ဒေသတွင်းသတင်း

တာချီလိတ်က မိတ္တူဆိုင်အလုပ်သမ ထိုင်းဘတ်ငွေ ၃၆ သိန်း လိမ်လည် ထွက်ပြေး

မဲခေါင် 28 Jun - 2024
ရှမ်းအရှေ့၊ တာချီလိတ်မြို့က မိတ္တူဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမ တစ်ဦးက ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၃၆ သိန်း(မြန်မာငွေကျပ် တန်းဘိုး သိန်း ၃၆ဝဝကျော်) ကို လိမ်ညာရယူထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇွန် ၂၈

ရှမ်းအရှေ့၊ တာချီလိတ်မြို့က မိတ္တူဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမ တစ်ဦးက ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၃၆ သိန်း(မြန်မာငွေကျပ် တန်းဘိုး သိန်း ၃၆ဝဝကျော်) ကို လိမ်ညာရယူထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၇ ရက်က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဒီပါကျော်တိုက်တန်းက Lucky မိတ္တူဆိုင်က အလုပ်သမဖြစ်သူ မနန်းထွေးထွေးဆိုသူက လိမ်လည်မှု ကျူးလွန်ခဲ့တာလို့ သိရပါတယ်။

မိုးကုတ်၊ ကသဲရပ်ကနေ တာချီလိတ်မှာ လာအလုပ်လုပ်သူဖြစ်တဲ့ ကျုးလွန်သူဟာ ဇွန်လ ၇ ရက်၊ နေ့လည် ၁၂ နာရီခွဲခန့်မှာ ဝမ်ကောင်း စျေးကို ပန်းသွားဝယ်မယ်ပြောပြီး ညနေ ၅နာရီထိုးတဲ့အထိပြန်မလာတော့လို့ စစ်ဆေးရာမှာ ငွေတွေ လိမ်သွားတာလို့သိရပါတယ်။

“ ဒီဆိုင်ဆို သူပိုင်တယ်ပဲထင်ကြတာ၊ သူ့ကိုပဲသိတယ် ဆိုင်ရှင်ကိုတောင် သိပ်မသိကြဘူး၊ တချို့ကလဲ ဆိုင်ရှင်ရဲ့ အမျိုးရင်းလို့ထင်ကြတာ၊ အခုကြမှ ဘာမှမတော်ဘဲ အလုပ်သမက လိမ်သွားမှန်းသိကြတာ၊ ဆိုင်ရှင်က ကျန်းမာရေးမကောင်းသလို သဘောလဲကောင်းတော့ လူယုံသတ်တယ်ပြောရမှာပေါ့၊ ခုထိတော့ မမိသေးဘူး” လို့ မိတ္တူဆိုင်မှာ အမြဲတမ်းလို စာရွက်စာတမ်းကိစ္စပြုလုပ်နေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လိမ်လည်ရယူသွားသော ငွေကြေးစာရင်းမှာ မိတ္တူကူးခနဲ့ စာရေးကိရိယာဘိုး ဘတ်ငွေ ၁၁၁၆၀၀၀၊ မိဘမဲ့ကျောင်းအတွက် စုထားတဲ့အလှူငွေ ၇၃၀၀ ဘတ်၊ ဆိုင်ရှင်ရဲ့အမည်ကို ခုတုံးလုပ်ပြီး စာချုပ်စာတမ်းနဲ့ ဘဏ်ကလိမ်လည်ထုတ်ငွေ ကျပ်သိန်းပေါင်း ၇၄၀ နဲ့ အခြားသူများထံက ဆိုင်ရှင်အမည်ခံ လိမ်လည်သွားငွေ ၁၄၉၅၀၀၀ ဘတ် ၊ စုစုပေါင်း တန်ဘိုး ဘတ် ၃၆ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ဆိုင်ရှင်ကျန်းမာရေးမကောင်းတာကို အခွင့်အရေးယူကာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ဆိုင်မှငွေတွေကို လိမ်လည်ယူဆောင်ထားသူမနန်းထွေးထွေးအား တွေ့ရှိပါက အကြောင်းကြားပေးသူကို ကျေးဇူးဆပ်မယ်လို့ ဆိုင်ရှင်က ပြောထားသလို ၄င်းက ထပ်မံ၍ လိုက်လံငွေချေး ငှားပါက ပိုင်ရှင်အနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ပြောထားကာ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now