ဒေသတွင်းသတင်း

မယ်ဆိုင်ချောင်းရေလျှံပြီး တာချီလိတ်မှာ ‌ရေထပ်ကြီးပြန်

မဲခေါင် 8 Oct - 2022
တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွပ်တွေ အောက်တိုဘာ ၇ရက် ညသန်းခေါင်ကျော်ကစလို့ ရေထပ်ကြီးနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေထဲအထိ ရေဝင်ပြီး အရင်ရေကြီးရေလျှံတာထက် အခုတစ်ခါ ရေကြီးရေလျှံတာဟာ ပိုဆိုးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ “ဒီတခါဖြစ်တာက အရင်နဲ့မတူဘူး။ ပိုဆိုးတယ်။ ကားတွေပါ မျှောပါတဲ့အထိ ဖြစ်တယ်။ မိုးက ညကတော့နည်းနည်းသည်းတယ်၊ ဒီမနက်မရွာတော့ဘူး။ အဓိကက တောင်ကျရေကြာင့်”လို့ သူက ပြောပါတယ်။ မယ်ဆိုင်ချောင်းနဲ့နီးတဲ့ ဆန်ဆိုင်းဈေး၊ တာလော့ဈေးနဲ့ ပုန်းထွန်ရပ်ကွက်၊ မေဖလားဝါးကွင်းနဲ့ မယ်ခေါင်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ မယ်ဆိုင်ချောင်းရေလျှံရင် တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုဖြစ်နေတာဟာ အမြဲတမ်းလို ဖြစ်နေပါတယ်။

တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွပ်တွေ အောက်တိုဘာ ၇ရက် ညသန်းခေါင်ကျော်ကစလို့ ရေထပ်ကြီးနေပါတယ်။

မြို့ပေါ်ရပ်ကွက်တွေထဲအထိ ရေဝင်ပြီး အရင်ရေကြီးရေလျှံတာထက် အခုတစ်ခါ ရေကြီးရေလျှံတာဟာ ပိုဆိုးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

“ဒီတခါဖြစ်တာက အရင်နဲ့မတူဘူး။ ပိုဆိုးတယ်။ ကားတွေပါ မျှောပါတဲ့အထိ ဖြစ်တယ်။ မိုးက ညကတော့နည်းနည်းသည်းတယ်၊ ဒီမနက်မရွာတော့ဘူး။ အဓိကက တောင်ကျရေကြာင့်”လို့ သူက ပြောပါတယ်။

မယ်ဆိုင်ချောင်းနဲ့နီးတဲ့ ဆန်ဆိုင်းဈေး၊ တာလော့ဈေးနဲ့ ပုန်းထွန်ရပ်ကွက်၊ မေဖလားဝါးကွင်းနဲ့ မယ်ခေါင်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။

မယ်ဆိုင်ချောင်းရေလျှံရင် တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုဖြစ်နေတာဟာ အမြဲတမ်းလို ဖြစ်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

စိတ်ကြွဆေးပြား၁၀သန်းကျော်နဲ့အတူဖမ်းမိတဲ့တာချီလိတ်ကရဲတပ်သားဟောင်းဖေသက်ဟန်ကိုထောင်ဒဏ်နှစ်အကန့်အသတ်မရှိချမှတ်

တာချီလိတ်မြို့နယ်ထဲမှာ စိတ်ကြွေဆေးပြား ၁၀သန်းကျော်အပါအဝင် မူးယစ်ဆေးထုတ်လုပ်စက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့ ရဲတပ်သားဟောင်း ဖေသက်ဟန်ကို တာချီလိတ်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

မီဇိုရမ်မှာ မြန်မာနှစ်ဦးကို ဖောက်ခွဲစက် အလုံး ၁၀၀ ဖမ်းမိဟု အိန္ဒိယထုတ်ပြန်

မဲခေါင်၊ ဇန်နဝါရီ ၁၇ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယ-မြန်မာနယ်စပ်နားက မီဇိုရမ်ပြည်နယ် ချမ်ပိုင်းခရိုင်မှာ မြန်မာနိုင်ငံသားနှစ်ဦးကို ဖောက်ခွဲစက် (detonators) အလုံး
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ တောင်ယာလုပ်နေတဲ့ ရွာသားတွေကို စစ်တပ်ကဝင်ပစ်လို့ တစ်ဦးသေပြီး ၅ ဦးဖမ်းဆီးခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဇန်နဝါရီလ ၁၃ ရက်က တောင်ယာလုပ်ပြီး အနားယူနေတဲ့ ရွာသားတွေကို စစ်တပ်က ဝင်ပစ်ရာ တစ်ဦးသေပြီး ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေမှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက အရပ်ဝတ်နဲ့ခြေရှုပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက အရပ်ဝတ်တွေနဲ့ စုံစမ်းထောက်လှမ်းနေတယ်လို့ တော်လှန်ရေးအင်အားစုသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဒေသတွင်းသတင်း

မြဝတီ-မဲဆောက် အမှတ် (၁) တံတားကနေ ၂ နိုင်ငံ ကူးသန်းသွားလာခွင့်ရ

မဲခေါင်၊ ဇန်နဝါရီ ၁၂ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်ကနေ ယာယီ လက်မှတ်တွေနဲ့ မဲဆောက်မြို့တွင်း သွားလာခွင့်ရပြီလို့ မြဝတီ ဒေသခံတွေထံက သိရပါတယ်။
ဒေသတွင်းသတင်း

တရုတ်မှာ ကိုဗစ်ကူးစက်မှု ပြင်းထန်နေစဉ် ၃ နှစ်နီးပါး ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တော့မယ်

တရုတ်နိုင်ငံမှာ ကိုဗစ် ရောဂါ ကူးစက်မှု ပြင်းထန်နေစဉ်မှာ ကိုဗစ်ကြောင့် ၃ နှစ်နီးပါး ပိတ်ထားတဲ့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်မယ်လို့ တရုတ် အာဏာပိုင်တွေက
ဒေသတွင်းသတင်း

“ဝ” ပြည်နယ်၊ ပန်ဆန်းမြို့ မှာ ကား ၂ စီး လိမ်လည် ခိုးယူခံရ

"၀"ပြည်နယ်၊ ပန်ဆန်း မြို့ မှာ ဒီဇင်ဘာလ၂၃ ရက်‌ နေ့က အလုပ်သမားတစ်ဦး က သူဌေးမရဲ့ အိမ်စီးကား ၂ စီး ကို လိမ်လည်ခိုးယူ သွားတယ်လို့ ဒေသတွင်း မီဒီယာ တစ်ခု ဖြစ်တဲ့
ဒေသတွင်းသတင်း

လားရှိုးအကျဉ်းထောင်ရိပ်သာ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးအကျဉ်းထောင်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်၊ မနက်ပိုင်းအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။