ဒေသတွင်းသတင်း

တာချီလိတ်မှာ ကားပစ္စည်းလိုက်လံခိုးယူသူများ ရှိနေလို့ သတိထားရန်လိုအပ်နေ

မဲခေါင် 24 May - 2024
တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

မဲခေါင် မေ ၂၄

တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

မနေ့ မေ ၂၃ ရက်နေ့က ပုန်းထွန် ငွေတောင်ဦးကျောင်းလမ်းထဲ ကားမီးခွက်ဖြုတ်ခိုးနေတာတွေ့လို့ အနီးရှိလူတွေက ဖမ်းဆီးပြီး ရဲလက်အပ်လိုက်တယ်လို့ သိရပါတယ်။

ကားမီးခွက်ဖြုတ်ခိုးနေတဲ့သူခိုးကိုဖမ်းဆီးခဲ့သူတစ်ဦးက “ မနေ့တစ်ညလုံး အဲ့ဒိုင်နာကားပေါ်မှာအိပ်ပြီး ဘေးနားက ကားမီးခွက်တွေလည်းလိုက်ဖြုတ်နေတယ်။ သူ့မေးကြည့်တော့ သူ့ကားဘထ္ထရီဒေါင်းသွားတာလို့ ပြောပါတယ်။ ထမင်းတွေလိုက်တောင်းစားပြီး ဒိုင်နာပေါ်ပြန်ထိုင်လိုက်၊ လျှောက်သွားလိုက်နဲ့ဖြစ်နေတာ ကားပိုင်ရှင်အစစ်မဖြစ်လောက်ဘူးနဲ့တူတယ် ပုံစံကဆေးကြောင်တဲ့ပုံစံပါ” လို့ လူမှုကွန်ယက်မှာ တင်ထားပါတယ်။

တာချီလိတ်မြို့က မော်တော်ကားအများစုကို လမ်းဘေးမှာ အိမ်ရှေ့မှာထိုးထားတတ်ကြတာဖြစ်ပြီး အရင်က ကားပစ္စည်း ဖြုတ်ခိုးတာတွေမရှိပေမယ့် အခုနောက်ပိုင်း ဆမ်လော့ ဘထ္ထရီဖြုတ်တာ၊ ကားမီးသီးမီးခွက်၊ ဘက်မှန်နဲ့ အပိုပစ္စည်းဖြုတ်လာတာတွေရှိနေတာပါ။

နယ်စပ်လာရောက်အလုပ်လုပ်ကိုင်နေသူတွေဟာ တာချီလိတ်မြို့ပေါ် အလုပ်အကိုင်ရှားပါးလာတာနဲ့ပါတ်သတ်ပြီး အလုပ်အကိုင်မရှိသဖြင့် နေရပ်မပြန်နိုင်ဘဲ အိမ်ခြေယာမဲ့အဖြစ် လမ်းဘေးအိပ် တောင်းရမ်းစားသောက်ကာ မူးယစ်ဆေးသုံးစွဲနေသူတွေဖြစ်သွားကြပြီး ခိုး၊ ဆိုး၊ နှိုက်၊ လုယက်မှုတွေကျူးလွန်လာကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က တာချီလိတ်မြို့ဟာ လူဦးရေ ၃ သိန်းကျော်ခန့်သာရှိပေမယ့် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်ပွဲတွေကြောင့် နယ်စပ်ရောက်ရှိလာတဲ့ လူဦးရေဟာ အရင်ထက် ၃ ဆနီးပါးတိုးပွားလာပြီး ကိုဗစ်ပြီးကာလနောက်ပိုင်း လယ်ယာမြေတွေပေါ်မှာ နေအိမ် ရပ်ကွက်သစ်တွေတိုးချဲ့လာပြီး ရွေ့ပြောင်း အခြေချလာသူတွေ ပိုမိုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။

MK-002

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညနေခင်းထိ အပြင်းအထန် ပစ်ခတ်ပြီးမှ မိုးကုတ်မှာ နှစ်ဖက်အပစ်အခတ် ရပ်သွား

ဒီနေ့ မနက် ၁၀ နာရီခန့်ကစပြီး စစ်ကောင်စီ နဲ့ TNLA ပူးပေါင်း မိုးကုတ်ဗျူဟာ PDFတို့ ပစ်ခတ်နေတဲ့ တိုက်ပွဲဟာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တော်လှန်ရေးတပ်တွေက နောင်ချိုကို မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး ကျောက်မဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲနေ

ရှမ်းမြောက်ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေက နောင်ချိုမှာတော့ နေရာအတော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရမိပြီဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုမြို့ပေါ်ထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေရာ DPLF ဘက်က မြို့ပေါ်အထိ ရောက်နေပြီ လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက် ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူတွေ အသေအပျောက်ရှိလာ

ရှမ်းမြောက်၊ ကျောက်မဲမှာ ယနေ့မနက် ၅ နာရီကျော်ကတဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကျောက်မဲပြည်သူအချို့သေဆုံးထိခိုက် ဒဏ်ရာရမှုတွေဖြစ်ပွားလာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ငွေလိမ်ဂိုဏ်းတရုတ်တွေကို ရဲနဲ့ တပ်က ဖမ်းပြီး ပြန်ရောင်းစားနေ

တာချီလိတ်မှာ ဖမ်းမိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို စစ်တပ်နဲ့ ရဲက ငွေလိမ်လုပ်ငန်းမှာ ပြန်အသုံးပြုဖို့ ပြန်ရောင်းစားနေတာတွေရှိတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ် ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီစခန်း တိုက်ခိုက်ခံနေရ

ရှမ်းမြောက်နဲ့ထိစပ်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံနေရကြောင်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး အနီး စစ်ကောင်စီနဲ့ MNDAA တို့အကြား မိနစ် အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ကုန်းညောင်ရွာ အနီးမှာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ MNDAA တို့အကြား မိနစ် အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား‌ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းပျဉ်းတောင်လမ်း ပိတ်ဆို့မှု ပိုမိုဆိုးရွားနေ

ရှမ်းအရှေ့ မိုင်းပျဉ်းတောင် ကားလမ်းပိတ်ဆို့မှုမှာ ကားမောင်းသူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ပိုမိုဆိုးရွားလာနေတယ်လို့ခရီးသွားကားတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now