ဒေသတွင်းသတင်း

နှစ် ၂၀ကျော်နေလာတဲ့ လူနေအိမ်တွေကိုဖယ်ခိုင်းပြီး တာချီလိတ်အာဏာပိုင်နဲ့ ခရိုနီတွေပူးပေါင်း မြေသိမ်းဖို့ကြံ

မဲခေါင် 7 May - 2023
မဲခေါင်၊ မေ ၆ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာနားက လူနေအိမ်မြေကွက်တွေကို တာချီလိတ်အာဏာပိုင်တွေနဲ့ ခရိုနီတွေပေါင်းပြီး မြေသိမ်ဖို့ လုပ်နေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို မေလ ၆ ရက်မှာပြောပါတယ်။

မဲခေါင်၊ မေ ၆

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာနားက လူနေအိမ်မြေကွက်တွေကို တာချီလိတ်အာဏာပိုင်တွေနဲ့ ခရိုနီတွေပေါင်းပြီး မြေသိမ်းဖို့ လုပ်နေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို မေလ ၆ ရက်မှာပြောပါတယ်။

၂၀၀၃ ခုနှစ်ကတည်းက နေထိုင်လာတဲ့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကွင်းပြင်ဒေသက လူနေအိမ်တွေကို မေလ ၁၂ ရက်မတိုင်ခင် ဖျက်သိမ်းပြီး ထွက်သွားကြဖို့စာကို မြို့နယ်လယ်ယာမြေဦးစီး အရာရှိကိုယ်တိုင် လတ်မှတ်ထိုးပြီးပေးပို့လာတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

“တာချီလိတ်၊ လွယ်တော်ခမ်းကျေးရွာနားက မြေကွက်တွေကို လက်ရှိဗျူဟာမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ရယ်၊ လောတာ နဲ့တခြားသူဌေး ၄ ဦးတို့ပေါင်းပြီး လုပ်စားတာပါ။ အားလုံးပေါင်း မြေကွက်က ၄၀ ကျော်လောက်ရှိမယ်။ သူတို့က လယ်ယာမြေ(လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)ကို ခေါင်းခံခိုင်းတာပေါ့။ အခုလည်း လယ်ယာမြေ ဦးစီးအရာရှိကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာထွက်လာတယ်။ ၁၂ ရက်မတိုင်ခင်ဖျက်ပေးရမယ်၊ မဟုတ်ရင်လာဖျက်မယ်ပေါ့။ အဲဒီလိုတွေ ခြိမ်းခြောက်နေပါတယ်”လို့သူက ပြောပါတယ်။

လွယ်တော်ခန်းကျေးရွာနားက မြေကွက်တွေကို လယ်ယာမြေက ကျူးကျော်မြေကွက်တွေလို့ ပြောဆိုကာ ဖျက်သိမ်းဖို့ လုပ်နေပေမဲ့ ဒီမြေကွက်တွေဟာ လွန်ခဲ့ နှစ် ၂၀ ၀န်းကျင်ကတည်းက ဘိုးဘွားပိုင်မြေတွေလို့ လွယ်တော်ခမ်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ဒီမြေကွက်တွေကို လယ်ယာမြေ ကလာပြီး ကျူးကျော်တွေ ဖျက်ပေးရမယ်ဆိုပြီး စာထုတ်အကြောင်းထားကြတယ်။ ဒီမြေတွေက ၂၀၀၃ ကတည်းကနေ,နေကြတာ။ အခုမှလာပြီး သိမ်းမယ်ပြုမယ်နဲ့။ ကြားတာတော့ သူတို့က အဲ့မြေကွက်တွေကို လမ်းနဲ့ အညီ မြေဖို့မယ်၊ ပြီးရင် တိုက်ခန်းတွဲတွေဆောက်မယ်၊ ဟိုတယ်လား၊ ဘန်ဂလိုလား အာ့တာတွေဆောက်မယ်။ ပြီးရင် တရုတ်တွေကို နှစ်နဲ့ငှားစားမလို့ လုပ်နေတာ” လို့ သူက ပြောပါတယ်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန (တာချီလိတ်) က အကြောင်းကြားထားတဲ့စာတွေမှာတော့ မြေလွတ်၊ မြေရိုင်း ၂၇(က)ကို ချိုးဖောက်ထားလို့ လွယ်တော်ခမ်းကျေးရွာနားက မြေကွက်တွေမှာနေထိုင်သူ အားလုံး မေလ ၁၂ ရက်မတိုင်ခင် ‌ရွှေ့ပြောင်းရမှာဖြစ်ပြီး မ‌ရွှေ့ပြောင်းပါက လယ်ယာမြေ စီမံခန့်ခွဲရေး ဥပဒေ-၈၀ နဲ့ အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။

တာချီလိတ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေနဲ့ ခရိုနီတွေပေါင်းပြီး မြေယာကိစ္စတွေမှာ ထင်တိုင်းကြဲလုပ်ဆောင်လာပြီး နစ်နာတဲ့ဒေသခံတွေအနေနဲ့လည်း အရပ်သားအစိုးရလက်ထပ်ကလို့ အားကိုးတိုင်ကြားရမယ့်နေရာတွေမရှိတော့ဘူးလို့ ဒေသခံတွက ပြောပါတယ်။

ဒါ့အပြင် တာချီလိတ်မြို့နယ်အတွင်းမှာ မြေစာရင်းဌာနနဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနတို့ဟာ လာဘ်အကြီးအကျယ်စားပြီး ပြည်သူတွေကို အများဆုံးဒုက္ခပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

MK – 007

#MeKongNews

#တာချီလိတ်

#လယ်ယာမြေ

#မြေစာရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ