ဒေသတွင်းသတင်း

ဗိုလ်ချုပ်စျေး ရတနာဆိုင်ဖောက်ထွင်းခံရ၊ တန်ဖိုးကြီးရတနာတွေပါသွား

မဲခေါင် 5 Mar - 2023
မဲခေါင်၊ မတ် ၅ ရန်ကုန်မြို့လယ်ကောင်၊ ဗိုလ်ချုပ်စျေးမှာဖွင့်လှစ်ထားတဲ့ နှင်းဆီရတနာ - Rose Jewellery ရတနာဆိုင်ဖောက်ထွင်းခံခဲ့ရပြီး တန်ဖိုးကြီးရတနာပစ္စည်းတွေ အခိုးခံလိုက်ရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦး က မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၅

ရန်ကုန်မြို့လယ်ကောင်၊ ဗိုလ်ချုပ်စျေးမှာဖွင့်လှစ်ထားတဲ့ နှင်းဆီရတနာ – Rose Jewellery ရတနာဆိုင်ဖောက်ထွင်းခံခဲ့ရပြီး တန်ဖိုးကြီးရတနာပစ္စည်းတွေ အခိုးခံလိုက်ရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦး က မဲခေါင်သတင်းကို ပြောပါတယ်။

ဖောက်ထွင်းခံရတဲ့ ရတနာဆိုင်ဟာ မတ်လ၃ ရက်နေ့ ညနေ၄နာရီ အချိန်ကဆိုင်ပိတ်ထားခဲ့ပြီး မတ်လ၄ရက် မနက်၁၀ နာရီဝန်းမှာမှ ဆိုင်နီးချင်းတွေ ဖုန်းဆက်အကြောင်းကြားလို့ ဆိုင်ဖောက်ထွင်းခံရတာကို သိရတယ်လို့ သူကပြောပါတယ်။

“ ဆိုင်ထဲမှာဝင်မွှေပြီးမှ အဖိုးတန်တာတွေယူသွားတဲ့ပုံစံပါ။ ဆိုင်သော့ကိုအက်ဆစ်နဲ့ဖျက်ပြီး တံခါးကိုဟပြီး ဝင်တဲ့ပုံစံမျိုးတွေ့ရတယ်။ စျေးမှာရှိတဲ့ အစောင့်တွေ ဘာလုပ်နေကြလဲတော့မသိဘူး။ ဘေးဆိုင်တွေက ခြေရာလက်ရာပျက်နေလို့ သူတို့ကိုဖုန်းဆက်လိုက်တာ။ တန်ဖိုးရှိတာတွေ အတော်များများတော့ယူသွားကြတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

ဖောက်ထွင်းခံရတာကြောင့် လက်ဝတ်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းပန်းပုရုပ်‌တွေ၊ ကျောက်စိမ်းနားကပ်တွေနဲ့ လည်ဆွဲတွေ ပျောက်ဆုံးနေခဲ့ပြီး တန်ဖိုးကိုတော့မသိရှိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့လယ်ကောင်မှာ လုယက်မှု၊ ဖောက်ထွင်းမှုနဲ့ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေပေမယ့် ကျူးလွန်နေတဲ့ တရားခံအများစုကို ဒီနေ့အထိဖမ်းဆီးနိုင်ခြင်းမရှိသေးသလို လုယက်မှု‌တွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

မိုင်းရယ်မြို့နယ်မှာ SSPP/SSA က လောင်းကစားခုံတွေ မီးရှို့ဖျက်ဆီးပြီး ဒိုင်တွေကို အရေးယူ

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA၊ အုပ်ချုပ်ရေးဌာနက လောင်းကစားခုံတွေ သိမ်းပြီး မီးရှို့ဖျက်ဆီးကာ
ဒေသတွင်းသတင်း

နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

မဲခေါင်၊ မတ် ၂၃ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား၊ တောအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က
ဒေသတွင်းသတင်း

ဗိဿနိုးမှာ ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ကို ရဲဖမ်းသွား

မဲခေါင်၊ မတ် ၂၃ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင် ဗိဿနိုးဒေသမှာ မနေ့ ညပိုင်းက ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ လူမှုကွန်ရက်မှ တိုက်ရိုက် ထုတ်လွှင့်နေစဉ် ဝီစီများမှုတ်ပြီး မပြေးနဲ့ မပြေးနဲ့ ဆိုကာ ရဲက
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက
ဒေသတွင်းသတင်း

ခရီးသည် ၇၀၀ လိုက်ပါလာတဲ့ ရန်ကုန်-မန္တလေး အဆန်ရထား မိုင်းခွဲခံရ

မဲခေါင်၊ မတ် ၂၂ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားဟာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အနီးမှာ ဒီကနေ့ မနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခံရပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့နယ် နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ကျေးရွာ ၁၀ ရွာ ရေအသုံးပြုမရ ဖြစ်နေ

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးနဲ့ နမ့်ဖက်ကာ ကြားက နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ချောင်းရေတွေ နောက်ကျိကာ အနီးနားက ကျေးရွာ ၁၀ ရွာ ရေအသုံးပြုလို့ မရ ဖြစ်နေတယ်လို့
ဒေသတွင်းသတင်း

လူမှုကွန်ရက်မှာ ဝေဖန်မှုတွေကြောင့် နမ္မတူ-ကျားစခန်း ရထားသံလမ်းဖြုတ်မှု သတ္တုကုမ္ပဏီ ယာယီရပ်ဆိုင်း

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်၊ မြောက်ပိုင်း သတ္တုမိုင်းမြို့ဖြစ်တဲ့ နမ္မတူမြို့နဲ့ ကျားစခန်းကို ဆက်သွယ်ထားတဲ့ သမိုင်းဝင် ရထားလမ်းရဲ့ သံလမ်း ဖြုတ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ သတ္တုကုမ္ပဏီဘက်က ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက
ဒေသတွင်းသတင်း

ချင်းမိုင်မှာ မိုးသီးတွေ လယ်ကွက်ထဲ ဖွေးဖွေးလှုပ်ကျ

မဲခေါင်၊ မတ် ၁၉ မတ် ၁၈ ရက်နေ့က ချင်းမိုင်မှာ လေမုန်းတိုင်းနဲ့ မိုးသက်လေပြင်းကျလို့ ပျက်စီး ဆုံးရှုံးမှု များခဲ့သလို ဒီကနေ့ မတ် ၁၉ ရက်နေ့မှာလည်း မဲဆောက်ခရိုင် မယ်ချွန်းနဲ့ ဘန်ပေး ဒေသတွေမှာ