ဒေသတွင်းသတင်း

ရှမ်းတောင်မှာ သင်္ကြန်ကာလအပြီး ကြက်သွန်နီဈေး ၃ ဆနီးပါးတက်

မဲခေါင် 9 May - 2023
မဲခေါင်၊ မေ ၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလပြီးကတည်းက ကြက်သွန်နီဈေး ၃ ဆနီးပါး ခုန်တက်လာတာကြောင့် စားသုံးသူတွေ အခက်တွေ့နေကြတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလပြီးကတည်းက ကြက်သွန်နီဈေး ၃ ဆနီးပါး ခုန်တက်လာတာကြောင့် စားသုံးသူတွေ အခက်တွေ့နေကြတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

တောင်ကြီးမြို့မှာ သင်္ကြန်ကာလမတိုင်ခင်က ကြက်သွန်နီ တစ်ပိဿာဈေးဟာ ၁,၁၀၀ ကျပ်လောက်ပဲ ရှိခဲ့ရာက သင်္ကြန်ကာလအပြီး ၁,၆၀၀ ကျပ်- ၂,၀၀၀ ကျပ်ကနေ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး ဒီနေ့(မေလ ၉)မှာတော့ ၃,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာတာပါ။

အဝေရာပျံကျဈေးမှာ ကြက်သွန်နီရောင်းချနေသူ အသက် ၅၀ အရွယ် အမျိုးသမီးက “နိုင်ငံခြားက ဆွဲနေလို့ ဈေးတက်တာ ပြောတယ်။ ကြောက်ပြီး ဝယ်လှောင်ကြတာလည်း ပါတယ်။ တချို့ပွဲစားတွေက ဈေးပိုခေါ်တာပေါ့။ ပြီးတော့ ကြက်သွန် မပေါ်ခင်ကတည်းက ငွေကြိုချထားပြီး ဈေးဖြတ်ထားတာ။ ကြက်သွန်ပေါ်တာနဲ့ အလုံးသိမ်းပြီး တက်ဈေးနဲ့ ပြန်ရောင်းကြတာပေါ့။ တောင်သူတွေက ထုတ်မရောင်းပဲ ဥထားတာလည်း ရှိတယ်” လို့ ပြောပါတယ်။

သင်္ကြန်ကာလအပြီး ကြက်သွန်နီဈေးတက်ရတဲ့ အကြောင်းအရင်းဟာ အလှူပွဲတွေများလာခြင်း၊ တရုတ်နိုင်ငံက ဝင်လာတဲ့ ကြက်သွန်တွေ အရည်သွေး ညံ့ဖျင်းခြင်း၊ မိုးစိုက်ကြက်သွန်နီအထွက် နောက်ကျနိုင်ခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပြပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ကို ကြက်သွန်နီ အဓိကတင်ပို့နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတဲ့အပြင် လမ်းတွေပိတ်ထားပြီး စိုက်ပျိုးရေးသုံး ပစ္စည်းတွေ တောင်သူတွေဆီကို အချိန်မီ မရောက်နိုင်တာကြောင့်လည်း ဈေးတက်လာတာလို့ ဆိုပါတယ်။

ကြက်သွန်ဈေး အဆမတန် တက်လာတာကြောင့် စားသုံးသူ အိမ်ရှင်မတွေအပြင် စားသောက်ကုန်ပစ္စည်း ရောင်းချသူတွေကပါ အခက်တွေ့နေပြီး တွက်ခြေမကိုက် ဖြစ်လာတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့၊ ကျောက်တစ်လုံး လမ်းမကြီးပေါ်မှာ ထမင်းဆိုင်ဖွင့်ထားသူ အမျိုးသမီး တစ်ဦးက “ဆန်ဈေးကလည်း တစ်သိန်းနားကပ်၊ ကြက်သွန်ဈေးကလည်း တက်လာတော့ ဘယ်လို ဆက်ရောင်းရမလဲ မသိတော့ဘူး။ ပျံကျဆိုင်တွေက ဟင်းတစ်ပွဲ ၂,၀၀၀ ထက် ပိုရောင်းလိုက်ရင် ဘယ်သူမှ ဝယ်မစားကြတော့ဘူး။ ဗမာဟင်းတွေက ကြက်သွန်နီ အဓိက သုံးနေရတော့ ခက်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ထမင်းဆိုင်တွေအနေနဲ့ တရုတ်ကြက်သွန်နီတွေကို အသုံးပြုမယ် ဆိုပါကလည်း လိုသလောက်မရနိုင်ခြင်းနဲ့ အရသာမရှိခြင်း စတဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သူက ဆက်ပြောပြပါတယ်။

အခုလို ကြက်သွန်နီဈေးတွေ တက်လာပေမယ့် ဓါတ်မြေဩဇာ ဈေးနှုန်းဟာ ၂ ဆနီးပါး မြင့်တက်လာတာကြောင့် စိုက်ပျိုးသူတွေ အနေနဲ့ တွက်ခြေမကိုက် ဖြစ်နေပြီး စားသုံးသူတွေဘက်ကလည်း ဈေးနှုန်းမြင့်လာတဲ့ဒဏ်ကို ခံစားနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်ကြီးမြို့ရဲ့ ကြက်သွန်နီ လက်ကားပွဲရုံတွေမှာ ကြက်သွန်နီ တစ်ပိဿာဈေးနှုန်း ရှယ် ၂,၅၀၀၊ လတ်ကြီး, လတ်သန့် ၂,၄၀၀၊ လတ်ချော ၂,၂၀၀ စသဖြင့် အသီးသီးပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

ကြက်သွန်နီဈေး တက်ရတဲ့ အကြောင်းအရင်းအနေနဲ့ တောင်ကြီးမြို့က ပွဲရုံပိုင်ရှင်တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်တို့က အဓိက ဝယ်ယူနေတာကြောင့်လို့ သိရပြီး ဒီထက်မက ဈေးတက်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားပါတယ်။

ဒါပေမယ့် ၂၀၁၉ ခုနှစ်ကလို စံချိန်တင် မြင့်တက်လာဖို့ကတော့ ဝယ်လိုအားနဲ့ နိုင်ငံရေး အခြေအနေပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။

CJ – 007

#MeKongNews

#ရှမ်းတောင်

#ကြက်သွန်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး