စစ်ရေးသတင်း

တရုတ်နယ်စပ်က ကျင်စန်းကျော့ ကုန်သွယ်ရေးစခန်းကို MNDAA သိမ်းပိုက်

မဲခေါင် 27 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ တရုတ် - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရာ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ MNDAA ကသိမ်းပိုက်လိုက်ကြောင်း ကိုးကန့်သတင်းမီဒီယာရဲ့ သတင်းထုတ်ပြန်ချက်နဲ့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရာ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ MNDAA ကသိမ်းပိုက်လိုက်ကြောင်း ကိုးကန့်သတင်းမီဒီယာရဲ့ သတင်းထုတ်ပြန်ချက်နဲ့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

“ကျင်စန်းကျော့ဘက်မနက် အစောကတည်းက တိုက်ပွဲ ပြင်းထန်နေတာ။ လက်နက်ကြီး ပစ်ခတ်သံတွေ လည်းကြားနေတာ” လို့ နယ်စပ် ဒေသခံတစ်ဦးက ပြောပါတယ်။

မဟာမိတ် တပ်ပေါင်းစု အနေနဲ့ ယမန်နေ့ ၁၀ နာရီခန့်က ကျင်စန်းကျော့နယ်စပ်ဂိတ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မနေ့ညပိုင်းမှာ ကြေညာပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း နယ်စပ်ဂိတ်ရှိရာ မုံးကိုး၊ ပန်ဆိုင်း၊ မူဆယ် ကျင်စန်းကျော့နဲ့ ချင်းရွှေဟော်မြို့ တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၁၇၂ ခုကို သိမ်းနိုင်ခဲ့ကြောင်း ကိုးကန့်သတင်းမီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။

နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်တဲ့ မှတ်တမ်း ဗွီဒီယိုဖိုင်မှာလည်း ကိုးကန့် အလံတွေကို လွှင့်ထူနေတာကို တွေ့ရပါတယ်။

“ကျင်စန်းကျော့တော့ သိမ်းလိုက်ပြီ။ ဒေသခံတွေက နယ်စပ်နား စစ်ရှောင်နေရတယ်။ မနေ့ ညနေပိုင်းတော့ ဖုန်း အဆက်အသွယ် ပြတ်သွားပြီ” လို့ ‌‌မူဆယ် ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း MNDAA မဟာမိတ်တပ်ပေါင်းစုနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် သွင်းကုန်ကားတွေ ရပ်နားထားရာ ဆဲဗင်းဟွာကျင့် ကုန်ချိန်းကွင်းမှာ လက်နက်ကျရောက်‌ပေါက်ကွဲတာကြောင့် ကုန်အပြည့်နဲ့ ပြည်သူတွေရဲ့ သွင်းကုန်ကား အစီး ၁၂၀ ကျော်ခန့် မီးလောင် ပျက်စီးကာ သိန်းပေါင်း သိန်းချီ ဆုံးရှုံး ခဲ့တာ ဖြစ်ပါတယ်။

CJ-008

#MeKongNews

#စစ်ကောင်စီ

#ကျင်စန်းကျော့

#သိမ်းပိုက်

#ကိုးကန့်

#အလံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အင်းလေးရေပေါ်သင်္ကြန် ပြည်သူ့စစ်က လုံခြုံရေး ယူပေးမယ်

အင်းလေးရေလည်ခန်းမမှာ ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန်ကို ပအိုဝ်းပြည်သူ့စစ် (PNA)က လုံခြုံရေး ယူပေးမယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ဝန်ကြီးချုပ်လာမှာမို့ ဟိုပုံးမြို့မဈေးကြီးကို ပိတ်ခိုင်း

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့က သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ လူမစည်မှာစိုးလို့ ဟိုပုံးမြို့မစျေးကြီးကို ဖွင့်ပွဲ နေ့မှာ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ လေပြင်းတိုက်လို့ စေတီတစ်ဆူထီးတော်ပြုတ်ကျ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေ

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှာ မနေ့ ညပိုင်းက မိုးရွာလေပြင်းတိုက်လို့ စေတီထီးတော်ပြုတ်ကျပြီး အိမ်အချို့ သွပ်မိုးများလန်ကာ၊ ဆက်သွယ်ရေး တိုင်တွေပြိုလဲလို့ လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now