ဒေသတွင်းသတင်း

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးနဲ့ ဒုဗိုလ်မှူးကြီးတွေကို စစ်ခေါင်းဆောင်က သူရဘွဲ့ပေး

မဲခေါင် 7 Dec - 2023
ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မွန်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး ၂ ယောက်နဲ့ ဒုဗိုလ်မှူးကြီး ၂ ယောက်တို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူရဘွဲ့တွေ ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၇

ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မွန်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး ၂ ယောက်နဲ့ ဒုဗိုလ်မှူးကြီး ၂ ယောက်တို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူရဘွဲ့တွေ ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့လို့ဆိုပြီး ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း၊ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း၊ ဒုတိယ ဗိုလ်မှူကြီး စိုင်းကမ္ဘာစိုးနဲ့ ဒုတိယဗိုလ်မှူးကြီး သူရိန်တို့ ၄ ဦးကို စစ်ခေါင်းဆောင်က သူရဘွဲ့တွေ ပေးအပ်ခဲ့တာပါ။

ဗိုလ်မှူးကြီး အောင်ဇေယျာဝင်းမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ လုံခန်စခန်းကို MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်စဉ် သေဆုံးခဲ့တဲ့ ခလရ- ၇၉ တပ်ရင်းမှူးဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီး မျိုးကိုကိုဝင်းမှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်စဉ်မှာ သေဆုံးခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ ခမရ-၅၅၇ ရဲ့ တပ်ရင်းမှူးလည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး သူရိန်ဟာလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းမှာ MNDAA နဲ့ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့သူဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က သူရဘွဲ့ပေးတဲ့ နောက်ထပ် ဒုတိယဗိုလ်မှူးကြီး စိုင်းကမ္ဘာစိုးဟာလည်း တော်လှန်ရေးတပ်ဖွဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ တပ်တွင်းသတင်းတွေကို ရေးသားဖော်ပြနေတဲ့ Khit Thit Media မှာဖော်ပြပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူရဘွဲ့ ၄ ဦးအပြင်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၃၅ ဦး၊ ရဲသူရတံဆိပ်ရသူ ၅ ဦး၊ ရဲဗလတံဆိပ်ရသူ ၁၀၃ ယောက်၊ စုစုပေါင်း ၁၄၇ ယောက်ကို တိုက်ပွဲအတွင်း သေဆုံးခဲ့လို့ ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တာပါ။

စစ်ဘက်ဆိုင်ရာဘွဲ့တံဆိပ် သို့မဟုတ် သူရဲကောင်းမှတ်တမ်းဝင် ရရှိမှုတွေမှာ တိုက်ပွဲအတွင်း တိုက်ခိုက်စွမ်းရည်ကြောင့် ပေအပ်ခံရသူများ ရှိသလို ဆုတံဆိပ် ရရှိဖို့ တင်ပြရာမှာလည်း အရေးအသားကောင်းတွေကြောင့် ရရှိသူတွေရှိတယ်လို့ CDM စစ်သားတွေက ပြောပါတယ်။

အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့နဲ့ သူရဘွဲ့ဆိုပြီး စစ်တပ်အတွင်းမှာ ပေးအပ်လေ့ရှိကာ ဆုရသူတွေဟာ ရာထူးတဆင့်မြင့်နဲ့လည်း ခံစားခွင့်ပေးတယ်လို့ ဆိုပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲမှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ Drop Bomb ထိပြီးနောက် တိုက်ပွဲဝင်နေဆဲမှာ စနိုက်ပါထပ်ထိပြီး သေဆုံးသွားခဲ့တာလို့ စစ်တပ်လော်ဘီတွေ က ရေးသားကြပါတယ်။

သူဟာ မသေဆုံးခင်က ဒုဗိုလ်မှူးကြီးအဆင့်သာဖြစ်ပြီး သူရဘွဲ့ချီးမြှင့်ချိန်မှာ ဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခံရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း TNLA နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာကို စစ်ကောင်စီက လေကြောင်းချီစစ်ဆင်ရေးအတွင်း အသက်မသေဘဲ ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း တဆင့်မြင့်ရာထူးနဲ့ ဘွဲ့တွေ ပေးအပ်ခဲ့ပါသေးတယ်။

ဂုဏ်ထူးဆောင်ဘွဲ့တွေရတဲ့ သူတွေကို ကြေညာအပြီး ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)မှာ အဆောင်အယောင်နဲ့ ဆုတံဆိပ်တွေကို စစ်ခေါင်းဆောင်က ချီးမြှင့်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း လွတ်လပ်ရေးခေတ်မှ ဒီနေ့အထိ စွမ်းဆောင်နိုင်ခဲ့သူတွေ၊ စစ်ကောင်စီအဖွဲ့ထဲ ပါတဲ့သူတွေအပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ကိုယ်သူလည်း ဘွဲ့တွေ ပြန်ပေးခဲ့ပါသေးတယ်။

#MeKongNews

#သူရဘွဲ့

#စစ်ခေါင်းဆောင်

#သေဆုံး

#တိုက်ပွဲ

#အောင်ဆန်းသူရိယ

#ရှမ်းမြောက်

ပုံစာ- ပြီးခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ပွဲမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်တိုက်ပွဲမှာ တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအနီး ခရမ်းရွာမှာ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုလုံခြုံရေး ဆွေးနွေးပွဲကို ပအိုဝ်းပြည်သူ့စစ်
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မှာ စစ်ကောင်စီက ဝန်ထမ်းတွေပြန်ခေါ်နေပေမယ့် ဌာနဆိုင်ရာတွေ ပုံမှန်မလည်ပတ်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ဒေသခံတွေထွက်ပြေးတာကြောင့် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တယားပုံမှန် ပြန်လည် မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းခရမ်းချဉ်သီး စိုက်ပျိုးစရိတ်ကြီးမြင့်တာနဲ့ လုပ်သားရှားပါးတာကြောင့် အစိုက်နည်းနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးစရိတ် ကြီးမြင့်တာအပြင်၊ လုပ်သားရှားပါးမှုနဲ့ အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်တာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေအနေ စိုက်ပျိုးသူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ ကားပစ္စည်းလိုက်လံခိုးယူသူများ ရှိနေလို့ သတိထားရန်လိုအပ်နေ

တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရာရှိလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးတော့ အရာရှိ ၃၂၆ ဦးကို (၁)နှစ်(၇)လကြာ လေ့ကျင့်သင်ကြားပြီး သင်တန်းဆင်းပွဲ ပြုလုပ်လိုက်တာလို့ အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ ပြည်သူ့စစ်(PNA)တွေ စစ်ရေးလေ့ကျင့်နေတဲ့အတွက် မြို့ခံတွေ ထမင်း၊ ဟင်း ချက်ပို့နေရ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း ချက်ပို့နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ထောင်မှာ ထောင်ဝင်စာဖြတ်ခံထားရတဲ့အတွက် အဟာရမပြည့်ဝဘဲလူ ၅ ဦးထက်မနည်း သေဆုံးနေ

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now