ဒေသတွင်းသတင်း

ပုလဲမြေဩဇာကို အပြင်ဆိုင်တွေနဲ့ပေါင်းကာ တောင်ကြီးစိုက်ပျိုးရေးဌာန ဈေး၄ဆခန့်တင်ရောင်း

မဲခေါင် 11 Dec - 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းမှာ စိုက်ပျိုးရေးဦးစီးဌာနက ပုလဲမြေဩဇာကို တကယ်လိုအပ်တဲ့ တောင်သူတွေထံ မရောင်းပေးဘဲ အရောင်းဆိုင်တွေကနေတဆင့် ဈေး ၄ဆခန့်တင်ပြီး ရောင်းစားနေတယ်လို့ ‌ဒေသခံတွေထံကနေ သိရပါတယ်။

ပုလဲဓာတ်မြေဩဇာတစ်အိတ်ကို စိုက်ပျိုးရေးဌာနက သတ်မှတ်ဈေးဖြစ်တဲ့ ကျပ် ၃သောင်းကျော်နဲ့ တောင်ကြီးမြို့နယ်စိုက်ပျိုးရေးဌာနမှာ သွားဝယ်ရင် အမြဲကုန်နေတယ်သာ ပြောဆိုပြီး အပြင်စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တွေမှာတော့ ဝယ်လို့ရတယ်လို့ ဒေသခံစိုက်ပျိုးရေးတောင်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အစိုးရရောင်းဈေးက ၃သောင်းကျော်ပဲရှိတယ်‌ သိရတယ်။ ဒါပေမယ့် သွားဝယ်ရင် အမြဲတမ်း ကုန်ပြီလို့ပဲပြောတယ်။ ပြီးတော့ စိုက်ပျိုးရေးက ဝန်ထမ်းတွေက အရောင်းဆိုင်တွေကို ၈သောင်းလောက်နဲ့ အပြင်ဆိုင်မှာလာဖြန့်ရောင်းကြတယ်။ အပြင်မှာ တစ်အိတ်ကို တစ်သိန်းကျော်နဲ့ ပြန်ဝယ်ရတယ်

လို့ သူက ပြောပါတယ်။

အဲဒီလို ရောင်းချနေမှုကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အားလုံးနီးပါးမှာ တွေ့ရှိနေရပြီး

တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနရဲ့ ခရိုင်ဦးစီးမှူးက ဦးဆောင်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနဲ့ ဝန်ထမ်းတွေကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းက တောင်သူတွေဟာ ဒီနှစ်ပိုင်းတွေအတွင်း ကိုဗစ်ဖြစ်လို့ သီးနှံတင်ပို့ခွင့်ခက်ခဲ့တာ၊ စစ်တပ်အာဏာသိမ်းမှုကြောင့် စိုက်စရိတ်တွေ အဆမတန်မြင့်တက်လာတာ တွေကြောင့်  အခက်အခဲဖြစ်နေပါတယ်။

ဒါ့အပြင့် စစ်တပ်အာဏာသိမ်းပြီး ငွေကြေးဖောင်းပွမှုကြောင့် ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေး သွင်းအားစုတွေ ၃ဆခန့်ဈေးတက်ကုန်သလို လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်စရိတ်မြင့်တက်မှုတွေဒဏ်တွေကိုလည်း တောင်သူတွေခံစားနေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး