မဲခေါင်၊ မတ် ၈
ရန်ကုန်မြို့က မြို့တော်ခန်းမနဲ့ ရွှေတိဂုံဘုရား အနောက်ဘက် ပြည်သူ့ရင်ပြင် အပါအဝင် ရန်ကုန်မြို့မှာ သင်္ကြန် မဏ္ဍပ်တွေ ဆောက်လုပ်မယ်လို့ စစ်ကောင်စီရဲ့ မြို့တော်စည်ပင်က မနေ့က ကြေညာလိုက်ပါတယ်။
လာမယ့် ဧပြီလမှာ ကျရောက်မယ့် သင်္ကြန်ပွဲ အတွက် စစ်ကောင်စီက ပြည်သူ့ရင်ပြင်မှာ ဗဟိုမဏ္ဍပ်၊ မြို့တော်ခန်းမမှာ မြို့တော် မဏ္ဍပ် ပြုလုပ်မယ်ဆိုပြီး ဆောက်လုပ်မှုတွေ စတင်နေတာ ဖြစ်ပါတယ်။
ဒီမဏ္ဍပ်တွေမှာ အနုပညာရှင်တွေ လာရောက် ဖျော်ဖြေမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် အနုပညာရှင် ဘယ်သူတွေ ဆိုတာကိုတော့ မပြောထားပါဘူး။
လက်ရှိ ရန်ကုန်မြို့ ရပ်ကွက်တွေမှာ သင်္ကြန်မဏ္ဍပ် ယိမ်းကဖို့ အမျိုးသမီးတွေကို စစ်ကောင်စီက ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ဖြစ်ပွားခဲ့လို့ သင်္ကြန်ပွဲ မပြုလုပ်ခဲ့ပဲ ၂၀၂၁ ခုနှစ်မှာ ပြုလုပ်ဖို့ ပြည်သူတွေ အားခဲထားပေမဲ့ စစ်တပ်က အာဏာသိမ်းခဲ့လို့ ပွဲမစည်ခဲ့ပါဘူး။
မနှစ်ကလည်း စစ်ကောင်စီ အနေနဲ့ သင်္ကြန်မဏ္ဍပ်တွေ ဆောက်ပြီး လူစည်းကားအောင် ကြိုးစားခဲ့ပေမဲ့ ပြည်သူတွေ မပါဝင်လို့ စစ်တပ် ထောက်ခံသူတွေနဲ့ ဘာသာရေး အစွန်းရောက် မ.ဘ.သ တွေကို နေ့စားခပေးပြီး လူစည်ကားသယောင် ပြုလုပ်ခဲ့ရပါတယ်။
MK-007