ဒေသတွင်းသတင်း

မီဇိုရမ်မှာ မြန်မာနှစ်ဦးကို ဖောက်ခွဲစက် အလုံး ၁၀၀ ဖမ်းမိဟု အိန္ဒိယထုတ်ပြန်

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယ-မြန်မာနယ်စပ်နားက မီဇိုရမ်ပြည်နယ် ချမ်ပိုင်းခရိုင်မှာ မြန်မာနိုင်ငံသားနှစ်ဦးကို ဖောက်ခွဲစက် (detonators) အလုံး ၁၀၀ နဲ့ ဖမ်းဆီးရမိတယ်လို့ အိန္ဒိယ ဒေသခံအာဏာပိုင်တွေက ဇန်နဝါရီ ၁၆ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယ-မြန်မာနယ်စပ်နားက မီဇိုရမ်ပြည်နယ် ချမ်ပိုင်းခရိုင်မှာ မြန်မာနိုင်ငံသားနှစ်ဦးကို ဖောက်ခွဲစက် (detonators) အလုံး ၁၀၀ နဲ့ ဖမ်းဆီးရမိတယ်လို့ အိန္ဒိယ ဒေသခံအာဏာပိုင်တွေက ဇန်နဝါရီ ၁၆ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ စိတ်ကြွမူးယစ်ဆေးဝါးနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေဆီ လက်နက်မှောင်ခို သွင်းမှုတွေကို တားဆီးဖို့ အာသံရိုင်ဖယ် နယ်ခြားစောင့်တပ်၊ မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်အဖွဲ့တွေပေါင်းပြီး စစ်ဆေးရေးလုပ်စဉ်မှာ ဒီလိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တစ်ရက်တည်းမှာပဲ ရှာဖွေစစ်ဆေးမှုတွေကနေ ဆေးခြောက် ၆.၃၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား တန်ကြေး ရူပီး ၄.၆၉ သိန်းဖိုးကို ဇော့တီရွာနားမှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။

မီဇိုရမ်ဟာ မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ စစ်သားနဲ့ရဲ CDM တွေ၊ စစ်ဘေးရှောင်တွေသောင်းချီလက်ခံထားတဲ့ ပြည်နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အိန္ဒိယပြည်ထဲရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကိုလာပြီးစစ်ကောင်စီအကြီးအကဲ၊ ရဲချုပ်တို့နဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသ ပူးပေါင်းစစ်ဆေးရေးလုပ်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

Ref: firstpost
MKF – 001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

ရပ်စောက်မှာ သီချင်းဖွင့်တာအသံကျယ်လိုဆိုပြီး ရွာသားတစ်ဦးကို PNO ဖမ်းဆီးနှိပ်စက်

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲက မြို့ဆိုးရွာမှာ ရွာသားတစ်ဦးသူ့ရဲ့နေအိမ်မှာ သီချင်းဖွင့်တာ အသံကျယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပအိုဝ်းပြည်သူ့စစ် - PNO/PNA က စက်တင်ဘာလ
ဒေသတွင်းသတင်း

လွိုင်ကော်မြို့ပေါ်နဲ့ မြို့အဝင် အထွက်မှာ စစ်တပ်ဂိတ်အများအပြားဖွင့်ပြီး အကြောင်းအမျိုးမျိုးပြ ငွေတောင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်နဲ့ မြို့အ၀င်အထွက်လမ်းတွေမှာ စစ်ကောင်စီတပ်က ဂိတ်အများအပြား ဖွင့်ထားပြီး အကြောင်းအမျိုးမျိုးပြ ငွေတောင်း နေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထောင်ဝင်စာပေးပို့ခွင့် ပမာဏ ကန့်သတ်တင်းကျပ်လိုက်လို့ နိုင်ကျဥ်းတွေ အခက်အခဲဖြစ်နေ

တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်တွေမှာ ထောင်ဝင်စာ ပေးပို့ခွင့် ပမာဏကို သြဂုတ်လ ၁၅ ရက်နေ့က စတင် ကန့်သတ် တင်းကျပ်လိုက်တာကြောင့် နိုင်ငံရေး အကျဥ်းသားတွေ အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ SSPPနဲ့ TNLA ကြား ပစ်ခတ်မှုဖြစ်

မြောက်ပိုင်းမဟာမိတ် - FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAနဲ့ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် TNLAတပ်တို့အကြား မနေ့စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အင်းလေး ဖောင်တော်ဦးဘုရားပွဲ စည်ကားဖို့ စစ်ကောင်စီ ဖိအားပေးခိုင်းစေနေတယ်လို့ ဒေသခံတွေဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ လာမယ့် အောက်တိုဘာလ အတွင်း ကျင်းပမယ့် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော် ပွဲတော် စည်ကားစေဖို့ စစ်ကောင်စီက ဖိအားပေး ခိုင်းစေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

လွိုင်ကော်မြို့မှာ မီတာမဆောင်တဲ့ အိမ်တွေကို လျှပ်စစ်ဌာနက မီတာဘောက် လိုက်ဖြုတ်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ မီတာ မဆောင်တဲ့ နေအိမ်တွေကို မနေ့ကစပြီး လျှပ်စစ်ဌာန-EPC က မီတာဘောက်တွေ လိုက်ဖြုတ်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တောင်ကြီးမြို့ အ‌ဝေရာမီးပုံးပျံကွင်းဘေးက ကျူးကျော်တဲတွေ စစ်တိုင်းမှူး အမိန့်နဲ့ဖျက်သိမ်း

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာမီးပုံးပျံကွင်းနဲ့ ဘူတာရုံဘေးက ကျူးကျော်တဲ ၁၀ လုံးကျော်ကို စစ်တိုင်းမှူး အမိန့်နဲ့ ဖျက်သိမ်းလိုက်တယ်လို့ အနီးနားမှာ နေထိုင်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရပ်စောက်မှာ PNO ပြည်သူ့စစ် ဆက်ကြေးတောင်း ငွေညှစ်နေလို့ ဒေသခံတွေ အခက်တွေ့

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ထဲက ကျေးရွာတွေမှာ ပအို၀်း ပြည်သူ့စစ်-PNO က ပြည်သူတွေ ဆီက ဆက်ကြေးတောင်း ငွေညှစ်နေလို့ အခက်တွေ့နေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now