ဒေသတွင်းသတင်း

မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိ ရုပ်သံနဲ့ရှင်းလင်း

မဲခေါင် 10 Mar - 2023
မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အရာရှိ တစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံထားရတယ်လို့ ဒေသတွင်း သတင်း Hsan Loi Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိက ဒီကနေ့ ပြန်လည်ဖြေရှင်း ထားပါတယ်။

မဲခေါင်၊ မတ် ၁၀

ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အရာရှိ တစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံထားရတယ်လို့ ဒေသတွင်း သတင်း Hsan Loi Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိက ဒီကနေ့ ပြန်လည်ဖြေရှင်း ထားပါတယ်။

Hsan Loi Voice သတင်းစာမျက်နှာမှာ SSPP ပါတီ အရာရှိ စိုင်းကောလိန် ဆိုသူ လားရိူးမြို့နယ်၊ နမ့်ပေါင် ကျေးရွာ တံတားထိပ်မှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ မနေ့က ဖော်ပြထားတာဟာ သတင်းမှားသာ ဖြစ်တယ်လို့ ကိုစိုင်းကောလိန် ကိုယ်တိုင် ရုပ်သံနဲ့ ပြန်လည် ဖြေရှင်းထားတာပါ။

မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးခံရတယ်လို့ စွပ်စွဲခံရတဲ့ SSPP အရာရှိ ကိုစိုင်းကောလိန်ဟာ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ မပတ်သက်သလို ပါတီမှာ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဆိုတာ ဒီရုပ်သံက သက်သေပဲလို့ ရှမ်းပြည်တိုးတတ်ရေးပါတီက တုံ့ပြန်ပါတယ်။

Hsan Loi Voice သတင်းဌာန ဆိုတာဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ -RCSS အာဘော် Taifreedom သတင်းဌာနရဲ့ လက်အောက်ခံ သတင်းဌာန ဖြစ်တယ်လို့ SSPP Info က တုံ့ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အတွင်း အင်အားအကြီးဆုံး တော်လှန်ရေး ပါတီ ၂ ခုလို့ ဆိုရမဲ့ SSPP နဲ့ RCSS ဟာ နိုင်ငံရေး သာမက စစ်ရေးမှာပါ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေက ‌ဝေဖန်နေကြပါတယ်။

ဗိုလ်ချုပ်ကြီးစဝ်ရွက်စစ် ဦးဆောင်တဲ့ RCSS အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး-NCA စာချုပ် လက်မှတ်ရေးထိုး ထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

မိုင်းရယ်မြို့နယ်မှာ SSPP/SSA က လောင်းကစားခုံတွေ မီးရှို့ဖျက်ဆီးပြီး ဒိုင်တွေကို အရေးယူ

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA၊ အုပ်ချုပ်ရေးဌာနက လောင်းကစားခုံတွေ သိမ်းပြီး မီးရှို့ဖျက်ဆီးကာ
ဒေသတွင်းသတင်း

နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

မဲခေါင်၊ မတ် ၂၃ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား၊ တောအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က
ဒေသတွင်းသတင်း

ဗိဿနိုးမှာ ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ကို ရဲဖမ်းသွား

မဲခေါင်၊ မတ် ၂၃ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင် ဗိဿနိုးဒေသမှာ မနေ့ ညပိုင်းက ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ လူမှုကွန်ရက်မှ တိုက်ရိုက် ထုတ်လွှင့်နေစဉ် ဝီစီများမှုတ်ပြီး မပြေးနဲ့ မပြေးနဲ့ ဆိုကာ ရဲက
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက
ဒေသတွင်းသတင်း

ခရီးသည် ၇၀၀ လိုက်ပါလာတဲ့ ရန်ကုန်-မန္တလေး အဆန်ရထား မိုင်းခွဲခံရ

မဲခေါင်၊ မတ် ၂၂ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားဟာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အနီးမှာ ဒီကနေ့ မနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခံရပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့နယ် နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ကျေးရွာ ၁၀ ရွာ ရေအသုံးပြုမရ ဖြစ်နေ

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးနဲ့ နမ့်ဖက်ကာ ကြားက နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ချောင်းရေတွေ နောက်ကျိကာ အနီးနားက ကျေးရွာ ၁၀ ရွာ ရေအသုံးပြုလို့ မရ ဖြစ်နေတယ်လို့
ဒေသတွင်းသတင်း

လူမှုကွန်ရက်မှာ ဝေဖန်မှုတွေကြောင့် နမ္မတူ-ကျားစခန်း ရထားသံလမ်းဖြုတ်မှု သတ္တုကုမ္ပဏီ ယာယီရပ်ဆိုင်း

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်၊ မြောက်ပိုင်း သတ္တုမိုင်းမြို့ဖြစ်တဲ့ နမ္မတူမြို့နဲ့ ကျားစခန်းကို ဆက်သွယ်ထားတဲ့ သမိုင်းဝင် ရထားလမ်းရဲ့ သံလမ်း ဖြုတ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ သတ္တုကုမ္ပဏီဘက်က ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက
ဒေသတွင်းသတင်း

ချင်းမိုင်မှာ မိုးသီးတွေ လယ်ကွက်ထဲ ဖွေးဖွေးလှုပ်ကျ

မဲခေါင်၊ မတ် ၁၉ မတ် ၁၈ ရက်နေ့က ချင်းမိုင်မှာ လေမုန်းတိုင်းနဲ့ မိုးသက်လေပြင်းကျလို့ ပျက်စီး ဆုံးရှုံးမှု များခဲ့သလို ဒီကနေ့ မတ် ၁၉ ရက်နေ့မှာလည်း မဲဆောက်ခရိုင် မယ်ချွန်းနဲ့ ဘန်ပေး ဒေသတွေမှာ