ဒေသတွင်းသတင်း

မိုခါ မုန်တိုင်းဘေးသင့် ပြည်သူတွေကို ကူညီဖို့ အသင့်ပြင်ထားတယ်လို့ UNOCHA ပြော

မဲခေါင် 15 May - 2023
မဲခေါင်၊ မေ ၁၅ မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ မိုခါမုန်တိုင်း ဘေးသင့ ်ပြည်သူတွေကို ကူညီဖို့ အသင့်ပြင်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ရုံးက မနေ့က မေလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မေ ၁၅

မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ မိုခါမုန်တိုင်း ဘေးသင့ ်ပြည်သူတွေကို ကူညီဖို့ အသင့်ပြင်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ရုံးက မနေ့က မေလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

UNOCHA Myanmar ယာယီ ညှိနှိုင်းရေးမှူး မစ္စတာရာမနသန်ဘလာခရစ်ရှ်နန်က ဆိုင်ကလုန်း မုန်တိုင်း ပြီးတာနဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ တုန့်ပြန်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ ဝန်ထမ်းတွေကို ကြိုတင် စီမံနေရာချထားပြီး မုန်တိုင်းသင့် ဒေသတွေမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ ကြိုတင်စုဆောင်း ပြင်ဆင်တာတွေ ဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဘေးဒဏ်သင့် ဒေသခံ ပြည်သူတွေကို အကူအညီတွေ ဝင်ရောက်ပေးခွင့်ရဖို့နဲ့ ရန်ပုံငွေ တိုးမြှင့်ရရှိရေးကလည်း အရေးတကြီးလိုအပ်တယ်လို့ မစ္စမတာ ရာမနသန်က ဆိုပါတယ်။

ကုလမသဂ္ဂ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး စစ်တွေဒေသခံ အမျိုးသမီး တစ်ဦး ကတော့ “မနေ့ညက မုန်တိုင်းပြီးပြီးချင်း နောက်တစ်နေ့ မနက်ဆိုတော့ သူတို့တွေမှာလည်း အရေးပေါ် အစီအစဉ်တွေ ရှိပါလိမ့်မယ်။ အစ်မတို့ သွားတဲ့ချိန်ထိတော့ မတွေ့သေးဘူး။ မနက်အစောကြီး ထသွားတာမို့လည်း ဖြစ်နိုင်တယ်” လို့ ဒီနေ့ မေလ ၁၅ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ မနေ့က မနက်ပိုင်းကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေကို တစ်နာရီ မိုင် ၁၂၀ နှုန်းနဲ့ ဝင်ရောက်တိုက်ခတ် ခဲ့တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင် က ပြောပါတယ်။

မိုခါ မုန်တိုင်း ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေမြို့နယ်နဲ့ အနီးတဝိုက်ကို ရေတွေ အလုံးအရင်း ဝင်ရောက်ခဲ့တဲ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ခင်ဦး၊ ကနီ၊ စလင်း၊ ဆင်ဖြူကျွန်း အစရှိတဲ့ မြို့နယ်က ကျေးရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ် အပါအဝင် မုန်တိုင်းဒဏ်ကြောင့် နေအိမ်နဲ့ ကောက်ပဲသီးနှံ စိုက်ခင်းတွေ ရေမြှုပ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည် အစရှိတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတွေက အကူညီတောင်းခံနေကြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ သက်ရောက်မှုတွေနဲ့ နောက်ဆက်တွဲ ရေကြီးမှုတွေ အတွက် အပြည့်အဝ တုန့်ပြန် ထောက်ပံ့နိုင်ဖို့ အရေးပေါ် ရန်ပုံငွေကြေးများစွာ လိုအပ်နေပြီး အမေရိကန်ဒေါ်လာ ၇၆၄ သန်း အစီအစဉ်ဟာ အခု လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-009

#MekongNews

#မိုခါ

#UNOCHA

#စစ်တွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး