ဒေသတွင်းသတင်း

ပြည်တွင်းစီးပွားရေး ဇောက်ထိုးကျနေပေမဲ့ နိုင်ငံ့ကုန်သွယ်ရေး တိုးတက်လာတယ်လို့ မင်းအောင်လှိုင် ပြောဆို

မဲခေါင် 8 Mar - 2023
မဲခေါင်၊ မတ် ၈ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ စစ်ကောင်စီရဲ့ မဆင်မခြင် လက်တန်း စီးပွားရေး မူဝါဒတွေကြောင့် ပြည်တွင်း စီးပွားရေး ဆက်တိုက် ကျဆင်းနေပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံ့ ကုန်သွယ်ရေး တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ မတ် ၈

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ စစ်ကောင်စီရဲ့ မဆင်မခြင် လက်တန်း စီးပွားရေး မူဝါဒတွေကြောင့် ပြည်တွင်း စီးပွားရေး ဆက်တိုက် ကျဆင်းနေပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံ့ ကုန်သွယ်ရေး တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လက်တွေ့မကျတဲ့ ဒေါ်လာနဲ့ ရွှေဈေး သတ်မှတ်မှုတွေ၊ စီးပွားရေး ပိတ်ဆို့ခံရမှုတွေနဲ့ နာမည်ကြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ ထွက်ခွာတာတွေကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းနေပြီး ပြည်သူတွေ ရုန်းကန်နေရချိန် စစ်ခေါင်းဆောင်က အခုလို ပြောဆိုလိုက်တာပါ။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ စတာတွေ ဈေး ၂ ဆကျော် ၃ ဆနီးပါး ခုန်တက်သွားပေမဲ့ ပြည်သူတွေရဲ့ ဝင်ငွေ တိုးမလာတဲ့အပြင် အလုပ်အကိုင်တွေ ပိုလို့သာ ရှားပါးလာပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာကြောင့် ပြည်သူ တစ်သန်းခွဲနီးပါး စစ်ဘေးရှောင်နေရပြီး ပြည်သူ ၁၇ သန်းကျော် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဈေး ၂ ဆကျော်တက်နေတဲ့ ‘ဥ’ သန်း ၂,၈၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်ခေါင်းဆောင်က ဂုဏ်ယူခဲ့ပါသေးတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

ဗိဿနိုးမှာ ဝိညာဉ်ရှာဖွေတဲ့အဖွဲ့ကို ရဲဖမ်းသွား

မဲခေါင်၊ မတ် ၂၃ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင် ဗိဿနိုးဒေသမှာ မနေ့ ညပိုင်းက ဝိညာဉ်ရှာဖွေတဲ့အဖွဲ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင်
ဒေသတွင်းသတင်း

ခရီးသည် ၇၀၀ လိုက်ပါလာတဲ့ ရန်ကုန်-မန္တလေး အဆန်ရထား မိုင်းခွဲခံရ

မဲခေါင်၊ မတ် ၂၂ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားဟာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အနီးမှာ ဒီကနေ့ မနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခံရပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့နယ် နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ကျေးရွာ ၁၀ ရွာ ရေအသုံးပြုမရ ဖြစ်နေ

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးနဲ့ နမ့်ဖက်ကာ ကြားက နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ချောင်းရေတွေ နောက်ကျိကာ အနီးနားက ကျေးရွာ ၁၀ ရွာ ရေအသုံးပြုလို့ မရ ဖြစ်နေတယ်လို့
ဒေသတွင်းသတင်း

လူမှုကွန်ရက်မှာ ဝေဖန်မှုတွေကြောင့် နမ္မတူ-ကျားစခန်း ရထားသံလမ်းဖြုတ်မှု သတ္တုကုမ္ပဏီ ယာယီရပ်ဆိုင်း

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်၊ မြောက်ပိုင်း သတ္တုမိုင်းမြို့ဖြစ်တဲ့ နမ္မတူမြို့နဲ့ ကျားစခန်းကို ဆက်သွယ်ထားတဲ့ သမိုင်းဝင် ရထားလမ်းရဲ့ သံလမ်း ဖြုတ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ သတ္တုကုမ္ပဏီဘက်က ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက
ဒေသတွင်းသတင်း

ချင်းမိုင်မှာ မိုးသီးတွေ လယ်ကွက်ထဲ ဖွေးဖွေးလှုပ်ကျ

မဲခေါင်၊ မတ် ၁၉ မတ် ၁၈ ရက်နေ့က ချင်းမိုင်မှာ လေမုန်းတိုင်းနဲ့ မိုးသက်လေပြင်းကျလို့ ပျက်စီး ဆုံးရှုံးမှု များခဲ့သလို ဒီကနေ့ မတ် ၁၉ ရက်နေ့မှာလည်း မဲဆောက်ခရိုင် မယ်ချွန်းနဲ့ ဘန်ပေး ဒေသတွေမှာ
ဒေသတွင်းသတင်း

နှစ် ၉၀ ကျော် စည်းကားစွာ ပြုလုပ်လာတဲ့ ကျိုင်းတုံမြို့က စော်ဘွားဈေးပွဲတော် ဒီကနေ့ စတင်ကျင်းပ

မဲခေါင်၊ မတ် ၁၁ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့တာ နှစ်‌ ၉၀ ကျော် ရှိလာပြီ ဖြစ်တဲ့ ဒေသ အထင်ကရ ဈေးပွဲတော်ဖြစ်တဲ့ စော်ဘွား ဈေးပွဲတော်ကို ဒီကနေ့ စတင်
ဒေသတွင်းသတင်း

မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိ ရုပ်သံနဲ့ရှင်းလင်း

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အရာရှိ တစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံထားရတယ်လို့ ဒေသတွင်း သတင်း Hsan Loi Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိက