မန်းရာဇာယာဉ်ပေါ်မှာ ကလေးမွေးဖွား

မဲခေါင်၊ မတ် ၆ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ မန်းရာဇာ ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူ ကိုယ်ဝန်ဆောင် အမျိုးသမီး ကလေး မိန်းကလေး မွေးဖွားခဲ့တယ်လို့ အမြန်လမ်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက
ဒေသတွင်းသတင်း

ဗိုလ်ချုပ်စျေး ရတနာဆိုင်ဖောက်ထွင်းခံရ၊ တန်ဖိုးကြီးရတနာတွေပါသွား

မဲခေါင်၊ မတ် ၅ ရန်ကုန်မြို့လယ်ကောင်၊ ဗိုလ်ချုပ်စျေးမှာဖွင့်လှစ်ထားတဲ့ နှင်းဆီရတနာ - Rose Jewellery ရတနာဆိုင်ဖောက်ထွင်းခံခဲ့ရပြီး တန်ဖိုးကြီးရတနာပစ္စည်းတွေ အခိုးခံလိုက်ရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦး က မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း

ဇွဲကပင်တောင်ပေါ်ကပြုတ်ကျတဲ့ ကလေးတစ်ဦးကိုအသက်ရှင်

မဲခေါင်၊ မတ် ၅ ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်၊ တောင်တက်လမ်း လုမ္ပဏီဥယျာဥ် အနောက်ဘက်ခြမ်းကနေ ခြေချော်ပြီး ကလေးတစ်ဦး မတ်လ၄ရက် နေ့လည်ပိုင်းက ပြုတ်ကျခဲ့တယ်လို့ ဒေသခံတွေကမဲခေါင်သတင်းကို ပြောပါတယ်။