ဒေသတွင်းသတင်း

မိုင်းဆတ် ရဲစခန်းအနီးမှာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူ‌တွေ သောင်းကျန်းနေပေမယ့် လိုင်းကြေးယူထားလို့ ရဲကမဖမ်း

မဲခေါင် 31 Oct - 2022
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မရဲစခန်း အနီးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ‌တွေ သောင်းကျန်း နေပေမယ့် လိုင်းကြေးယူထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ရဲက ဖမ်းဆီး အရေးယူတာ မရှိဘူးလို့ ‌ဒေသခံတွေက ပြောပါတယ်။ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့မရဲစခန်းရဲ့ အနောက်ဘက်မှာ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲနေပြီး ညအချိန်မတော်ထိ သောင်းကျန်းနေပေမယ့် စစ်တပ်နဲ့ ရဲက ဖမ်းဆီး အရေးယူတာ မရှိဘူးလို့ ဆိုပါတယ်။ “ ရဲစခန်းနောက်တည့်တည့်မှာ နေ့ရော၊ ‌ညရော ပေါ်တင်ရောင်းဝယ်တာ၊ သုံးတာတွေ လုပ်နေတာ။ စစ်တပ်နဲ့ ရဲက လိုင်းကြေးယူထားလို့ ထင်တယ်၊ ဘာမှမလုပ်ရဲဘူး။ မနေ့ညကဆို ည ၂ နာရီထိ ဆိုင်ကယ်လီဗာ အကျယ်ကြီး ဖြဲနေကြတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မရဲစခန်း အနီးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ‌တွေ သောင်းကျန်း နေပေမယ့် လိုင်းကြေးယူထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ရဲက ဖမ်းဆီး အရေးယူတာ မရှိဘူးလို့ ‌ဒေသခံတွေက ပြောပါတယ်။

မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့မရဲစခန်းရဲ့ အနောက်ဘက်မှာ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲနေပြီး ညအချိန်မတော်ထိ သောင်းကျန်းနေပေမယ့် စစ်တပ်နဲ့ ရဲက ဖမ်းဆီး အရေးယူတာ မရှိဘူးလို့ ဆိုပါတယ်။

“ ရဲစခန်းနောက်တည့်တည့်မှာ နေ့ရော၊ ‌ညရော ပေါ်တင်ရောင်းဝယ်တာ၊ သုံးတာတွေ လုပ်နေတာ။ စစ်တပ်နဲ့ ရဲက လိုင်းကြေးယူထားလို့ ထင်တယ်၊ ဘာမှမလုပ်ရဲဘူး။ မနေ့ညကဆို ည ၂ နာရီထိ ဆိုင်ကယ်လီဗာ အကျယ်ကြီး ဖြဲနေကြတယ်။ ဘေးအိမ်တွေကို ဆဲဆို သောင်းကျန်းနေကြတာ”  လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းဆတ်မြို့က နေရာအနှံ့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ရှိနေပြီး စစ်တပ်နဲ့ ရဲက ဖမ်းဆီးပေမယ့် ငွေကြေးရယူ ပြန်လွှတ်ပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် မိုင်းဆတ်မြို့မှာ မြို့လည်ခေါင်နဲ့ မြို့ပြင်နေရာ အနှံ့ မူးယစ်ဆေးစွဲသူတွေ၊ အိမ်ယာမဲ့တွေ သွားလာနေတာကို နေ့စဉ် မြင်တွေ့နေရပြီး ခိုးဆိုးလုနှိုက်တွေလည်း ပေါများလာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်ကလည်း မိုင်းဆတ်မြို့၊ ကွက်သစ်ရပ်ကွက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်းရဲ့ နေအိမ်ကို သော့ဖျက်ကာ တီဗွီ၊ စလောင်းဖမ်းစက်၊ မီးစက်၊ အိုးခွက်ပန်းကန်တွေနဲ့ တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်း မှန်သမျှ ခိုးယူခံရမှု ဖြစ်ပွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ