ဒေသတွင်းသတင်း

တာချီလိတ်မြို့ မကာအိုခမ်း ရပ်ကွက်က နိုက်ကလပ် ဆူညံလွန်းလို့ ရပ်ကွက်ရုံး တိုင်ကြားပေမဲ့ အရေးမယူ

မဲခေါင် 19 May - 2023
မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်မှာရှိတဲ့ WW night club က တီးလုံးသံတွေ ဆူညံလွန်းလို့ ရပ်ကွက်နေ ပြည်သူတွေက ရပ်ကွက်ရုံး သွားတိုင်ပေမဲ့ အရေးမယူဘူးလို့ ဒေသခံ တစ်ဦးက ဒီကနေ့ မေလ ၁၉ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ မေ ၁၉

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်မှာရှိတဲ့ WW night club က တီးလုံးသံတွေ ဆူညံလွန်းလို့ ရပ်ကွက်နေ ပြည်သူတွေက ရပ်ကွက်ရုံး သွားတိုင်ပေမဲ့ အရေးမယူဘူးလို့ ဒေသခံ တစ်ဦးက ဒီကနေ့ မေလ ၁၉ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

WW night club ဟာ ညနေပိုင်း ကတည်းက စတင်ဖွင့်တာဖြစ်ပြီး အသံလုံအောင် မလုပ်ထားလို့ အလပ်အနီး နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ နေထိုင်ရ အဆင်မပြေဘူးလို့ သူကပြောပါတယ်။

“ကျနော်တို့ မကာအိုခမ်း မေဖလားဝါးကွင်းနားက WW night club ပါ။ နေ့ရော ညရော ဆူညံနေတာပဲဗျာ။ ပတ်ဝန်းကျင်လည်း ဂရုမစိုက်တော့ဘူး။ အခု ညနေခင်းကြီးတောင် တဒုန်းဒုန်းနဲ့ ဖွင့်နေတာ။ အသံလည်း လုံအောင်မလုပ်ဘဲ ဖွင့်တော့လည်း အကျယ်လောင်ဆုံး ဖွင့်တယ်။ ခေါင်းရင်းအိမ်က အိမ်မှာဆို အသက် ၈၀ အဘွားရှိတယ်။ ကျနော်တို့ အိမ်မှာဆို ကျနော့် အဒေါ် Covid ထိထားရာကနေ ခုမှ နလန်ထူခါစ။ ဒါကို ရပ်ကွက်ရုံးကို အိမ်နီးနားချင်းတွေစုပြီး သွားတိုင်တော့လည်း အရေးမယူပေးဘူး။ အထက်ကိုသာ စာတင်ပါဆိုပြီး ပြောတယ်” လို့ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။

အဆိုပါ နိုက်ကလပ်က အသံတွေကြောင့် အိမ်နီးနားက သက်ကြီးရွယ်အိုတွေ ရင်ဘတ်အောင့်တဲ့ အထိ ဖြစ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တာချီလိတ်က ဘားတွေ၊ နိုက်ကလပ်တွေဟာ အသံလုံအောင် သေချာ ပြုလုပ်ထားလေ့ မရှိတဲ့ အပြင် တချို့ဘားတွေ အပြင်မှာပါ ညလုံးပေါက် အော်ဟစ် သောင်းကျန်းနေလို့ သက်ဆိုင်ရာကို တိုင်ကြားပေမဲ့ အရေးယူတာ မရှိဘူးလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

MK-007

#MeKongNews

#တာချီလိတ်မြို့

#နိုက်ကလပ်

#WW-night-club

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး