ဒေသတွင်းသတင်း

တောင်ကြီး-ကျိုင်းတုံ လမ်းမကြီး မိုးတွင်းကာလ လမ်းပြုပြင်တာကြောင့် ကုန်စိမ်းကားအပါအဝင် ကားတွေထောင်ချီ ပိတ်ဆို့နေ

မဲခေါင် 11 Jun - 2024
ရှမ်းတောင် တောင်ကြီးမြို့က ရှမ်းအရှေ့ ကျိုင်းတုံမြို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၄)ပြည်ထောင်စုလမ်းမကြီး ဟာ လမ်းပြင်နေတာ၊ လမ်းပျက်တာတွေကြောင့် ကားတွေ ထောင်ချီပိတ်ဆို့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇွန် ၁၁

ရှမ်းတောင် တောင်ကြီးမြို့က ရှမ်းအရှေ့ ကျိုင်းတုံမြို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၄)ပြည်ထောင်စုလမ်းမကြီး ဟာ လမ်းပြင်နေတာ၊ လမ်းပျက်တာတွေကြောင့် ကားတွေ ထောင်ချီပိတ်ဆို့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွယ်လင် ကြား လမ်းပြင် လမ်းချဲ့တဲ့နေရာနဲ့ သံလွင်မြစ်အကျော် ရှမ်းအရှေ့မိုင်းပျဉ်းတောင်မှာ မိုးရွာလမ်းချော်လို့ ကားတွေပိတ်မိနေပြီး ခရီးသွားပြည်သူတွေ အဆင်မပြေဖြစ်နေကြတာအပြင် ကုန်စိမ်းကားတွေပါ အခက်အခဲတွေနဲ့ကြုံနေရတာလို့ သိရပါတယ်။

“ ခေါင်းနွဲ့မှာ ကျောက်မိုင်းခွဲနေတာ၊ ခွဲပြီးသားတွေရှင်းနေတာ၊ ပုံမှန် ၂ နာရီပဲမောင်းရတာက်ုိ ခု ၆ နာရီကျော်တယ် ဒီကြားထဲ လမ်းပိတ်မှန်း သိရက်နဲ့ ကျော်တက်တဲ့ ကားတွေကြောင့် ပိုကြန့်ကြာကြရတယ်၊ တချို့လူတွေ ကိုယ့်ဖို့လောက်ပဲသိကြ တယ်” လို့တောင်ကြီး-တာချီလိတ်ပြေးဆွဲ နေတဲ့ ယာဉ်လိုင်းတစ်လိုင်းမှ ယာဉ်မောင်း ၁ ဦးက မဲခေါင်ကိုပြောပါတယ်။

မိုင်းပွန်-လွိုင်လင်ကြားမှာ ကွန်ကရစ်လမ်းခင်နေလို့လမ်းချဲ့တာတွေ လုပ်နေတာကြောင့် လုပ်ငန်းလုပ်နေစဉ်လမ်းပိတ်ထားလို့ ကားတွေထောင်ချီပိတ်မိနေတာလို့ပြောပါတယ်။

၄င်းအပြင် ရှမ်းအရှေ့ သံလွင်မြစ်အကျော် ဆင်မောင်းကစပြီး မိုင်းပျဉ်းတောင်အထိ မိုးရွာလို့ လမ်းသားမြေပွ မြေစေးတွေပြိုကျရာက လမ်းတွေချော်ပြီး ကားတွေပိတ်နေကာ ယင်းနေရာတွင် ကံကောင်းရင် ၂ ရက်ကံမကောင်းက ၃ ရက်ကျော် ကြာမြင့်စောင့်စားသွားလာနေရတယ်လို့ပြောပါတတယ်။

“ လမ်းကကျဉ်း ရှောင်မရတဲ့အခြေအနေကရှိနေ၊ ၁၂ ဘီးကားတွေ၊ ကုန်တင်ကားတွေ တအားများလာတာ၊ ရှမ်းရှေ့တက်မယ်ဆိုရင် ရိက္ခာခြောက် နဲ့ရေတွေ ဆောင်သွားကြဖို့လိုမယ်၊ စားစရာရှိတောင် စျေးကအဆမတန်ကြီးတာ လက်ဘက်ရည် ၁ထုပ် ၅ ထောင်၊ ကောက်ညှင်း ၁ထုပ် ၁ထောင် လာရောင်းတဲ့သူရှိတာပဲ ကျေးဖူးတင်ရတာ၊ စားစရာမပါလို့ကတော့ လာမရောင်းရင်ငတ်ပဲ`လို့ ပြောပါတယ်။

ကုန်ကားအချို့မြေသားမခိုင်တဲ့နေရာတွေရပ်ထားရာက ချောက်ထဲကျမှုုတွေ ရှိသလို ကားကျော်တက်ရင်း တောင်စောင်းမှာလဲတာတွေလဲရှိတယ်လို့ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်မရှိသလောက်ရှားပါးနေတဲ့အပြင် စစ်ကောင်စီက လူမဆန်စွာ သတ်ဖြတ်နေမှု၊ အဓမ္မစစ်မှုထမ်းဖမ်းဆီးနေမှုတွေကြောင့် ထိုင်း၊ လာအို နိုင်ငံတွေဆီ နိုင်ငံသားတွေ ရာထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာဖြစ်လို့ အရင်က ခရီးသွားလူမရှိရာက ခရီးသွားကားတွေ လူအပြည့်သွားလာနေကြတာဖြစ်လို့ ကားတွေပိတ်ရင် ရိက္ခတွေ ပါသွားကြဖို့အကြံပြုတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက် က လမ်းတွေ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ရှမ်းအရှေ့အခြေအနေဟာ ရှမ်းမြောက်နဲ့အောက်ပိုင်းအခြအနေကို ပြောင်းလဲယူခဲ့ သလိုဖြစ်နေပြီးလားရှိုးအစား ကျိုင်းတုံ၊ မူဆယ်အစား မိုင်းလား၊ မြဝတီအစား တာချီလိတ်နဲ့ တမူးအစား ကျိုင်းလတ် ဖြစ်လာတာကြောင့် ကုန်ကားတွေ အသွားအလာ များပြားလာနေတာဖြစ်ပြီး လမ်းတွေကကျဉ်း ၊ လမ်းသားတွေက မကောင်းလို့ ခုလို လမ်းပိတ်ဆို့မှုတွေဖြစ်နေရတာလို့ ဆိုပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အောင်ပန်းပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့ပြပြောက်ကျားတပ်တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ် အောင်မြင်ဖို့ တိုက်တွန်း

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီဘက်က ထိပ်တန်း အကြီးအကဲတစ်ဦး လာဖို့စီစဥ်နေလို့ ပျံကျစျေးသည်တွေကို ရက်အနည်းငယ် ပိတ်ခိုင်းထား

တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်း (Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို စစ်ကောင်စီစခန်းအနီးမှာ ပြုလုပ်

ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ လွိုင်ကော် ပစ္စည်းပြန်ယူသူတွေကို စစ်တပ်က အမြန်ဆုံး ပြန်ထွက်ခိုင်းနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို ယမန်နေ့ ဇွန်လ ၂၃ ရက်‌နေ့နဲ့ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲဖောက်ရောင်းချနေဆဲ နေအိမ်ကို ဝယ်လက် နောက်တစ်ဦးဆီ ထပ်ရောင်းလို့ ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ မဲဖောက်ရောင်းချနေဆဲဖြစ်တဲ့ အိမ်ကို ဝယ်လက်နောက်တစ်ဦးဆီ ထပ်မံရောင်း‌ချမှု ဖြစ်ပွားခဲ့ပြီး ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်ပေါ် နေတယ်လို့ မဲဝယ်ထားသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကိုးကန့်ဒေသမှာ နှစ် ၂၀ အထက် နေထိုင်သူတွေကို မူရင်းဒေသသားအဖြစ်အတည်ပြုမယ်လို့ MNDAA က ထုတ်ပြန်

ရှမ်းမြောက်၊ ကိုးကန့်ဒေသဖြစ်တဲ့ အထူးဒေသ(၁) အတွင်း နှစ်ပေါင်း ၂၀ နှစ်နဲ့အထက် နေထိုင်ခဲ့သူတွေကို "မူရင်းဒေသသား"အဖြစ် အတည်ပြုပြီး ဒေသသား မှတ်ပုံတင်ကပ်ပြားအလိုအလျောက်ရရှိနိုင်မယ်လို့ MNDAA က ဇွန်လ ၂၂ ရက်နေ့ စာနဲ့ထုတ်ပြန်လာတာတွေ့ရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now