ဒေသတွင်းသတင်း

တာချီလိတ်မြို့နယ် ရွေးကော်ဒုဦးစီးမှူးခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို ဖမ်းဆီး

မဲခေါင် 1 Mar - 2024
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၁

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း၊ စိုက်ပျိုးရေးလမ်းမှာရှိတဲ့ ခရိုင်ကော်မရှင်ရုံး အိမ်ရာဝန်းအတွင်း နေအိမ်မှာ နေထိုင်တဲ့ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ဒုတိယဦးစီးမှူး အေးကိုကိုဦးနဲ့ ၆ ဦးကို စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့က သူ့နေအိမ်မှာ ဖေဖော်ဝါရီ ၂၉ ရက် ၊ ည ၁၁ နာရီမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ သူတွေဟာ အေးကိုကိုဦး(၃၂နှစ်)၊ ရဲသီဟလွင်(၃၈)နှစ်၊ စိုင်းမောင်ထွန်း ခေါ် အိုက်ပီး(၂၀နှစ်)၊ ကျိုင်းစံဟိုင်း(၂၀နှစ်)နဲ့ စိုင်းလှမောင်(၂၇နှစ်)တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဓါးပြတိုက်ဖို့ ဆွေးနွေးနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး ၎င်းတို့နဲ့အတူ ပစ္စတို ၅လက်၊ ပွိုင့် ၂၂ ၁ လက် နဲ့ခဲယမ်းမျိုးစုံကို ဖမ်းမိခဲ့သလို နောက်ဆက်တွဲအဖြစ် ဆေခမ်းရပ်ကွက်က ဓါးပြအဖွဲ့ဝင် စိုင်းဆိုင်မိန်းကိုလည်း ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စကားပြောစက် ၁လုံး၊ နံပတ်တုတ် ၁ ချောင်း၊ ရဲဝတ်စုံ၊ ပြည်သူ့စစ်ဝတ်စုံ၊ ပြောက်ကျားဝတ်စုံ၊ လက်ထိပ်တွေအပြင် ဓါးပြတိုက်ရာမှာ အသုံးပြုတဲ့ ဓားရှည် ၁ လက်အပါအဝင် ကား ၂ စီးကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သူတို့ဟာ တာချီလိတ်မြို့ပေါ်မှာ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေ အယောင်ဆောင်ပြီး ဓါးပြတိုက်၊ မိုက်ကြေးခွဲတာတွေ လုပ်နေခဲ့တာဖြစ်ပြီး မကြာသေးခင်က ဓါးပြတိုက်ရာမှာ နေအိမ်ပိုင်ရှင်က သေနတ်နဲ့ပြန်ခုခံလို့ ဓါးပြ ၁ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ကြောင်းသိရသည်။

လက်ရှိ ဖမ်းမိထားတဲ့ ဓါးပြ ၇ ဦးထက်မက ရှိနိုင်သေးတာဖြစ်လို့ ဖမ်းမိသူတွေကို ဆက်လက်စစ်ကြောနေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အင်းလေးရေပေါ်သင်္ကြန် ပြည်သူ့စစ်က လုံခြုံရေး ယူပေးမယ်

အင်းလေးရေလည်ခန်းမမှာ ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန်ကို ပအိုဝ်းပြည်သူ့စစ် (PNA)က လုံခြုံရေး ယူပေးမယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ဝန်ကြီးချုပ်လာမှာမို့ ဟိုပုံးမြို့မဈေးကြီးကို ပိတ်ခိုင်း

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့က သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ လူမစည်မှာစိုးလို့ ဟိုပုံးမြို့မစျေးကြီးကို ဖွင့်ပွဲ နေ့မှာ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ လေပြင်းတိုက်လို့ စေတီတစ်ဆူထီးတော်ပြုတ်ကျ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေ

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှာ မနေ့ ညပိုင်းက မိုးရွာလေပြင်းတိုက်လို့ စေတီထီးတော်ပြုတ်ကျပြီး အိမ်အချို့ သွပ်မိုးများလန်ကာ၊ ဆက်သွယ်ရေး တိုင်တွေပြိုလဲလို့ လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now