စီးပွားရေး

တရုတ်ဘက် ကုန်တင်ပို့မှု မိုင်းလားဘက်က ပို့ပေမယ့် ကုန်သည်တွေ အရှုံးပေါ်

မဲခေါင် 14 Nov - 2023
ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်ဘက် လယ်ယာထွက်ကုန်များ ကျိုင်းတုံ၊မိုင်းလားဘက်က တင်ပို့ခဲ့ပေမယ့် ဆုံးရှုံးမှုတွေဖြစ်ပြီး ကုန်သွယ်မှု ရပ်တန့်ထားလိုက်ပြီလို့ နယ်စပ်ကုန်သည်များထံကသိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၄

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်ဘက် လယ်ယာထွက်ကုန်များ ကျိုင်းတုံ၊မိုင်းလားဘက်က တင်ပို့ခဲ့ပေမယ့် ဆုံးရှုံးမှုတွေဖြစ်ပြီး ကုန်သွယ်မှု ရပ်တန့်ထားလိုက်ပြီလို့ နယ်စပ်ကုန်သည်များထံကသိရပါတယ်။

ပြီးခဲ့သည့်အောက်တိုဘာ (၂၇) ရက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံမှ ကုန်သွယ်ရေးပြတ်တောက်သွားကာ၊ အခြားနယ်စပ်လမ်ကြောင်းတွေကနေ တင်ပို့မှုပြုလုပ်နေပေမယ့် တွက်ခြေမကိုက်ဘူးလို့ ကုန်သည်များက ပြောပါတယ်။

“မန္တလေး ၊ ကျောက်ဆည် ၊ရွာငံဘက်ကနေတက်တာ၊ တောင်ကြီး၊ကျိုင်းတုံ၊ မိုင်းလားဘက်ကနေ ပို့တယ်၊ လယ်ယာထွက်ကုန်ဖြစ်တဲ့အတွက် ပုပ်သိုးလွယ်အသီးတွေဆိုတော့ ပယ်သီးကအရမ်းများတာ၊ လမ်းကပတ်သွားရတော့ အချိန်ကြာတော့ ပုပ်ကုန်တာ ဆုံးရှုံးမှုကကားတစ်စီးကို အခုက သိန်း၂၀၀ လောက်ကုန်တယ် တင်ပို့ဖို့က လုံးဝအဆင်မပြေတော့ဘူး” လို့ ဖရဲကုန်သည်တစ်ဦးကပြောပါတယ်။

ဒါအပြင် လမ်းခရီးကြာချိန်တွေကြောင့် ကုန်ကားတစ်စီးမှာ ၁၇ တန်နီးပါးကုန်စည်ပါရှိပေမယ့် အပယ်သီး ၁၂ တန် နီးပါးထွက်ရှိကာ ဆုံးရှုံးမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလို တရုတ်-မြန်မာ ကုန်သွယ်ရေးနှောင့်နှေးမှုတွေအတွက် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တစ်ဆင့် နယ်စပ်ကနေတင်ပို့ရန် ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရထားပြီးတဲ့ပစ္စည်းတွေကို အခြားမည်သည့်နယ်စပ်ကမဆို တင်ပို့ခွင့်ပြုပြီး ပင်လယ်ရေကြောင်းမှလည်း တင်ပို့ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

“မြဝတီ ကုန်သွယ်ရေးဇုံ တိုက်ပွဲဖြစ်တုန်းကလည်း ဒီလိုဘဲ နယ်စပ်အပေါက်ဘယ်ကမဆိုတင်သွင်းခွင့်ပေးတယ်ဆိုပြီး၊ တကယ်က စရိတ်စကထွက်ချက်ရတယ် ဘယ်လိုမှမကိုက်နိုင်ဘူး၊ ရက်ပိုင်းအတွင်းပို့ရမယ်ဟာ လချီစောင့်ဆိုင်းပို့လိုမှမရတာ၊ သယ်ယူပို့ဆောင်စရိတ်တွေက မကိုက်ဘူး ဒါကစိတ်ကူးယဉ်ဇတ်လမ်း သက်သက်ဘဲ ပို့ကုန် သွင်းကုန် လိုင်စင်သက်တမ်းဖြေလျော့ပေးတာမျိူးကမှ သက်ညှာရာကြပါတယ်” လို့ ပို့ကုန်လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

လိုင်စင်ကြပြီးသား ကုန်စည်တွေကို ရက်အနည်းငယ်နောက်ဆုတ်ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့အထိ စောင့်ဆိုင်းပေးခြင်း၊ ကုန်သွယ်ရေးကန့်သတ်ချက် မူဝါဒတွေဖြေလျော့ပေးမှသာ အဆင်ပြေနိုင်မယ်လို့လည်း ကုန်သည်များကဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်ဆောင်နေတဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှာ လက်ရှိအချိန်ထိ ကုန်သွယ်ရေး လုံးဝရပ်တန့်နေတာလည်း ဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ ၃ ရက်အထိ လယ်ယာထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၈၁ ဘီလီယံရရှိထားပြီး ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃၇၅ ဒသမ ၁၄၄ သန်းရရှိထားတယ်လို့
စစ်ကောင်စီ လက်အောက်ခံ စီး/ကူး ဝန်ကြီးဌာနက ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။

MK-006

#MeKongNews

#နယ်စပ်

#ကုန်သွယ်

#တရုတ်

#ဖရဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီးစာရေး ၁ ဦး ကရင်မှာ အလင်းဝင်

မြိတ်မြို့အခြေစိုက် အမှတ် (၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေး ၁ ဦးဟာ ကရင်ပြည်နယ်အတွင်းက ကျားသစ်နက်စစ်ကြောင်းထံကို ဒီဇင်ဘာ ၇ ရက်နေ့မှာ
ဒေသတွင်းသတင်း

ကနီမှာ ရဲ ၁ ဦး အလင်းဝင်၊ ဆေးရုံဝန်ထမ်း ၁ ဦး လူနာတင်ကားပါ ယူလာပြီး CDM လုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ် ၁ ဦးဟာ ကျည်ဆန်တွေ၊ လက်ထိပ်နဲ့ ဆိုင်ကယ် ၁ စီးယူလာပြီး အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ခမရ-၅၉၀ စခန်းသိမ်းပွဲ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မိသားစုဝင် မိခင်သေဆုံးပြီး လသားအရွယ်ကလေးငယ်ကို PDF ကယ်တင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီ ခမရ ၅၉၀ တပ်ကို KNLA နဲ့ PDF ပူးပေါင်းသိမ်းပိုက်မှုမှာ စစ်တပ်ကလေကြာင်းက ပစ်ခဲ့တာကြောင့် တပ်မိသားစုဝင် မိခင်တစ်ဦးသေဆုံးပြီး လသားအရွယ် ကလေးငယ်ကို PDF တွေက ကယ်တင်ခဲ့ရတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

စစ်ကောင်စီ ခိုမုန်းစခန်းသိမ်းပိုက်မှု ခဲယမ်းအများအပြား TNLA ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခိုမုန်းစခန်းကို တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းလေးဒေသမှာ စက်သုံးဆီပြတ်လပ်၊ သိုလှောင်ထားတဲ့ ဆိုင်တွေ ဓာတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ဈေးတင်ရောင်းချ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ကျေးရွာ အများစုမှာ စက်သုံးဆီ ပြတ်လပ်နေပြီး သိုလှောင်ထားတဲ့ ဆိုင်တွေက ဓာတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ဈေးတင် ရောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲလို့ ပြည်သူ ၆ သောင်းကျော် စစ်ရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲနေတာကြောင့် စစ်ဘေးရှောင်တဲ့ပြည်သူ သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

မန်တုံနဲ့မိုင်းလုံမြို့နယ်က စစ်ကောင်စီစခန်းတွေကို TNLA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခိုမုန်းစခန်းနဲ့ မိုင်းလုံမြို့နယ်ထဲက လယ်ကြီးစခန်း ၂ ခုကို TNLA က မနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးနဲ့ ဒုဗိုလ်မှူးကြီးတွေကို စစ်ခေါင်းဆောင်က သူရဘွဲ့ပေး

ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မွန်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး ၂ ယောက်နဲ့ ဒုဗိုလ်မှူးကြီး ၂ ယောက်တို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူရဘွဲ့တွေ ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now