ဒေသတွင်းသတင်း

နှစ်လကြာပိတ်ထားတဲ့ ရှမ်းမြောက်က “ဝ” ဒေသ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

မဲခေါင် 7 Nov - 2022
ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ နမ့်တစ်၊ မန်မဆိုင်နဲ့ မိုင်းမော ဒေသက “ဝ” နယ်စပ်ဂိတ်တွေကို ဒီကနေ့ နိုဝင်ဘာ ၇ ရက်က စတင်ပြီး ပြန်ဖွင့်ပေးနေပြီလို့ သိရပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် ပိတ်ထားတဲ့ “ဝ”နယ်စပ်ဂိတ်တွေထဲက ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်က ဂိတ်တွေ ပြန်ဖွင့်တာ ဖြစ်တယ်လို့ “ဝ” ဒေသ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။ “ရှမ်းမြောက်နဲ့ ထိစပ်တဲ့ ဂိတ်တွေကို ပြန်ဖွင့်လိုက်ပြီ။ ကျန်တာကတော့ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ” လို့ ၎င်းက ပြောပါတယ်။ “ဝ” ဒေသကို ဝင်ရောက်လာမယ့်သူတွေ အနေနဲ့ ပြည်နယ် ပြင်ပ ဆက်ဆံရေးရုံးတွေမှာ စာရင်း ပေးသွင်းနိုင်ပြီး

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ နမ့်တစ်၊ မန်မဆိုင်နဲ့ မိုင်းမော ဒေသက “ဝ” နယ်စပ်ဂိတ်တွေကို ဒီကနေ့ နိုဝင်ဘာ ၇ ရက်က စတင်ပြီး ပြန်ဖွင့်ပေးနေပြီလို့ သိရပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် ပိတ်ထားတဲ့ “ဝ”နယ်စပ်ဂိတ်တွေထဲက ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်က ဂိတ်တွေ ပြန်ဖွင့်တာ ဖြစ်တယ်လို့ “ဝ” ဒေသ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

“ရှမ်းမြောက်နဲ့ ထိစပ်တဲ့ ဂိတ်တွေကို ပြန်ဖွင့်လိုက်ပြီ။ ကျန်တာကတော့ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ” လို့ ၎င်းက ပြောပါတယ်။

“ဝ” ဒေသကို ဝင်ရောက်လာမယ့်သူတွေ အနေနဲ့ ပြည်နယ် ပြင်ပ ဆက်ဆံရေးရုံးတွေမှာ စာရင်း ပေးသွင်းနိုင်ပြီး မိမိနေထိုင်တဲ့ သက်ဆိုင်ရာ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်တွေက စိစစ်ခွင့်ပြုရင် ဝင်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဝင်ရောက်လာမယ့်သူတွေ အနေနဲ့ နယ်စပ်ဂိတ်တွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခံယူပြီး စစ်ဆေးခံယူခ တရုတ်ယွမ် ၃၀ ကျသင့်တာ ပေးဆောင်ကာ ရောဂါပိုး မရှိမှသာ ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပါက နယ်စပ် Quarantine Center တွေမှာ ဆေးကုသမှု ခံယူရပြီး ကုန်ကျငွေကို မိမိတို့ကသာ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု ဖွင့်ပေးလိုက်တဲ့ ဂိတ်တွေကို စက်တင်ဘာလက အခြေနေ အမျိုးမျိုးကြောင့် ခေတ္တပိတ်ထားခဲ့ပြီး ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီရဲ့ အ‌ရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အကြောင်းကြားတဲ့ အတွက် အခုလို ပြန်လည်ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။