ဒေသတွင်းသတင်း

တာချီလိတ်မှာအမျိုးသမီးတစ်ဦးကိုသေနတ်နဲ့၂ချက်ဆင့်ပစ်သတ်ခဲ့သူဦးဇွဲအမှုကနေပြန်လွတ်လာ

မဲခေါင် 5 Apr - 2023
လူသတ်မှုနဲ့ ဖမ်းဆီးခံရသူ တာချီလိတ်မြို့က ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမှုကနေ ပြန်လွတ်လာပြီလို့ သတင်းရင်းမြစ်တွေက မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၅

လူသတ်မှုနဲ့ ဖမ်းဆီးခံရသူ တာချီလိတ်မြို့က ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမှုကနေ ပြန်လွတ်လာပြီလို့ သတင်းရင်းမြစ်တွေက မဲခေါင်ကို ပြောပါတယ်။

ဦးဇွဲဟာ သူပိုင်တဲ့ ဇွဲသာယာကမ်းခြေမှာ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၅ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ၂ချက်ဆင့် ပစ်သတ်ခဲ့လို့ လူသတ်မှုပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ခံရတာဖြစ်ပြီး ပုဒ်မ ၃၀၂ ကနေ ပုဒ်မ ၃၀၄ကို ပြောင်းလဲခဲ့ပြီး အမှုကနေ ပြန်လွတ်လာတာလို့ တာချီလိတ်သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“လူသတ်မှုကနေ လူသေမှုပုဒ်မပြောင်းလိုက်တာပေါ့။ ဗျူဟာကနေ လိုက်ထုတ်ပေးလိုက်တာ။ အကုန်လုံးကိုတော့ညှိရတာပေါ့။ တော်တော်တော့ကုန်သွားတယ်” လို့ သူက ပြောပါတယ်။

ဦးဇွဲကို ဖမ်းဆီးစဉ်က သူကိုင်ဆောင်တဲ့သေနတ်ဟာ လိုင်စင်မရှိတာကြောင့် လက်နက်မှုနဲ့ပါ အမှုဖွင့်ခဲ့ပေမယ့် လက်နက်မှုပုဒ်မ ၁၉(စ)နဲ့ အမှုမဖွင့်ဘဲ ပြစ်ဒဏ်ပေ့ါလျော့တဲ့ ရှမ်းလက်နက်မှုနဲ့ပဲ ဖွင့်လှစ်ခဲ့တာကြောင့် အဲဒီအမှုကနေလည်း ပြီးပြတ်ခဲ့ပြီလို့ စုံစမ်းသိရပါတယ်။

၂၀၂၂ခုနှစ် အောက်တိုဘာလ ၅ရက် ညနေပိုင်းက ဇွဲသာယာကမ်းခြေမှာ ဦးဇွဲရဲ့ အမျိုးသမီးနဲ့ ဈေးလာရောင်းတဲ့ ဈေးသည် မလှလှဝင်းတို့ စကားများတာကို ဦးဇွဲကဝင်ရောက်ပြီး သေနတ်နဲ့ ၂ချက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် မလှလှဝင်း ကျည်ဆံထိမှန်ခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတာဖြစ်ပါတယ်။

ဦးဇွဲကို အမှုစဖွင့်စဉ်ကတည်းက ရဲတိုင်ချက်ထဲမှာ မြေကြီးကိုသေနတ်နဲ့ပစ်ရာကနေ ကျည်ဆံက ကျောက်တုံးကို ထိမှန်ပြီး လမ်းကြောင်းပြောင်းကာ မလှလှဝင်း ထိမှန်သေဆုံးတာဖြစ်တယ်လို့ ဖြစ်စဉ်ကို ပေ့ါလျော့အောင်ရေးသားထားပါတယ်။

ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲဟာ စစ်သားလူထွက်တယောက်ဖြစ်ပြီး အဖမ်းမခံရခင်အထိ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ခေတ်အဆက်ဆက် တာဝန်ကျ စစ်ဗျူဟာမှူးတွေနဲ့ ရင်းနှီးသူလည်းဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ အာဏာပိုင်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ငွေကြေးတတ်နိုင်သူတွေဟာ ပြစ်မှုကျူးလွန်ပေမယ့် ထောင်မကျဘဲ ပြန်လည်လွတ်မြောက်လာတဲ့ ဖြစ်စဉ်တွေ အရင်ကလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက တာချီလိတ်ထဲကို ခိုးသွင်းမယ့် ဆိုင်ကယ်အစီး ၄၀လောက်နဲ့အတူဖမ်းဆီးရမိတဲ့ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေလည်း မကြာမီပြန်လည်လွတ်မြောက်လာဖို့ရှိတယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

MK – 004

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့အနီး ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲလို့ နေအိမ် ၆ လုံးပျက်စီး

ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ ဖြူးမြို့ အနီးက
စစ်ရေးသတင်း ဒေသတွင်းသတင်း

ရေဇွာမြို့သိမ်းတိုက်ပွဲ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြားရ

ချင်းပြည်နယ်၊ ရေဇွာမြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ ၅ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

သိမ်းပိုက်ထားတဲ့ ပန်ဆိုင်းမြို့မှာ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ပြီလို့ MNDAA ကြေညာ

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ပန်ဆိုင်းမှာ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ပြီလို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီနေ့မှာ ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

မိတ္ထီလာ လေတပ်စခန်းက စစ်မတိုက်ဖူးတဲ့ လေတပ်သား ၅၀၀ ရှမ်းမြောက် ချီတက်ဖို့ ပြင်ဆင်

မန္တလေးတိုင်း၊ မိတ္ထီလာ လေတပ်စခန်းက စစ်မြေပြင်မှာ စစ်မတိုက်ဖူးတဲ့ လေတပ်သား ၅၀၀ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ချီတက်ဖို့ ပြင်ဆင်နေတယ်လို့ ခိုင်မာတဲ့ လေတပ် သတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

နှစ် ၃၀ တပ်စွဲထားတဲ့ ကုန်းကြမ်း ခလရ (၁၂၅) အလံဖြူထောင် လက်နက်ချတာ သမိုင်း၀င် အောင်မြင်မှုလို့ MNDAA ကြွေးကြော်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုန်းကြမ်း အခြေစိုက် ခလရ (၁၂၅) တပ်ရင်းမှ လက်နက်ချ အလင်းဝင်သူ စုစုပေါင်း ၂၇၀ ကျော်ရှိတယ်လို့ MNDAA က မနေ့က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင် တပ်ရင်း ၃ ခု ပူးပေါင်းပြီး “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ဒရုန်း ကမ်းပိန်း ပြုလုပ်

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တော်လှန်ရေး တပ်ရင်း ၃ ခု ပူးပေါင်းပြီး ဒရုန်း ဝယ်ယူနိုင်ဖို့ အတွက် “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

စစ်တပ်က လားရှိုးမြို့ထဲ ပေးမ၀င်လို့ လောက်ကိုင်ပြန် စစ်ဘေးရှောင် လူထောင်ချီ ဒုက္ခရောက်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောင်ကိုင်မြို့က ထွက်ပြေးတိမ်း‌ရှောင် လာတဲ့ စစ်ဘေးရှောင် လူတစ်ထောင်ကျော်ကို မနေ့ နိုဝင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်က လားရှိုးမြို့ထဲ ဝင်ခွင့် ပိတ်ပင်ထားလို့ ဒုက္ခ ရောက်နေကြတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ငြိမ်းချမ်းရေးသတင်း ဒေသတွင်းသတင်း

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP အပစ်ရပ်စဲကြောင်း ကြေညာ

ရှမ်းတိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ဒီနေ့ နိုဝင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now