ဒေသတွင်းသတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းကို အားပြင်းတဲ့ မိုချာမုန်တိုင်း ဝင်ရောက်နိုင်

မဲခေါင် 10 May - 2023
မဲခေါင်၊ မေ ၁၀ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အားပြင်းတဲ့ မိုချားမုန်တိုင်းဟာ မေလ ၁၃ နဲ့ ၁၄ ရက်တွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်လာမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် မစုစုစံက ဒီကနေ့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ မေ ၁၀

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အားပြင်းတဲ့ မိုချားမုန်တိုင်းဟာ မေလ ၁၃ နဲ့ ၁၄ ရက်တွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်လာမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် မစုစုစံက ဒီကနေ့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ မုန်တိုင်းအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုအပ်တယ်လို့ သတိပေးထားပြီး ရခိုင်တောင်ပိုင်းနဲ့ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကတော့ စိုးရိမ်စရာမရှိဘူးလို့ သုံးသပ်ပြောဆိုထားပါတယ်။

မိုချားမုန်တိုင်းနဲ့ အတူ မိုးရွာသွန်းမှုကတော့ နိုင်ငံအနှံအပြား ဖြစ်ပေါ်လာမှာကြောင့် ရေကြီးရေလျှံဖြစ်တတ်တဲ့ဒေသတွေ၊ နှစ်ချို့သစ်ပင်အိုတွေရှိတဲ့ နေရာတွေမှာတော့ မြေပြိုတာ၊ သစ်ပင်အိုတွေလဲကျတာတွေလည်းဖြစ်နိုင်တယ်လို့ မစုစုစံက သတိပေးထားတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ မိုချာမုန်တိုင်းဟာ မြန်မာပြည်သူတွေရဲ့ အိမ်မက်ဆိုးဖြစ်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းထက်ပြင်းထန်နိုင်တာ မှန်ပေမဲ့ ရခိုင်ရိုးမ တောင်တန်းတွေကြောင့် မုန်တိုင်းအရှိန်ပျော့နိုင်ပြီး ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဘက်မှာဆိုရင်တော့ နာဂစ်ထက် ပိုပြီး ဖျက်ဆီးနိုင်တယ်လို့ ပြောဆိုထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ခန့်မှန်းမိုးရေချိန် ၁၀ လက်မထိ ရွာသွန်းနိုင်တယ်လို့ ဦးဝင်းနိုင် က သုံးသပ်ပြောဆိုထားပါတယ်။

MK-007

#MeKongNews

#မိုချာမုန်တိုင်း

#ရခိုင်မြောက်ပိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး