ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင် 26 May - 2023
မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။

မဲခေါင်၊ မေ ၂၆

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။

ကျောင်းဆရာ အသွင်ယူ ဆိုင်ကယ်ခိုးယူမှုဟာ မေလ ၂၃ ရက်နေ့ ကျောင်းအပ်နှံရေးနေ့ မနက်ပိုင်းက အ.ထ.က (၁) ကျောင်းမှာ ဖြစ်ပွားခဲ့ပြီး ကျောင်းဆရာရဲ့ ဆိုင်ကယ် တစ်စီးနဲ့ ကျောင်းသားမိဘတွေရဲ့ ဆိုင်ကယ် ၃ စီး စုစုပေါင်း ၄ စီး ခိုးယူသွားတယ်လို့ ကျောင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“အဲဒီရက်က Grade 9 သင်ရိုးသစ် သင်တန်း ဆိုတော့ နယ်က ဆရာ/မတွေ အများကြီးလာတယ်။ အဲဒီမှာ သူခိုးက ကျောင်းဆရာလို ဝတ်လာပြီး ဓါတ်ပုံရိုက်ခံပြီး ဝင်ခိုးသွားတယ်။ ၄ စီးပါသွားတယ်။ ၂ စီးက သံကြိုးနဲ့ ခတ်ထားတော့ ပါမသွားလိုက်ဘူး။ တစ်စီးက ပင်းတယ ဆရာရဲ့ ဆိုင်ကယ် Honda 125 သိန်း ၃၀ တန်။ ကျောင်သားမိဘ တစ်စီးက Wave 100 ၂၅ သိန်းတန်။ အပြင်မှာ ရပ်ခဲ့လို့ပါသွားတာ။ သူတို့က ငှားစီးလာတာတဲ့။ ပျောက်တော့လည်း ငိုလို့ပေါ့” သူက ပြောပါတယ်။

အလားတူ အဲဒီရက် တစ်ချိန်တည်းမှာ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄)၊ အ.ထ.က (၁၀) တို့မှာလည်း တစ်ကျောင်းမှာ ဆိုင်ကယ် ၂ စီးနှုန်းနဲ့ စုစုပေါင်း ၈ စီး ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ထ ၂ မှာ ဝင်ခိုးတာက မိန်းကလေး။ ပုံစံက သူခိုးလို့ မထင်ရဘူး။ အပျိုအရွယ်ပဲ၊ ဂါဝန်နဲ့ ဝတ်ထားတာ။ ဆံပင်အဖြောင့်နဲ့။ CCTV က ပြန်ကြည့်တာ ပြောတယ်။ ဘယ်က CCTV လဲတော့ မသိဘူး” လို့ ကျောင်းနဲ့ နီးစပ်သူ တစ်ဦးက ဆက်ပြောပြပါတယ်။

တောင်ကြီးမြို့ အ.ထ.က ကျောင်းတွေမှာ အခုလို တစ်ရက်တည်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ပျောက်ဆုံးတာဟာ သမိုင်းမှာ ပထမဆုံး ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အခုလို ဆိုင်ကယ်တွေ ပျောက်ဆုံးပြီးနောက် စစ်ကောင်စီ လက်အောက်ခံ နယ်ထိန်းရဲကို ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် CCTV ပြန်ကြည့်ပေးရုံသာ လုပ်ပေးပြီး ဖမ်းဆီး ပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပျောက်ဆုံးသွားတဲ့ အထဲက ၁၀ စီးဟာ လိုင်စင်ပါတဲ့ ဆိုင်ကယ်တွေ ဖြစ်နေပေမယ့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန-ကညန က ကူညီပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

၂၀၂၃ ခုနှစ် အစောပိုင်း ကတည်းက တောင်ကြီး တစ်မြို့လုံးရဲ့ လမ်းဆုံလမ်းခွတိုင်းမှာ တပ်ဆင်ထားတဲ့ AI စနစ်ပါ CCTV ကင်မရာတွေဟာ လူဆိုး၊ သူခိုးတွေကို ဖမ်းဆီးဖို့ မဟုတ်ဘဲ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို ဖမ်းဆီးဖို့ တပ်ဆင်ထားတာဖြစ်လို့ မြို့နေလူထု အနေနဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

CJ-007

#MeKongNews

#တောင်ကြီးမြို့

#ကျောင်းဆရာ

#ဆိုင်ကယ်ခိုးယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။