ဒေသတွင်းသတင်း

မြဝတီ-မဲဆောက် အမှတ် (၁) တံတားကနေ ၂ နိုင်ငံ ကူးသန်းသွားလာခွင့်ရ

မဲခေါင် 12 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၂ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်ကနေ ယာယီ လက်မှတ်တွေနဲ့ မဲဆောက်မြို့တွင်း သွားလာခွင့်ရပြီလို့ မြဝတီ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်ကနေ ယာယီ လက်မှတ်တွေနဲ့ မဲဆောက်မြို့တွင်း သွားလာခွင့်ရပြီလို့ မြဝတီ ဒေသခံတွေထံက သိရပါတယ်။

၃ နှစ်ဝန်းကျင် ပိတ်ထားခဲ့တဲ့ မြဝတီ-မဲဆောက် အမှတ် (၁) တံတားကို ဒီနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ နယ်စပ် အာဏာပိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

“ပေးကူးပြီလို့တော့ ပြောတယ်။ M 64 ကတော့ မရသေးဘူး။ တံတားထိပ် ထိုင်းဘက်ခြမ်းမှာတော့ ကိုဗစ်ဆေး ထိုးရတယ် ပြောတာပဲ။ တနေ့တာ စာအုပ်တွေပဲ အရင်လို ပြန်ထုတ်ပေးတာ ဖြစ်မယ်” လို့ မြဝတီ ဒေသခံ တဦးက ပြောပါတယ်။

ကိုဗစ် မဖြစ်ခင်က မြဝတီ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ တရက် ဒါမှမဟုတ် ၇ ရက် ယာယီ လက်မှတ်နဲ့ ထိုင်းနိုင်ငံဘက် သွားလာခွင့် ရခဲ့တာဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံဘက်က ၇ ရက် သွားလာခွင့်ကတ် ထုတ်ပေးပေမယ့် မြန်မာဘက်ကတော့ တရက်သာ ခွင့်ပြုချက် ပေးထားလို့ မနက် ၆ နာရီခွဲကနေ ညနေ ၆ နာရီခွဲ အထိသာ သွားလာခွင့်ရှိတယ်လို့ ထိုင်းနိုင်ငံဘက် ဈေးသွားဝယ်သူ တဦးက ပြောပါတယ်။

တံတားပေါ်ကနေ မြန်မာနဲ့ ထိုင်းဘက်က လိုင်စင်ရှိပြီး အလေးချိန် ၂,၂၀၀ KG မကျော်တဲ့ အိမ်စီးကားတွေကို ဖြတ်သန်းခွင့် ပြုမယ်လို့ သိရပြီး မြန်မာနိုင်ငံသားတွေ အနေနဲ့ ဖဝေါ၊ မဲ့ကဆာရေတံခွန်၊ ဖုတ်ဖရနဲ့ လိုက်တရဝါန် အထိ သွားလို့ရမှာဖြစ်ကာ ထိုင်းနိုင်ငံသား တွေကတော့ မြဝတီမြို့ထဲထိ သွားနိုင်တယ်လို့ သိရပါတယ်။

တံတားဖွင့်ပွဲ တက်ရောက်ခဲ့တဲ့ မြဝတီမြို့နယ်စပ် ကုန်သွယ်ရေး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ် က “အဓိက ကတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အားလုံး အတွက် ကောင်းတာပေါ့။ အရင်တုန်း ကတော့ ကိုဗစ်နဲ့ တံတား (၂) ကနေ ကုန်သွယ်မှုက မပြတ်ပါဘူး။ အခုကျတော့ ကိုယ်တိုင်သွားလို့ ရတာပေါ့။ ပိတ်ထားတဲ့ အချိန်ကဆို အွန်လိုင်းနဲ့ စကားပြောကြတယ်။ ပစ္စည်းတွေ နမူနာလည်း လိုင်းနဲ့ပဲပြတော့ တခါတလေကျရင် မှားယွင်းတာလေးတွေ ရှိတာပေါ့။ ငွေပေးငွေယူ ကိစ္စတွေ မှာလည်း အရမ်းခက်ခဲတယ်။ အခုဖွင့်လိုက်တော့ အားလုံးအတွက် အဆင်ပြေတာပေါ့” လို့ မီဒီယာတွေကို ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကို ပြန်လည်ဖွင့်လှစ်တဲ့ အတွက် ဒေသတွင်း အလုပ်အကိုင်၊ စီးပွားရေး အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်လာနိုင်ပေမယ့် မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ် မှုတွေကြောင့် တံတားကနေ ဖြတ်သန်း သွားလာနိုင်မယ့် အခြေအနေကို စောင့်ကြည့်ရမယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး