ဒေသတွင်းသတင်း

မိုချာ မုန်တိုင်းဒဏ်ခံရပြီးပါက အလှူခံရမယ့်နိုင်ငံနဲ့ အဖွဲ့အစည်းစာရင်းကို စစ်ကောင်စီ ကြိုတင်ပြုစု

မဲခေါင် 8 May - 2023
မဲခေါင်၊ မေ ၈ လာမယ့် မေလ ဒုတိယပတ် အတွင်း မြန်မာနိုင်ငံ ဝင်ရောက်နိုင်တယ်လို့ မိုးဇလ ပညာရှင်တွေ ခန့်မှန်းထားတဲ့ မိုချာ-MOCHA ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက်မှာ အလှူခံရမယ့် နိုင်ငံနဲ့ အဖွဲ့အစည်း စာရင်းတွေကို စစ်ကောင်စီက ပြုစုပြီး လုပ်ငန်း စီမံချက် ရေးဆွဲထားခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ မေ ၈

လာမယ့် မေလ ဒုတိယပတ် အတွင်း မြန်မာနိုင်ငံ ဝင်ရောက်နိုင်တယ်လို့ မိုးဇလ ပညာရှင်တွေ ခန့်မှန်းထားတဲ့ မိုချာ-MOCHA ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက်မှာ အလှူခံရမယ့် နိုင်ငံနဲ့ အဖွဲ့အစည်း စာရင်းတွေကို စစ်ကောင်စီက ပြုစုပြီး လုပ်ငန်း စီမံချက် ရေးဆွဲထားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အလှူခံဖို့ စာရင်းပြုစုထားတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ အဓိက ပါဝင်ပြီး အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအောက်က လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းတွေကိုပါ အကြောင်းကြားစာပေးပို့ဖို့ လုပ်ငန်း စီမံချက်မှာ ထည့်သွင်း ရေးဆွဲထားတာတာကို မဲခေါင်သတင်းဌာနက ရရှိတဲ့ လုပ်ငန်းစီမံချက်မှာ တွေ့ရပါတယ်။

အဆိုပါ စီမံချက်ရဲ့ ကြိုတင်ပြင်ဆင်ရေး အပိုင်းမှာ အလှူခံရမယ့် နိုင်ငံနဲ့ အဖွဲ့အစည်းတွေကို အကြောင်းကြားစာ ပေးဖို့၊ လှူဒါန်း ပစ္စည်းတွေ စိစစ် လက်ခံရေး၊ ငွေကြေးသုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချရေးနဲ့ လှူမယ့် ပစ္စည်းတွေကို ပြည်တွင်းမှာ ဝယ်ယူနိုင်ပါက ပစ္စည်း ပြတ်လပ်မှုနဲ့ ဈေးနှုန်း ကြီးမြင့်မှု မဖြစ်ရေး အတွက် လိုအပ်တာတွေကို ကုန်သည်ကြီးများအသင်းနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့တို့ အဓိက ပါဝင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီမံချက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းနဲ့ ၂၀၁၀ ခုနှစ်က ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးချိန် နိုင်ငံတကာက လာရောက်လှူဒါန်းခဲ့တဲ့ အလှူရှင်နိုင်ငံနဲ့ အဖွဲ့အစည်း ၄၂ ဖွဲ့ရဲ့ စာရင်း အပါအဝင် လှူဒါန်းခဲ့တဲ့ ပစ္စည်း စာရင်းတွေကိုလည်း အမျိုးအမည်နဲ့ တကွ ပြုစု ဖော်ပြထားပါတယ်။

မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းနေတဲ့ MOCHA မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်း ဒေသတွေနဲ့ နီးစပ်တဲ့ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတွေမှာ သက်ရောက်မှု ရှိနိုင်ပြီး နိုင်ငံတဝန်း မိုးကြီးတာ၊ လေပြင်း တိုက်ခတ်တာတွေ ဖြစ်လာနိုင်လို့ ပြည်သူတွေ အထူး ပြင်ဆင်ထားဖို့ မိုးလေဝသ လေ့လာ ခန့်မှန်းသူ ဦးဝင်းနိုင်က သုံးသပ် ပြောဆိုထားပါတယ်။

ဒီနေ့ မေလ ၈ ရက်မှာတော့ MOCHA မုန်တိုင်းဟာ ဝင်ရောက်နိုင်တဲ့ တစ်နာရီကို မိုင် ၁၆၀ ကျော်ရှိပြီး အားအလွန်ကောင်းတဲ့ မုန်းတိုင်း ဖြစ်လာနိုင်ကြောင်းနဲ့ မုန်တိုင်း ဝင်ရောက်မယ့် လမ်းကြောင်း၊ မြို့နဲ့ အခြေအနေတွေ အတိအကျ မပြောနိုင်သေးတာကြောင့် သတင်းတွေ အမြဲမပြတ် စောင့်ကြည့်ဖို့ ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။

MK-009

#MeKongNews

#မိုချာမုန်တိုင်း

#အလှူခံ

#ဦးဝင်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ