ဒေသတွင်းသတင်း

တရုတ်မှာ ကိုဗစ်ကူးစက်မှု ပြင်းထန်နေစဉ် ၃ နှစ်နီးပါး ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တော့မယ်

မဲခေါင် 4 Jan - 2023
တရုတ်နိုင်ငံမှာ ကိုဗစ် ရောဂါ ကူးစက်မှု ပြင်းထန်နေစဉ်မှာ ကိုဗစ်ကြောင့် ၃ နှစ်နီးပါး ပိတ်ထားတဲ့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်မယ်လို့ တရုတ် အာဏာပိုင်တွေက ထုတ်ပြန် ကြေညာပါတယ်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန် ဖြစ်တဲ့ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ ပန်ဆိုင်းစတဲ့ နယ်စပ်ကုန်သွယ် ရေးဂိတ်တွေကို လူအဝင်အထွက် ပြန်ဖွင့်ပေးကာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ မူဆယ် နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

၈ ရက်နေ့မှာ ပြန်ဖွင့်မယ်။ လူအဝင်အထွက် ပေးမယ် ပြောတယ်။ သူတို့ ကြေညာချက်မှာ ကုန်နဲ့ပတ်သက်ပြီး ပြောသွားတာ မပါဘူး။ ဖွင့်တာကတော့ ကောင်းတယ်။ တရုတ်ဘက်မှာ ရောဂါက တအားဖြစ်နေတော့ သတိတော့ ထားရမယ်။ အခြားနိုင်ငံတွေဆို ကန့်သတ်ချက်တွေ ထုတ်ပြီး ကာကွယ်နေတာ ဆိုတော့ ဒီဘက်ကို ရောဂါတွေ ပျံ့နှံ့လာရင် မလွယ်ဘူး။ နောက်တစ်ခုက ကုန်စည်တွေနဲ့ ပတ်သက်ပြီး ဘာတွေ စီမံထားလဲ။ ဖွင့်ပြီးမှ ကောင်းမကောင်း ပြောလို့ရမယ်။ အခုထိ ရှင်းရှင်းလင်းလင်း ဘာမှ မသိသေးဘူး

လို့ မူဆယ်နယ်စပ် ကုန်သည် တစ်ဦးက ဆိုပါတယ်။

အခုလို နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေး ပေမယ့် ကုန်သွယ်မှု အတွက် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမှာဖြစ်ပြီး အရင်လို မြန်မာဘက်ခြမ်း ၁၀၅ မိုင်မှာ အရာင်းအဝယ် ပြုလုပ်ခွင့် ရမှသာ အကျိုးအမြတ်များနိုင်ပြီး လက်ရှိမှာ တရုတ်ဘက်က ဝယ်လက်နဲ့ တိုက်ရိုက် ရောင်းဝယ်ခွင့် မရှိဘဲ ပွဲစားနဲ့သာ ရောင်းဝယ်နေရတယ်လို့ သူကပြောပါတယ်။

ဒီကုန်သွယ်ရေး ဂိတ်တွေကို ၂၀၁၉ ခု နစ်ကုန်ပိုင်းမှ စတင်ပြီး ကိုဗစ် ရောဂါ ကူးစက်မှု အပြင်းအထန် ဖြစ်နေစဉ်က ပိတ်ထားခဲ့ရာက ကုန်သွယ်ရာမှာတော့ မြန်မာဘက် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ရောင်းဝယ်ခွင့် မပြုတော့ဘဲ တရုတ်ပြည်ဘက်မှာသာ အရောင်းအဝယ် ပြုလုပ်ဖို့ တရုတ်ဘက်က ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး