ဒေသတွင်းသတင်း

တောင်ကြီးမှာ လိုင်းကြေးပေးထားတဲ့ ဘား၊ ကေတီဗီနဲ့ ကလပ်တွေ ရက်အကန့်အသတ်မရှိ ပိတ်ခိုင်း

မဲခေါင် 9 May - 2023
မဲခေါင်၊ မေ ၈ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြို့တော် တောင်ကြီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လိုင်းကြေး ပေးထားတဲ့ ဘား၊ ကေတီဗီနဲ့ ကလပ်တွေကို စစ်ကောင်စီ လက်ပါးစေ ရဲတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

မဲခေါင်၊ မေ ၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ မြို့တော် တောင်ကြီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လိုင်းကြေး ပေးထားတဲ့ ဘား၊ ကေတီဗီနဲ့ ကလပ်တွေကို စစ်ကောင်စီ လက်ပါးစေ ရဲတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

ဖရဲငွေတောင်ရပ်ကွက်၊ ရွှေတောင်ကြား အိမ်ယာ အနီးမှာ ဖွင့်ထားတဲ့ Crazy Night Music Bar ကို ပြီးခဲ့တဲ့ ဧပြီ၊ ၂၉ ရက်နေ့က စပိတ်ခိုင်းပြီး မေလ ၄ ရက်နေ့က စကာ တမြို့လုံးက ဘား၊ ကလပ်နဲ့ ကေတီဗီတွေကို ပိတ်ခိုင်းတာလို့ သိရပါတယ်။

“Crazy Night Bar ကို ရဲ၊ စရဖ တွေက လိုင်းကြေး အရင်ကောက်တယ်။ ပြီးမှ နောက်တစ်ဖွဲ့က ဝင်တာ။ ထောင်ကားတွေနဲ့ပါ လာဖမ်းတာ။ ဖွင့်တုန်းက သူတို့ပဲ ဖွင့်ခွင့်ပြုထားတာ။ ညဆို ရဲတွေ ဝင်ထွက်စားသောက်ပြီး ပိုက်ဆံမရှင်းဘဲ ပြန်ကြတာပဲလေ” လို့ တောင်ကြီးမြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Crazy Night Music Bar ဟာ ဧပြီ ၂၉ ရက်နေ့မှာ တေးသံရှင် ရွှေထူး လာမယ့် အစီစဉ်ကိုပါ အရေးပေါ် ဖျက်သိမ်းခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အဲ့ဒီ ဘားက အရင်လ (ဧပြီလ) ၄ ရက်နေ့တည်းက ရွှေထူးလာမယ်ဆိုပြီး ပွဲကို သုံးလေးခါလောက် ရက်ရွှေ့နေတာ။ ပထမတော့ ကိုရွှေထူး နေမကောင်းလို့ ရက်ရွှေ့တာ။ နောက်အခေါက်တွေ ကျတော့ အဲ့ဆိုင်က လုပ်တာ။ ဒီတခါလည်း ဧပြီ ၂၉ သေချာပြီဆိုပြီး ကျနော်တို့က တောင်ကြီး ကားလက်မှတ် ဝယ်ပြီး ရောက်နေပြီကို အဲ့နေ့ နေ့လယ်မှာ ကပ်ဖျက်သွားတာ” လို့ Crazy Night Bar မှာ ပြုလုပ်မယ့် အဆိုတော် ရွှေထူး ပွဲကို ကြည့်ဖို့ ရန်ကုန်ကနေ လာရောက်တဲ့ လူငယ် တစ်ဦးက ဆိုပါတယ်။

Crazy Night Bar မှာ အိုက်စ် မူးယစ်ဆေး အမြောက်အများ ဖမ်းမိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ရဲ၊ စရဖ တွေနဲ့ မူးယစ်ရဲတွေ သဘောထား မတိုက်ဆိုင်မှုကြောင့် တမြို့လုံးက ဆိုင်တွေကိုပါ စစ်ဆေးမယ်ဆိုပြီး ပိတ်ခိုင်းတာလို့ သတင်း ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အခု ပိတ်ခံထားရတဲ့ ထဲမှာ သီးသန့်ခန်းတွေနဲ့ အရက်၊ ဘီယာ သီးသန့်ရောင်းတဲ့ ဘား၊ ကလပ်နဲ့ ကေတီဗီတွေ အများစု ပါဝင်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း တောင်ကြီးမြို့နယ်မှာ ဘားနဲ့ ကလပ် ဆိုင်သစ် ၁၀ ခုထက်မနည်း ဖွင့်လှစ်လာပြီး စစ်ကောင်စီရဲ့ ဝန်ကြီး ပိုင်ဆိုင်တဲ့ ဘားတွေ အပါအဝင် ရဲ၊ စရဖနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ရှယ်ယာဝင်ထားတဲ့ ဘားနဲ့ ကလပ်တွေလည်း ပါဝင်နေပါတယ်။

CJ-001

#MeKongNews

#တောင်ကြီး

#ကြိုးဆွဲချ

#ပအိုဝ်းပြည်သူ့စစ်

#ကေတီဗီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ