ဒေသတွင်းသတင်း

တောင်ကြီး က.ည.န ရုံးမှာ လိုင်စင်သက်တမ်းတိုးသူတွေကို အချိန်ဆွဲ ငွေညှစ်နေ

မဲခေါင် 11 Oct - 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် က.ည.နရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူ တွေကို အချိန်ဆွဲထားပြီး ငွေညှစ်နေရာ ငွေကြေးပေးမှ လိုင်စင် ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူတွေကို နာရီနဲ့ချီ တန်းစီ စောင့်ခိုင်းကာ သတ်မှတ်ငွေကြေးထက် ပိုပေးမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ “ ဒုပြည်နယ်ဦးစီးမှူး ရုံးခန်းရှေ့မှာ နာရီနဲ့ချီပြီး တန်းစီ စောင့်ခိုင်းထားတာ။ လိုင်စင်သက်တမ်း တိုးဖို့က နေရာစုံက လာရတာ။ ပိုက်ဆံပိုမပေးရင် အခန်းထဲရောက်မှ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်ဆိုပြီး ပြန်ယူခိုင်းတယ်။ တန်းစီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် က.ည.နရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူ တွေကို အချိန်ဆွဲထားပြီး ငွေညှစ်နေရာ ငွေကြေးပေးမှ လိုင်စင် ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူတွေကို နာရီနဲ့ချီ တန်းစီ စောင့်ခိုင်းကာ သတ်မှတ်ငွေကြေးထက် ပိုပေးမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“ ဒုပြည်နယ်ဦးစီးမှူး ရုံးခန်းရှေ့မှာ နာရီနဲ့ချီပြီး တန်းစီ စောင့်ခိုင်းထားတာ။ လိုင်စင်သက်တမ်း တိုးဖို့က နေရာစုံက လာရတာ။ ပိုက်ဆံပိုမပေးရင် အခန်းထဲရောက်မှ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်ဆိုပြီး ပြန်ယူခိုင်းတယ်။ တန်းစီ မစောင့်ခင်ကတော့ ဘာမှ စစ်ဆေးတာ မရှိဘဲ အခန်းထဲရောက်မှ ပြောတော့ အချိန်ကုန်တာပေါ့။ ပိုက်ဆံ ပေးရင်တော့ ချက်ချင်းကိုရတယ်”  လို့ လိုင်စင် သက်တမ်းတိုး သွားရောက်ပြုလုပ်သူ တစ်ဦးက ပြောပါတယ်။

လိုင်စင်သက်တမ်းတိုးရာမှာ သတ်မှတ်ငွေ‌ကြေးကို ရုံးမှာ ပေးသွင်းပြီးနောက် လာဘ်ငွေကိုတော့ ပွဲစားတွေက တစ်ဆင့် ပေးရကာ မပေးပါက စာရွက်စာတမ်း မစုံလင်ဘူးလို့ အကြောင်းပြပြီး ‌အချိန်ဆွဲထားတယ်လို့ သိရပါတယ်။

အဲဒီရုံးမှာ လိုင်စင် သက်တမ်း တိုးသူတွေ အနေနဲ့ စာရွက်စာတန်း‌ အခမဲ့ ထုတ်ယူနိုင်ကြောင်း၊ ရုံးဝန်ထမ်းတွေ ဆက်ဆံရေး မပြေပြစ်မှု၊ ငွေကြေး ပိုမိုတောင်းခံမှုတွေ ရှိပါက တိုင်ကြားနိုင်ကြောင်း ဆိုင်းဘုတ် တပ်ထားပေမယ့် စာရွက်စာတမ်းကြေး ပေးရသလို ငွေကြေး ပိုမိုတောင်းခံမှု၊ ဆက်ဆံရေး မပြေပြစ်မှုတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

တောင်ကြီး က.ည.န အပါအဝင် ရှမ်းပြည်နယ် တဝန်းလုံးက က.ည‌.န ရုံးတွေမှာ လိုင်စင်သက်တမ်းတိုးရာမှာ ကြန့်ကြာမှုတွေရှိနေပြီး ပွဲစားတွေကနေ တစ်ဆင့် လာဘ်ငွေပေးမှသာ အဆင်ပြေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။