ဒေသတွင်းသတင်း

တာချီလိတ်မှာ ချောကလက်စားပြီး ကလေး ၂ ဦး အပါအဝင် ၅ ဦး ခေါင်းမူးပြီး အော့အန်

မဲခေါင် 7 Dec - 2022
တာချီလိတ်မြို့မှာ ချောကက် အလုံးတွေ စားပြီး ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း ၅ ဦး ခေါင်းမူးဝေပြီး အော့အန်မှု ဒီကနေ့ ဖြစ်ပွားခဲ့တယ်လို့ ဦးလှမိုး လူမှုကူညီရေးအသင်း-တာချီလိတ်ထံကနေ သိရပါတယ်။

တာချီလိတ်၊ ရန်အောင်မြေ၊ ပါလျှံ (၁) ရပ်ကွက်ရှိ အိမ်ခန်းတစ်ခုမှာ နေထိုင်တဲ့ လူတွေဟာ ပုံမှာပါတဲ့ ချောကလပ် အလုံးတွေစားပြီး အော့အန်လာတဲ့အတွက် ဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

ခေါင်းမူးဝေ အော့အန်သူတွေထဲက အသက် တစ်နှစ်ကျော်အရွယ်နဲ့ အသက် ၂နှစ်ကျော်အရွယ် ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။

အခုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း တာချီလိတ်မြို့မှာ ကော်ဖီ အဖြစ် ပုံဖျက်ထားတဲ့ မူးယစ်ဆေးဝါး တစ်မျိုးကို ဆရာတော် တစ်ပါးနဲ့ ဒကာ ၄ ဦးတို့ သောက်သုံးမိတဲ့အတွက် သတိလစ်မေ့သွားခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

စိတ်ကြွဆေးပြား၁၀သန်းကျော်နဲ့အတူဖမ်းမိတဲ့တာချီလိတ်ကရဲတပ်သားဟောင်းဖေသက်ဟန်ကိုထောင်ဒဏ်နှစ်အကန့်အသတ်မရှိချမှတ်

တာချီလိတ်မြို့နယ်ထဲမှာ စိတ်ကြွေဆေးပြား ၁၀သန်းကျော်အပါအဝင် မူးယစ်ဆေးထုတ်လုပ်စက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့ ရဲတပ်သားဟောင်း ဖေသက်ဟန်ကို တာချီလိတ်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

မီဇိုရမ်မှာ မြန်မာနှစ်ဦးကို ဖောက်ခွဲစက် အလုံး ၁၀၀ ဖမ်းမိဟု အိန္ဒိယထုတ်ပြန်

မဲခေါင်၊ ဇန်နဝါရီ ၁၇ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယ-မြန်မာနယ်စပ်နားက မီဇိုရမ်ပြည်နယ် ချမ်ပိုင်းခရိုင်မှာ မြန်မာနိုင်ငံသားနှစ်ဦးကို ဖောက်ခွဲစက် (detonators) အလုံး
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ တောင်ယာလုပ်နေတဲ့ ရွာသားတွေကို စစ်တပ်ကဝင်ပစ်လို့ တစ်ဦးသေပြီး ၅ ဦးဖမ်းဆီးခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဇန်နဝါရီလ ၁၃ ရက်က တောင်ယာလုပ်ပြီး အနားယူနေတဲ့ ရွာသားတွေကို စစ်တပ်က ဝင်ပစ်ရာ တစ်ဦးသေပြီး ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေမှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက အရပ်ဝတ်နဲ့ခြေရှုပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက အရပ်ဝတ်တွေနဲ့ စုံစမ်းထောက်လှမ်းနေတယ်လို့ တော်လှန်ရေးအင်အားစုသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဒေသတွင်းသတင်း

မြဝတီ-မဲဆောက် အမှတ် (၁) တံတားကနေ ၂ နိုင်ငံ ကူးသန်းသွားလာခွင့်ရ

မဲခေါင်၊ ဇန်နဝါရီ ၁၂ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်ကနေ ယာယီ လက်မှတ်တွေနဲ့ မဲဆောက်မြို့တွင်း သွားလာခွင့်ရပြီလို့ မြဝတီ ဒေသခံတွေထံက သိရပါတယ်။
ဒေသတွင်းသတင်း

တရုတ်မှာ ကိုဗစ်ကူးစက်မှု ပြင်းထန်နေစဉ် ၃ နှစ်နီးပါး ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တော့မယ်

တရုတ်နိုင်ငံမှာ ကိုဗစ် ရောဂါ ကူးစက်မှု ပြင်းထန်နေစဉ်မှာ ကိုဗစ်ကြောင့် ၃ နှစ်နီးပါး ပိတ်ထားတဲ့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်မယ်လို့ တရုတ် အာဏာပိုင်တွေက
ဒေသတွင်းသတင်း

“ဝ” ပြည်နယ်၊ ပန်ဆန်းမြို့ မှာ ကား ၂ စီး လိမ်လည် ခိုးယူခံရ

"၀"ပြည်နယ်၊ ပန်ဆန်း မြို့ မှာ ဒီဇင်ဘာလ၂၃ ရက်‌ နေ့က အလုပ်သမားတစ်ဦး က သူဌေးမရဲ့ အိမ်စီးကား ၂ စီး ကို လိမ်လည်ခိုးယူ သွားတယ်လို့ ဒေသတွင်း မီဒီယာ တစ်ခု ဖြစ်တဲ့
ဒေသတွင်းသတင်း

လားရှိုးအကျဉ်းထောင်ရိပ်သာ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးအကျဉ်းထောင်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်၊ မနက်ပိုင်းအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။