ဒေသတွင်းသတင်း

ရှမ်းတောင်မှာ NK 625 ပြောင်းမျိုးစေ့ အတုတွေရောင်းချနေလို့ တောင်သူတွေ သတိပြုဖို့လို

မဲခေါင် 3 Apr - 2023
မဲခေါင်၊ ဧပြီ ၃ ရှမ်းတောင်မှာ NK 625 ပြောင်းမျိုးစေ့ကို မသမာသူတွေက အတုပြုလုပ်ပြီး ကားနဲ့ နယ်တွေမှာ လိုက်လံ ရောင်းချနေလို့ စိုက်ပျိုး တောင်သူတွေ သတိပြုကြဖို့ NK 625 ပြောင်းမျိုးစေ့ ဖြန့်ဖြူး ရောင်းချနေတဲ့ ဧရာဝတီမျိုးစေ့ ကုမ္ပဏီ ရှမ်းတောင် တာဝန်ရှိသူက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၃

ရှမ်းတောင်မှာ NK 625 ပြောင်းမျိုးစေ့ကို မသမာသူတွေက အတုပြုလုပ်ပြီး ကားနဲ့ နယ်တွေမှာ လိုက်လံ ရောင်းချနေလို့ စိုက်ပျိုး တောင်သူတွေ သတိပြုကြဖို့ NK 625 ပြောင်းမျိုးစေ့ ဖြန့်ဖြူး ရောင်းချနေတဲ့ ဧရာဝတီမျိုးစေ့ ကုမ္ပဏီ ရှမ်းတောင် တာဝန်ရှိသူက ပြောပါတယ်။

အတုရောင်းချသူတွေဟာ ကားတွေနဲ့ ကျေးရွာတွေအထိ ဘောက်ချာ အတုတွေနဲ့ ရောင်းချနေလို့ အရေးယူမယ်လို့ ကုမ္ပဏီရဲ့ ရှမ်းတောင် တာဝန်ခံက ဦးနိုင်ကိုဝင်း ကပြောပါတယ်။

“အတုတွေက စာမတတ်တဲ့ ကောင်တွေက လုပ်ထားတဲ့ဖြစ်တဲ့ အတွက် သေချာကြည့်ရင် ကဒ်ဖာပေါ်မှာကို စာလုံးပေါင်းတွေ မှားတာတွေ အများကြီးပါ။ အတုအိတ်ပေါ်မှာ အပေါက်တွေလည်း ဖောက်ထားပါတယ်။ စတစ်ကာတွေကလည်း အရမ်းညံ့ပါတယ်။ ကွာတောင်ကွာနေပြီ။ သေချာချင်ရင်တော့ ဝယ်တဲ့အခါမှာ ဘောင်ချာ ရအောင် တောင်းပါ။ မသင်္ကာရင် ဆိုင်တွေကနေ တစ်ဆင့် ကုမ္ပဏီဝန်ထမ်းကို ရအောင်ဆက်သွယ်ပါ။ ကားနဲ့လိုက်ရောင်းတဲ့ သူတွေဆီမှာ မဝယ်မိပါစေနဲ့” လို့ သူကပြောပါတယ်။

ပြောင်းမျိုးစေ့ အတုက မတ်လ အတွင်းမှာ ပေါ်လာတာဖြစ်ပြီး အတုတွေ ဆက်မပြန့်အောင် တောင်သူတွေဆီ ကွင်းဆင်းပြီး လိုက်လံ သတိပေးနေတယ်လို့လည်း သူကပြောပါတယ်။

အဲ့ဒါအပြင် အတုပေါ်လာတာနဲ့ ပတ်သက်ပြီး လက်ရှိ စုံစမ်စစ်ဆေးနေကာ ဌာနဆိုင်ရာနဲ့ တိုင်ပင် အရေးယူသွားမယ်လို့ သူကဆိုပါတယ်။

မျိုးစေ့ထုပ်အတုဟာ ပြောင်းဖူး အရောင်မှိန်ခြင်း၊ Havesting Date မှာ 02:23 ဖြစ်ခြင်း၊ Testing Date မှာ 17/3/2023 ဖြစ်နေခြင်း အပြင် Expiry Date မှာလည်း 20.08.24 ဖြစ်ပြီး မှားယွင်းနေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

မျိုးစေ့ထုပ် အစစ်မှာက ပြောင်းဖူးအရောင်ပိုထင်ခြင်း၊ Havesting Dateမှာ 03:22 ဖြစ်ခြင်း၊ Testing Dateမှာ 19-10-22 ဖြစ်ခြင်း အပြင် Expiry Date မှာလည်း အတုထုပ်တွေနဲ့ မတူဘူးလို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်းမှာ မျိုးစေ့အတုတွေ မြေဩဇာအတုတွေ ရောင်းချနေလို့ ဝယ်ယူ အသုံးပြုမိတဲ့ တောင်သူတွေက ဆုံးရှုံးမှုတွေ ကြုံနေရပါတယ်။

“တောင်သူတွေ အများစုကလည်း အတု အစစ် သိပ်မခွဲတတ်ကြတော့ မျိုးစေ့ မြေဩဇာ တစ်မျိုးမျိုးက နာမည်ကောင်းရပြီဆို မကြာဘူး အတုတွေပေါ်ပြီ။ အရင်နှစ်လည်း အဲ့လိုတွေ ပေါ်သေးတယ်လေ” လို့ ဟိုပုံးမြို့နယ်မှ တောင်သူ ခွန်တကျော် က ပြောပါတယ်။

ရှမ်းတောင်က တောင်သူအများစုဟာ ပြောင်းကို အဓိက စိုက်ပျိုးကြတာဖြစ်တဲ့ အတွက် တောင်သူ အကျိုးမယုတ်ဖို့ မျိုးစေ့တု ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူကပြောပါတယ်။

NK625 ပြောင်းမျိုးစေ့ထုပ် အစစ် အတုကို ပုံပါအတိုင်းလည်း ခွဲခြားနိုင်ပါတယ်။

CJ-2

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး