ဒေသတွင်းသတင်း

မွေတော်ကက္ကူဘုရားဖူးတွေ သက်တမ်းရင့် ညောင်ပင်ကြီးတွေ ပြိုလဲမှုအန္တရာယ် သတိပြုဖို့ လိုအပ်

မဲခေါင် 9 May - 2023
မဲခေါင်၊ မေ ၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တလုံးကြီးမြို့နယ်၊ ကက္ကူရွာမှာရှိတဲ့ မွေတော်ကက္ကူဘုရားမှာ ဒီနှစ်ပိုင်း အတွင်း သက်တမ်းရင့် ညောင်ပင်ကြီးတွေ ပြိုလဲမှု မကြာခဏ ဖြစ်နေတာကြောင့် သတိပြုကြဖို့ ဒေသခံတွေက ဘုရားဖူးတွေကို တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်၊ မေ ၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တလုံးကြီးမြို့နယ်၊ ကက္ကူရွာမှာရှိတဲ့ မွေတော်ကက္ကူဘုရားမှာ ဒီနှစ်ပိုင်း အတွင်း သက်တမ်းရင့် ညောင်ပင်ကြီးတွေ ပြိုလဲမှု မကြာခဏ ဖြစ်နေတာကြောင့် သတိပြုကြဖို့ ဒေသခံတွေက ဘုရားဖူးတွေကို တိုက်တွန်းလိုက်ပါတယ်။

မွေတော်ကက္ကူဘုရားဟာ တောင်ကြီးမြို့ကနေ ကားနဲ့ တစ်နာရီခွဲခန့်သာ သွားရတာကြောင့် ခရီးသွားများစွာ လာရောက်တဲ့ အထင်ကရနေရာ ဖြစ်ကာ မေလ ၆ ရက်က ဘုရားဖူးကား တစ်စီးပေါ် ညောင်ပင် တစ်ပင် ပြိုလဲခဲ့တယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ဧည့်သည်တွေ ဘုရားပေါ် ရောက်ချိန်ဆိုတော့ အရိပ်ရတဲ့ နေရာ ရှာရပ်ကြတာ။ သစ်ပင် သက်တမ်းတွေက များပြီဆိုတော့ ဂရုစိုက်သင့်တယ်။ ရပ်ဝေး ဧည့်သည်တွေကို ပိုဂရုစိုက်သင့်၊ သတိပေးသင့်တယ်” လို့ သူက ပြောပါတယ်။

ဘုရားရင်ပြင်ရှေ့မှာ သက်တမ်း နှစ် ၁၀၀ ကျော်ပြီဖြစ်တဲ့ ညောင်ပင် ၇၀ ခန့်ရှိပြီး ဘုရားဖူးတွေ အနားယူဖို့ ညောင်ပင် ခြေရင်း ပတ်လည်မှာ ခုံတွေ ပြုလုပ်ပေးထားတာကြောင့် ကားသမားများ အနားယူလေ့ ရှိသလို ကားတွေကို အရိပ်ရတဲ့ ညောင်ပင်တန်းအောက်မှာ ရပ်လေ့ရှိတာကြောင့် အခုလို သတိပေးရတာလို့ ဆိုပါတယ်။

သက်တမ်းရင့် ညောင်ပင်ကြီးတွေဟာ လွန်ခဲ့တဲ့ ၄ နှစ်ကစကာ အလွယ်တကူ ကျိုးကျလေ့ရှိပြီး ၂၀၁၉ ခုနှစ်မှာ အမြင့်ပေ ၈၀ ခန့်ရှိတဲ့ ညောင်ပင် တစ်ပင် အမြစ်မှ ကျွတ်ပြီး လဲကျတာကြောင့် လူတစ်ဦး ထိခိုက်ကာ ဂေါပကရုံး ပျက်စီးခဲ့ရသလို ၂၀၂၀ ခုနှစ်မှာလည်း မိုးရေကြောင့် အမြစ်များ ဆွေးမြေ့ပြီး လဲကျခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှေးဟောင်းသုတေသနနဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ကတော့ မွေတော်ကက္ကူဘုရားကို ခရစ်နှစ် ၁,၈၀၀ ခန့်က ယွန်းရှမ်းလူမျိုးတွေ တည်ထားခဲ့ဟန်ရှိတယ်လို့ ဘုရားမှာ တွေ့ရသော နတ်ရုပ် တွေရဲ့ အနေအထားကို ကြည့်ပြီး သုံးသပ်ထားပါတယ်။

ညောင်ပင်တွေ စိုက်ခဲ့တဲ့ မှတ်တမ်းကို သီးခြား မတွေ့ရပေမယ့် ဒေသခံတွေ အဆိုအရ အနည်းဆုံး နှစ် ၁၀၀ ခန့်ရှိပြီလို့ ဆိုပါတယ်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ ရှိတဲ့ မွေတော်ကက္ကူဘုရားကို ရှေးဟောင်း သာသနာ့နယ်မြေ အဖြစ် သတ်မှတ်ပြီး ပအိုဝ်းပြည်သူ့စစ်-PNO က လုံခြုံရေး ယူထားပေမယ့် အခုလို ညောင်ပင်တွေ ကျိုးကျလို့ ဘုရားဖူးတွေနဲ့ ယာဉ်တွေ ထိခိုက်တာ မဖြစ်အောင် သတိပေးတာတွေတော့ မရှိပါဘူး။

အခုနှစ် နွေရာသီမှာ နမ့်ဗေး ရေတံခွန်ကို လာလည်ရင်း ၁၅ မိနစ်သာဝေးတဲ့ မွေတော်ကက္ကူဘုရားကို ဝင်ဖူးကြသူတွေနဲ့ စည်းကားနေပြီး ဒေသထွက်ကုန်များ ရောင်းချတဲ့ ကက္ကူဈေးအပြင် ဘုရားရှေ့က ညောင်ပင်တန်းကြီးအောက်မှာ အနားယူသူတွေနဲ့ စည်ကားနေတာ ဖြစ်ပါတယ်။

CJ – 001

#MeKongNews

#မွေတော်ကက္ကူ

#ပအိုဝ်းပြည်သူ့စစ်

#ညောင်ပင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ