ဒေသတွင်းသတင်း

မီးရှူး၊ မီးပန်းနဲ့ ဗျောက်အိုး ရောင်းချပါက အရေးယူမယ်လို့ ဆီဆိုင်မြို့နယ်စည်ပင် ခြိမ်းခြောက်

မဲခေါင် 4 Oct - 2022
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ မီးရှူး မီးပန်းနဲ့ ဗျောက်အိုးတွေ ရောင်းချပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ မြို့နယ်စည်ပင်သာယာရေးဌာနက ဒီကနေ့ သတိပေးစာ ထုတ်ပြန်ပါတယ်။ လာမယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတွေမှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုး၊ ပေသီး၊ ပေအိုး ပစ်လွှတ်‌တာတွေ မလုပ်ဖို့ သတိပေးတားမြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ တောင်ကြီးမှာတော့ နှစ်တိုင်း သတိပေးစာ ထုတ်နေတာပဲ။ လမ်းဘေးမှာ တစ်ရာအမြတ်၊ နှစ်ရာ အမြတ်လေး ရဖို့ ရောင်းတဲ့ သူတွေဆို အယောင်ပြဖမ်းတယ်။ တကယ့်ဆိုင်ကြီး၊ ဒိုင်‌တွေ၊ ဝင်လာတဲ့ လမ်းကြောင်းတွေဆို ဘယ်သူမှ မထိရဲကြဘူး။ အိုးရှင်းပေါ်မှာတောင် ပေါ်တင်ကြီး

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ မီးရှူး မီးပန်းနဲ့ ဗျောက်အိုးတွေ ရောင်းချပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ မြို့နယ်စည်ပင်သာယာရေးဌာနက ဒီကနေ့ သတိပေးစာ ထုတ်ပြန်ပါတယ်။

လာမယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတွေမှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုး၊ ပေသီး၊ ပေအိုး ပစ်လွှတ်‌တာတွေ မလုပ်ဖို့ သတိပေးတားမြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ တောင်ကြီးမှာတော့ နှစ်တိုင်း သတိပေးစာ ထုတ်နေတာပဲ။ လမ်းဘေးမှာ တစ်ရာအမြတ်၊ နှစ်ရာ အမြတ်လေး ရဖို့ ရောင်းတဲ့ သူတွေဆို အယောင်ပြဖမ်းတယ်။ တကယ့်ဆိုင်ကြီး၊ ဒိုင်‌တွေ၊ ဝင်လာတဲ့ လမ်းကြောင်းတွေဆို ဘယ်သူမှ မထိရဲကြဘူး။ အိုးရှင်းပေါ်မှာတောင် ပေါ်တင်ကြီး ရောင်းနေတာ”  လို့ တောင်ကြီး ဒေသခံ တစ်ဦးက ပြောပါတယ်။

မီးရှူး မီးပန်း ပစ်ဖောက်တာတွေကြောင့် ရဟန်းရှင်လူ ပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေ အထိတ်တလန့် ဖြစ်ရတာ၊ နာမကျန်း ရောဂါ ခံစားနေရသူတွေ စိတ်အနှောင့်အယှက် ဖြစ်ရတာ၊ မီးဘေး အန္တရာယ် စိုးရိမ်ရတာ၊ မသမာသူ တွေရဲ့ အဖျက်အမှောင့်၊ အနှောင့်အယှက် ပရောဂတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် တားမြစ်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆီဆိုင်မြို့နယ် အတွင်းမှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုး၊ ပေသီး၊ ပေအိုးတွေ သိုလှောင်တာ၊ ရောင်းချတာ လုံးဝ မပြုလုပ်ဖို့နဲ့ မလိုက်နာပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး