ဒေသတွင်းသတင်း

မိုင်းကိုး အထကမှာ စာမေးပွဲကြေးနဲ့ လစဉ်မီတာခတွေ ကောက်နေလို့ ကျောင်းသားမိဘတွေတိုင်ကြား

မဲခေါင် 18 Feb - 2023
တာချီလိတ်မြို့နယ်အတွင်းက အထက (မိုင်းကိုး)မှာ ကျောင်းအုပ်ဆရာမကြီး ကျောင်းသားတွေထံကနေ လစဉ်မီတာခနဲ့ စာမေးပွဲဖြေဆိုနေကြေးများ ကောက်ခံနေကြောင်း ကျောင်းသားမိဘတွေက မဲခေါင်သတင်းဌာနကို တိုင်ကြားပြောဆိုပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၈

တာချီလိတ်မြို့နယ်အတွင်းက အထက (မိုင်းကိုး)မှာ ကျောင်းအုပ်ဆရာမကြီး ကျောင်းသားတွေထံကနေ လစဉ်မီတာခနဲ့ စာမေးပွဲဖြေဆိုနေကြေးများ ကောက်ခံနေကြောင်း ကျောင်းသားမိဘတွေက မဲခေါင်သတင်းဌာနကို တိုင်ကြားပြောဆိုပါတယ်။

စစ်ကောင်စီကဖွင့်လှစ်တဲ့ ဒီစာသင်နှစ်မှာ တနှစ်ပတ်လုံး စာမေးပွဲ ၄ကြိမ်ဖြေဆိုရပြီး ပထမ ၃ကြိမ်က တစ်ကြိမ်ကို ကျောင်းသားတစ်ဦး ၁၀ဘတ်(ကျပ်၈၅၀ခန့်) ကောက်ခံခဲ့ပြီး နောက်ဆုံးအကြိမ် ဖေဖော်ဝါရီလ ဒုတိယပတ်စာမေးပွဲမှာတော့ ၂၀ဘတ် (ကျပ် ၁၇၀၀ခန့်) ကောက်ခံခဲ့တယ်လို့ မိုင်းကိုးကျေးရွာအုပ်စုအတွင်းက ကျောင်းသားမိဘတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

“နောက်ဆုံးစာမေးပွဲမှာ ၂ဆ တိုးပြီးကောက်တယ်။ ဒီလိုကောက်တာက တစ်ဦးချင်းအတွက် ဘာမှဖြစ်တဲ့ ပမာဏမဟုတ်ဘူးဆိုပေမယ့် ကျောင်းသားများတဲ့ မိဘတွေအတွက်ကျတော့ အခက်အခဲဖြစ်တယ်။ ပြီးတော့ ကျေးရွာဘက်တွေဆိုတာ မြို့ပေါ်တွေလို ဝင်ငွေကောင်းကြတာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လစဉ်တိုင်းလည်း မီတာခလို့ဆိုပြီး ကျောင်းသားတစ်ဦးကို ၁၀ဘတ် ကောက်ခံသေးတယ်လို့ နောက်ထပ်ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

စာမေးပွဲကြေးနဲ့ လစဉ်မီတာကြေးတွေကို ကျောင်းသားတွေဆီကနေ ကောက်ခံခွင့်မရှိသလို ရေဖိုး၊ အမှိုက်ဖိုးတွေလည်း ကောက်ခံခွင့်မရှိဘူးလို့ တာချီလိတ်မြို့နယ်အတွင်းက အခြေခံပညာကျောင်းဆရာမတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ဒါပေမယ့် အထက မိုင်းကိုးမှ မဟုတ်ဘဲ အခြားကျောင်းတွေမှာလည်း ကျောင်းသားတွေဆီကနေ လစဉ်အကြောင်းအမျိုးမျိုးပြပြီး ကောက်ခံနေတာမျိုး ရှိတယ်လို့ သူက ထပ်ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကာလက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် ပြည်သူတွေ နစ်နာရသမျှကို တိုင်ပြပြောပြလို့ ရပေမယ့် အခုအချိန်မှာတော့ လွတ်လပ်တဲ့သတင်းဌာနတွေကိုသာ အရဲစွန့်ပြီး ပြောနေရတယ်လို့ တာချီလိတ်ဒေသခံတွေက ဆိုပါတယ်။

MK – 004

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

ဗိဿနိုးမှာ ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ကို ရဲဖမ်းသွား

မဲခေါင်၊ မတ် ၂၃ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင် ဗိဿနိုးဒေသမှာ မနေ့ ညပိုင်းက ဝိညာဉ်ရှာဖွေတဲ့အဖွဲ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင်
ဒေသတွင်းသတင်း

ခရီးသည် ၇၀၀ လိုက်ပါလာတဲ့ ရန်ကုန်-မန္တလေး အဆန်ရထား မိုင်းခွဲခံရ

မဲခေါင်၊ မတ် ၂၂ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားဟာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အနီးမှာ ဒီကနေ့ မနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခံရပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့နယ် နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ကျေးရွာ ၁၀ ရွာ ရေအသုံးပြုမရ ဖြစ်နေ

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးနဲ့ နမ့်ဖက်ကာ ကြားက နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ချောင်းရေတွေ နောက်ကျိကာ အနီးနားက ကျေးရွာ ၁၀ ရွာ ရေအသုံးပြုလို့ မရ ဖြစ်နေတယ်လို့
ဒေသတွင်းသတင်း

လူမှုကွန်ရက်မှာ ဝေဖန်မှုတွေကြောင့် နမ္မတူ-ကျားစခန်း ရထားသံလမ်းဖြုတ်မှု သတ္တုကုမ္ပဏီ ယာယီရပ်ဆိုင်း

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်၊ မြောက်ပိုင်း သတ္တုမိုင်းမြို့ဖြစ်တဲ့ နမ္မတူမြို့နဲ့ ကျားစခန်းကို ဆက်သွယ်ထားတဲ့ သမိုင်းဝင် ရထားလမ်းရဲ့ သံလမ်း ဖြုတ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ သတ္တုကုမ္ပဏီဘက်က ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက
ဒေသတွင်းသတင်း

ချင်းမိုင်မှာ မိုးသီးတွေ လယ်ကွက်ထဲ ဖွေးဖွေးလှုပ်ကျ

မဲခေါင်၊ မတ် ၁၉ မတ် ၁၈ ရက်နေ့က ချင်းမိုင်မှာ လေမုန်းတိုင်းနဲ့ မိုးသက်လေပြင်းကျလို့ ပျက်စီး ဆုံးရှုံးမှု များခဲ့သလို ဒီကနေ့ မတ် ၁၉ ရက်နေ့မှာလည်း မဲဆောက်ခရိုင် မယ်ချွန်းနဲ့ ဘန်ပေး ဒေသတွေမှာ
ဒေသတွင်းသတင်း

နှစ် ၉၀ ကျော် စည်းကားစွာ ပြုလုပ်လာတဲ့ ကျိုင်းတုံမြို့က စော်ဘွားဈေးပွဲတော် ဒီကနေ့ စတင်ကျင်းပ

မဲခေါင်၊ မတ် ၁၁ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့တာ နှစ်‌ ၉၀ ကျော် ရှိလာပြီ ဖြစ်တဲ့ ဒေသ အထင်ကရ ဈေးပွဲတော်ဖြစ်တဲ့ စော်ဘွား ဈေးပွဲတော်ကို ဒီကနေ့ စတင်
ဒေသတွင်းသတင်း

မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိ ရုပ်သံနဲ့ရှင်းလင်း

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အရာရှိ တစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံထားရတယ်လို့ ဒေသတွင်း သတင်း Hsan Loi Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိက