ဒေသတွင်းသတင်း

တောင်ကြီးမှာ ယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေအားလုံး အသုံးပြုခွင့် စစ်ကောင်စီပိတ်ထား

မဲခေါင် 18 Dec - 2022
အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ယမ်းစိမ်းအပါအဝင် ယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေအားလုံး အသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ မီးပုံးပျံပညာရှင်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလကတည်း မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ အသုံးပြုခွင့်ကန့်သတ်ထားသလို စစ်ကောင်စီက ပြုလုပ်တဲ့ ‌တန်ဆောင်တိုင်ကာလအတွင်းမှာလည်း ယမ်းအသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ ပေးမလုပ်တာက အရင်ကတည်းကဆိုတော့ လက်ခံလို့ရတယ်။ သူတို့လုပ်တဲ့တန်ဆောင်တိုင်မှာ ယမ်းပေးမသုံးဘူးဆိုတော့ ဘာလို့များ လုပ်နေသေးလဲမေးကြည့်ချင်တာ။ ပြင်ဦးလွင်ပွဲကြပေးသုံးတယ်လေ။ တောင်ကြီးက ဘယ်တော့မှာ ဘယ်တော့မှ ရာဇဝင်မရိုင်းပါဘူး

လို့ မီးပုံးပျံပညာရှင်တစ်ဦးက ပြောပါတယ်။

အဲဒီလိုပဲ လက်ရှိကာလမှာလည်း ယမ်းစိမ်းအပါအဝင် ယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ အသုံးပြုတာ၊ ရောင်းဝယ်တာတွေ မပြုလုပ်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် တားမြစ်ထားပြီး လက်ဝယ်တွေ့ရှိပါက အရေးယူမယ်လို့ သတိပေး‌ထားကြောင်း ‌အခြားမီးပုံးပျံပညာရှင်တစ်ဦးက ပြောပါတယ်။

ကြက်သားသည်တွေကိုတောင် ယမ်းစိမ်းတွေ့လို့ဆိုပြီး ခဏခဏဖမ်းပြီး ငွေညှစ်နေတာ။ အုပ်ကြီးက မီးပုံးပျံသမားတွေကိုလည်း လိုက်ပြောထားတယ်။ ယမ်းမသုံးဖို့နဲ့ လာစစ်လို့တွေ့ရင် အရေးယူမယ်ဆိုပြီး လိုက်သတိပေးထားတာ။ တရားဝင်စာထုတ်ထားတာမျိုးတော့ မဟုတ်ဘူး

လို့ သူကပြောပါတယ်။

ဒါ့အပြင် တောင်ကြီးက မီးပုံးပျံဝါသနာရှင်တွေ၊ ဒေသခံလူငယ်တွေအနေနဲ့ တောင်ကြီးရဲ့ တည်နေရာ၊ အနေအထားတွေကြောင့် တော်လှန်ရေးလှုပ်ရှားခွင့်မရတဲ့အတွက် ကရင်နီ၊ စစ်ကိုင်းစတဲ့ ဒေသတွေရဲ့ ရှေ့တန်းစစ်မြေပြင်၊ ထောက်ပို့၊ လက်နက်ထုတ်လုပ်ရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်လှုပ်ရှားနေတယ်လို့လည်း မီးပုံပျံပညာရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး ဒေသတွင်းသတင်း

အင်းလေးဒေသမှာ စက်သုံးဆီပြတ်လပ်၊ သိုလှောင်ထားတဲ့ ဆိုင်တွေ ဓာတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ဈေးတင်ရောင်းချ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ကျေးရွာ အများစုမှာ စက်သုံးဆီ ပြတ်လပ်နေပြီး သိုလှောင်ထားတဲ့ ဆိုင်တွေက ဓာတ်ဆီ တစ်လီတာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲလို့ ပြည်သူ ၆ သောင်းကျော် စစ်ရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲနေတာကြောင့် စစ်ဘေးရှောင်တဲ့ပြည်သူ သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

မန်တုံနဲ့မိုင်းလုံမြို့နယ်က စစ်ကောင်စီစခန်းတွေကို TNLA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခိုမုန်းစခန်းနဲ့ မိုင်းလုံမြို့နယ်ထဲက လယ်ကြီးစခန်း ၂ ခုကို TNLA က မနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးနဲ့ ဒုဗိုလ်မှူးကြီးတွေကို စစ်ခေါင်းဆောင်က သူရဘွဲ့ပေး

ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မွန်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး ၂ ယောက်နဲ့ ဒုဗိုလ်မှူးကြီး ၂ ယောက်တို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူရဘွဲ့တွေ ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

မုန်းမြို့တိုက်ပွဲ Federal Wings ပါ ပူးပေါင်းတိုက်ခိုက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ Federal Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာဆေးကုသပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုအတွင်း ဖမ်းမိတဲ့သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသပေးထားပြီး ကောင်းမွန်စွာထားရှိတယ်လို့ NUG စစ်ဒေသ အမှတ် (၂) တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

စစ်ရေးဗျူဟာကျတဲ့ တာရင်တောင်ကို သိမ်းပိုက်ပြီးနောက် လောက်ကိုင်ပတ်လည်မှာ စစ်ကောင်စီစခန်း ၄ ခုသာကျန်

လောက်ကိုင်မြို့ကို အပေါ်စီးမှ မြင်ရပြီး စစ်ရေးအရ ဗျူဟာကျတဲ့ တာရင်တောင်ကို MNDAA က ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာကြောင့် လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်စခန်း ၄ ခုသာ ကျန်တော့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တောင်ကြီးမြို့မှာ မီးဖိုချောင်သုံးဂတ်စ် စတင်ပြတ်လပ်၊ လက်ကျန်ရှိတဲ့ဆိုင်တွေ ၂ ဆနီးပါး ဈေးတင်ရောင်းချနေ

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ဒီဇင်ဘာလ ပထမ အပတ်ကစပြီး မီးဖိုချောင်သုံးဂတ်စ် စတင် ပြတ်လပ်နေရာ လက်ရှိ ဆိုင်အရေအတွက် ၂၀ ရာခိုင်နှုန်းခန့်ကသာ လက်ကျန်တွေ ရောင်းချနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now