ဒေသတွင်းသတင်း

ဗိဿနိုးမှာ ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ကို ရဲဖမ်းသွား

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၃ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင် ဗိဿနိုးဒေသမှာ မနေ့ ညပိုင်းက ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ လူမှုကွန်ရက်မှ တိုက်ရိုက် ထုတ်လွှင့်နေစဉ် ဝီစီများမှုတ်ပြီး မပြေးနဲ့ မပြေးနဲ့ ဆိုကာ ရဲက လူငယ် ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၂၃

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင် ဗိဿနိုးဒေသမှာ မနေ့ ညပိုင်းက ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ လူမှုကွန်ရက်မှ တိုက်ရိုက် ထုတ်လွှင့်နေစဉ် ဝီစီများမှုတ်ပြီး မပြေးနဲ့ မပြေးနဲ့ ဆိုကာ ရဲက လူငယ် ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဝိညာဉ်ရှာဖွေရေးအဖွဲ့ အနေနဲ့ ည ၁၀ နာရီမှာ တိုက်ရိုက် ထုတ်လွှင့်မယ်လို့ ကြေညာပြီးနောက် ရိုက်ကူး ထုတ်လွှင့်ချိန် ၂၆ မိနစ်ကျော်မှာ ရဲလာဖမ်းသွားတာဖြစ်ပြီး ဖမ်းဆီးခံရသူထဲမှာ ဒေသခံ လမ်းပြ လူငယ် တစ်ဦး ပါဝင်တယ်လို့ ဒေသခံက ပြောပါတယ်။

“ ဒီလိုအချိန် ဒီလို ကာလမျိုးမှာ ဒါမျိုးလာပြီး ရိုက်တာကို အံ့သြတယ်။ လုပ်စရာတွေ အများကြီး ရှိပါတယ်။ နယ်မြေ မအေးချမ်းတဲ့ ဒေသဆို သေလောက်ပြီ။ ကိုယ်ဝါသနာ ပါတယ်ဆိုပြီး လုပ်ချင်တာ လုပ်လို့ ဖြစ်တာ။ ရဲစခန်းက ညထဲကခေါ်ပြီး စစ်နေတယ် ပြောတယ်။ အာမခံတော့ ရလောက်ပါတယ်။ ခုလို အချိန်အခါမျိုးမှာ ဒါတွေ လုပ်ပြလို့ ဘာမှ အကျိုးမရှိပါဘူး” လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဝိညာဉ်ရှာဖွေရေးအဖွဲ့ Ghost Hunters Myanmar ဟာ မြန်မာပြည်မှာ နာမည်ကြီးပြီး သရဲခြောက်တယ် ဆိုတဲ့ နေရာတွေကို သွားရောက် တိုက်ရိုက် ထုတ်လွှင့်တဲ့အဖွဲ့ ဖြစ်ကာ ဖေစ့်ဘွတ် စာမျက်နှာမှာ ကြိုက်နှစ်သက်သူ ၄ သိန်းကျော်ရှိပြီး စောင့်ကြည်သူ ၅ သိန်း ဝန်းကျင် ရှိပါတယ်။

အပတ်စဉ် သောကြာနဲ့ စနေနေ့ ညဘက်များမှာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေမှာ ကြည့်ရှူတဲ့ ပရိတ်သတ်အချို့၊ ဒေသခံအချို့ကို ခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့် ပြသနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ပန်ထွာ ဘုရင်မနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေနဲ့ နာမည်ကြီးလှတဲ့ ဗဿနိုးမြို့ဟောင်းနေ ဒေသခံတွေမှာ ယုံကြည်မှုတွေ အမျိုးမျိုး ရှိနေပြီး ဒေသတွင်း အရိုအသေမဲ့စေတဲ့ အပြုအမူတွေ လုပ်လေ့မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့ ဝိညာဉ်ရှာအဖွဲ့ရဲ့ လက်ကိုင်ဖုန်း ဖွင့်ထားပေမယ့် လက်ခံဖြေကြားတာ မရှိသလို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်အာဏာပိုင်တွေ ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးတဲ့ အတွက် စိတ်ပူမိတယ်လို့ ပရိတ်သတ်အချို့က ပြောကြားပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး