ဒေသတွင်းသတင်း

ထီးချိုင့်မြို့နယ်မှာ ပသုံးလုံးတွေဦးဆောင်ပြီး လယ်ယာမြေများအပေါ် လမ်းဖောက်မှု ဒေသခံပြည်သူတွေ ဆက်လက်ဆန္ဒပြ

မဲခေါင် 21 Jun - 2024
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေက လယ်ယာမြေများအပေါ် လမ်းဖောက်လုပ်နေတာကို ရပ်တန့်ခြင်းမရှိတာကြောင့် ဒေသခံပြည်သူတွေက ဆက်လက် ကန့်ကွက်ဆန္ဒပြနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

မဲခေါင် ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေက လယ်ယာမြေများအပေါ် လမ်းဖောက်လုပ်နေတာကို ရပ်တန့်ခြင်းမရှိတာကြောင့် ဒေသခံပြည်သူတွေက ဆက်လက် ကန့်ကွက်ဆန္ဒပြနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

မြစ်ကြီးနား-မန္တလေး လမ်းနဲ့ ချိတ်ဆက်ဖို့ဟု ဆိုကာ အကျယ် ပေ ၃၀၊ အရှည်တစ်မိုင်ရှိ ဆူးပုံချောင်-အင်းတိန် လမ်းသစ်ဖောက်လုပ်ရာ ဒေသခံများ ပိုင်ဆိုင်တဲ့ လယ်ယာမြေများပေါ် ဖြတ်သန်း ဖောက်လုပ်နေတာဖြစ်ပါတယ်။

“ လူထုဆန္ဒပြတာကို ပလဖနဲ့ ပကဖလက်နက်ကိုင်လုံခြုံရေးအင်အား ၆၀ နဲ့ ၇၀ကြားလောက်ရှိတယ်။ လမ်းတစ်လျောက်ကင်းပုန်းတွေတောင် ချထားသေးတယ်။ ပွိုင်ဖိုက် စက်လက်နှစ်လက်နဲ့ ၆၀ မမနှစ်လက် ။မသိရင် ပြည်သူကသူတို့ကို ဘာလုပ်မှာကြနေတာဗျာ။ ဒါဟာလက်နက်အင်အား လူအင်အားပြပီး ပြည်သူကိုခြိမ်းခြောက်ထားတာ မဟုတ်လားဗျ” လို့ဒေသခံတစ်ဦးကပြောပါတယ်။

လမ်းမဖောက်လုပ်မီက လယ်ယာမြေလျော်ကြေးပေးမယ်လို့ ဒေသခံတွေနဲ့ညှိနှိုင်းမှုရှိခဲ့ပေမယ့် လယ်ပိုင်ရှင်တွေကလက်ခံခဲ့တာမရှိခဲ့ပဲ ပသုံးလုံးအဖွဲ့တွေက လက်နက်ကိုင်လုံခြုံရေးယူပြီး စတင်လုပ်ဆောင်ခဲ့တာကို ဒေသခံတွေက ဆန္ဒထုတ်ဖော်နေကြတာပါ။

ကိစ္စနဲ့ပတ်သက်ပြီး လယ်သမားတွေက သူတို့တွေရဲ့လယ်မြေတွေကို အသုံးပြုခွင့် မပေးသလို လျော်ကြေးပေးတာကိုလည်း လက်မခံကန့်ကွက်နေပေမဲ့ မေလ ၃၀ ရက်နေ့က စတင်ကာ NUG လက်အောက်ခံပသုံးလုံးတွေက ဦးဆောင်ကာ ဖောက်လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မနက်ပိုင်းကဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ဖမ်းဆီးခံရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်၊

“ အခြားရွာတွေက ဆန္ဒပြတာလာပြီးပူးပေါင်းဖို့ရှိပေမယ့် သူတို့က ခြိမ်းခြောက်မှုတွေလုပ်တယ် လမ်းတွေမှာပိတ်ဆို့ထားတော့ ရောက်မလာနိုင်ကြဘူး” လို့ ဆန္ဒထုတ်ဖော်သူတစ်ဦးကပြောပါတယ်။

လမ်းဖောက်မှုဖြစ်ပေါ်နေတဲ့ အင်းတိန်ရွာက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး မီးရှို့ဖျက်စီးခံခဲ့ရတဲ့ ရွာဖြစ်ပြီးတော့ လက်ရှိ ပသုံးလုံး စိုးမိုးနယ်မြေ ဖြစ်ပါတယ်။

“ ဒီမလောက်လေးမလောက်စား အာဏာရူးတွေကိုမှ ကျနော်တို့ နိုင်အောင်မတားဆီးနိုင်ရင် မင်းအောင်လှိုင်ကို ဘယ်လိုတိုက်ကြမလဲ” လို့ဒေသခံကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်အောက်မှာ ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)အဖွဲ့ တွေကို ဖွဲ့စည်းထားတာဖြစ်ပြီးတော့ “ ပ” သုံးလုံးအဖွဲ့လို့ အတိုကောက် ခေါ်ကြပါတယ်။

CJ -015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့က စီးနင်းသိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဆန်ဈေး မြင့်တက်ပြီး ရှားပါးနေတာကြောင့် ဆန်အလှူရှင်တွေကို အားကိုးနေရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဆန်ဈေး အဆမတန် မြင့်တက်ပြီး ဆန်ပြတ်လပ်နေတာကြောင့် နေ့စဉ် ဆန်အခက်အခဲ ဖြစ်နေပြီး ဆန်အလှူရှင်တွေကို အားကိုးနေရတယ်လို့ မြို့ခံတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီကို ချတဲ့ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရာတွင် SNLD တွဲဖက်အတွင်းရေးမှူးပါဝင်

ရှမ်းမြောက်၊ သိန္နီမြို့ကို ချတဲ့ စစ်ကောင်စီရဲ့ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရတဲ့ အထဲမှာ သိန္နီမြို့နယ် SNLD ရဲ့ စည်းရုံးရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ပါဝင်တယ်လို့ ကျားခေါင်းပါတီ(SNLD) ပါတီဝင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ‌MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ၄ ရက်ကြာ စစ်ဆင်ရေး နား‌ပြီးနောက် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာနေပြီဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီး – တာချီလိတ်လမ်းတစ်လျှောက်မှာ တစ်လခွဲကျော်ကြာတဲ့အထိ ကားလမ်းပိတ်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ကြီး-တာချီလိတ် လမ်းမကြီး တစ်လျှောက်က မိုင်းပျင်းတောင် လမ်းပိတ်မှုက ဇွန်လ ပထမပါတ်ကတည်းကနေ ယခု ဇူလိုင် လလယ်အထိ တစ်လခွဲကျော်ကြာ ခရီးလမ်းနှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တိုင်းမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက “ဦးအောင်ဆန်းရေ.. အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ နှစ်ဘက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေပြင်းထန်နေ

ရှမ်းမြောက်၊ လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ယနေ့ဇူလိုင်လ ၁၉ ရက် မနက် ၂းဝ၅ နာရီအချိန်က စပြီး နှစ်ဖက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF အပတ်စဉ်-၈ သင်တန်းဆင်း အရန်အင်အားလုံလောက်ပြီလို့ ဆို

ရှမ်းတောင်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၀၀၉ IPDF တပ်ရင်းရဲ့ အပတ်စဉ်-၉ အခြေခံစစ်သင်တန်းဆင်းပွဲကို ညောင်ရွှေမြို့နယ် တစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now