မဲခေါင်၊ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လူအခွင့်အရေး ချိုးဖောက်ပါက ပြည်သူတွေ အနေနဲ့ တိုင်ကြားနိုင်တယ်လို့ TNLA ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
TNLA လှုပ်ရှားရာ နမ့်ဆန်ခရိုင်(နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုးကုတ်)၊ ရွှေလီခရိုင် (မန်တုံ၊ မိုင်း၀ီး၊ နမ္မတူ၊ မိုင်းမော်)၊ မန်အောင်ခရိုင် (မန်အောင်၊ နမ့်ခမ်း၊ မူဆယ်၊ နမ့်ဖက်ကာ)၊ သံလွင်ခရိုင် (ကွတ်ခိုင်၊ မုံးစီ၊ မုံးဟွမ်) နဲ့ လားရှိုးခရိုင် (လားရှိုး၊ မိုင်းယော်၊ ကာင်မိုင်၊ ၀ါင်ကောင်မှူး) ဒေသတွေက ပြည်သူတွေ အနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အနိုင်ကျင့်မှုတွေကို TNLA ထံ ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
တိုင်ကြားမှုတွေကို စာရင်းပြုစုပြီး TNLA အနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမှာဖြစ်ပြီး စစ်ဘေး တိမ်းရှောင်နေရတဲ့ ပြည်သူပိုင် ပစ္စည်း၊ ကျွဲနွားတွေကို စာရင်းကောက်ယူပြီး တစ်ဖက် တစ်လမ်းက ကူညီဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းမြောက်မှာ TNLA က ဒေသတွင်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေသလို စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
MK-007
#MeKongNews
#လူအခွင့်အရေး
#TNLA
#လက်နက်ကိုင်တပ်